သာသနာပြုကလေးသူငယ်များနွေရာသီဘုရားစကားသင်တန်းဆင်း

သာသနာပြုကလေးသူငယ်များနွေရာသီဘုရားစကားသင်တန်းဆင်း

နွေရာသီ ဘုရားစကားသင်တန်းဆင်းပွဲပြုလုပ်ခြင်း

(2.4.2023) RVA Myanmar

ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာအတွင်းရှိ စိန်ပီတာစိန်​ပေါလ်သာသနာပြုကလေး

သူငယ်များ၏ နွေရာသီ ဘုရားစကားသင်တန်းဆင်းပွဲ ကို ဧပြီလ(2) ရက်နေ့ နံနက် 10:00နာရီက စိန်ပီတာစိန်ပေါလ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

"ရဟန်းမင်းကြီးရဲ့ သာသနာပြုကလေးသူငယ်များဆိုတဲ့ခေါင်းစဥ်ဆိုတဲ့အတိုင်း သူတို့ရဲ့စိတ်ထဲမှာလဲ ငါတို့လဲ သာသနာပြုခြင်းနဲ့သက်ဆိုင်တယ်ဆိုပြီး ခံစားရအောင်၊ သာသနာပြုလုပ်ငန်းတွေကိုလုပ်ဆောင်တတ်အောင်

ကလေး​တွေလည်းသာသနာပြုခြင်းနှင့်သက်ဆိုင်တယ်ဆိုတဲ စိတ်ဓာတ်ကိုလည်းရစေချင်တဲ့အတွက် ဒီတစ်လတာကို အချိန်းေပးပြီးသင်​ကြားပေးခဲ့တာပါ"ဟု စိန့်ပီတာစိန့်ပေါလ် သာသနာပြုကလေးသူငယ်များအသင်း ဥက္ကဌ မနော်ကလဲထူး က RVA ကိုပြောပြခဲ့သည်။

မနော်ကလဲထူးကိုယ်တိုင်လည်း ပန်းချီဘာသာရပ်ကို ဦးဆောင်သင်ကြားပေးခဲ့သည်။

ကိုယ်တော်မြတ်မယူသေးသည့်အတန်းမှ ကလေးတစ်ဦးဖြစ်သူ Florentina နောနီကဝီဖောမှလည်း

"နွေရာသီဘုရားစကားသင်တန်းတက်ရောက်လာတက်ရတာပျော်တယ်။ ယေဇူးအကြောင်းလဲသိရတယ်။သူငယ်ချင်းတေ​ွနဲ့လဲဆော့လို့ရတယ်။" ဟုဆိုကာ RVA ကိုပြောပြခဲ့သည်။ သူမသည် စ​ေကာကရင်စာပေ တွင်ဒုတိယဆုကိုဆွတ်ခူးခဲ့သူလည်းဖြစ်သည်။

အကြီးတန်းမှ Joana လမင်းအိမ်မှလည်း နွေရာသင်သင်တန်းကိုတက်ရောက်ရတာပျော်ရွှင်မိကြောင်း၊ ဘုရားအကြောင်းကိုလည်းပိုသိရပြီး သူငယ်ချင်းတွေနဲ့အတူတူ ဆော့လို့ရတဲ့အတွက်လည်းပျော်ရွှင်မိကြောင်း၊ကရင်စာပေ သင်ကြားရသည်ကိုနှစ်သက်ကြောင်း RVA ကိုပြောပါခဲ့သည်။

သူမက "စာကောကရင်စာပေကို သင်ရတာကြိုက်တယ်။ ဆုရမယ်လို်မထင်ထားပဲ ဒုတိယဆုရခဲ့တော့ပျော်တယ်။ '' ဟု ပြောပြခဲ့သည်။

ယခုကဲ့သို့ နွေရာသီဘုရားစကားသင်တန်းပြုလုပ်ပေးရခြင်းသည် ကလေးသူများ ဘုရားတရားဝိနည်းအကြောင်းပိုမိုသိရှိရန် ၊ ကရင် အများစုတက်ရောက်သည့်ဘုရားကျောင်းဖြစ်သည့်အတွက် ကရင်စာပေကိုလဲထည့်သွင်းသင်ကြားပေးခြင်းဖြစ်သည်။

ိဘုရားစကားတက်ရောက်နိုင်ရေးအတွက်

ကလေးများအား အိမ်တိုင်ရာရောက် ကားဖြင့်အကြိုအပို့ကိုလည်း စိန်ပီတာစိန်ပေါလ်ကျောင်းထိုင်ဘုန်းတော်ကြီး ဂျေရုမ်းဝင်းရွှေကြည်မှ ပ့ံပိုးကူညီပေးခဲ့သည်။ ကလေးသူငယ်များအတွက် သရေစာနှင့်နေ့လည်စာကိုလည်း အလှူရှင်များက လှူဒါန်းပေးခဲ့ကြသည်ဟုသိရသည်။

တစ်လတာ​နွေရာသီဘုရားစကားသင်တန်းသို့ သာသနာပြုကလေးသူငယ်ပေါင်း(60) နီးပါး ပါဝင်တက်​ရောက်ခဲ့​ကြသည်။

နွေရာသီဘုရားစကားသင်တန်းတွင် အသင်းတော်အယူဝါဒ၊အင်္ဂလိပ်စာ၊ကရင်စာပေ၊ပန်းချီ၊ မြူးစစ်နှင့် အထွေထွေဗဟုသုတ ဘာသာရပ်တို့ကို သင်ကြားပို့ချပေးခဲ့သည်။

ကိုယ်တော်မြတ်မယူသေးသည့်အတန်း၊ကိုယ်တော်မြတ်ယူမည့်အတန်း၊ကိုယ်တော်မြတ်ယူပြီးအတန်း၊ခရစ္စမားအားပေးခြင်းယူပြီးအတန်း စသဖြင့် အတန်း(4) တန်းခွဲ၍ သင်ကြားပေးခဲ့သည်။

ဘုရားစကားသင်တန်းကို မတ်လ(1) ရက်နေ့မှ မတ်လ(31) ရက်နေ့အထိ အပတ်စဥ်

တနင်္လါနေ့မှသောကြာနေ့ နံနက် (9:00- မှ နေ့လည်12:00) ထိ နှစ်​ကြိမ်၊ (12:45 နာရီမှ ညနေ 3:30)ထိနှစ်ချိန် တစ်ရက်ကို လေးချိန် သင်ကြားပေးခဲ့သည်။

Photo - RVA Sagaw Karen

News by -Pinky

ှ#rvamyanmar #rvapastoralacre

#localchurchnews

Add new comment

2 + 18 =