သာသနာကထုတ်ပြန်သောမျှော်လင့်ခြင်းသတင်းစကားကိုဖိလစ်ပိုင်အစိုးရကလက်တွေ့ဖော်ဆောင်

သာသနာကထုတ်ပြန်သောမျှော်လင့်ခြင်းသတင်းစကားကိုဖိလစ်ပိုင်အစိုးရကလက်တွေ့ဖော်ဆောင်

သာသနာကထုတ်ပြန်သောမျှော်လင့်ခြင်းသတင်းစကားကိုဖိလစ်ပိုင်အစိုးရကလက်တွေ့ဖော်ဆောင်

ရောဂါ၏တိုက်ခိုက်မူကိုအလူးအလဲခံနေရသောကျွန်ုပ်တို့၏နိုင်ငံသားများအား အလွန်အရေးကြီးသော ‘မျှော်လင့် ချက်’ သတင်းစကားဖြစ်သည့် ‘မိမိတို့ကိုယ်ကိုဖျက်ဆီးသောအခြေအနေမျိုးကိုမပြုလုပ်ကြရန်’ ကြိမ်တို့သကဲ့သို့တို့ပေးကြ ရန်ကျွန်ုပ်တို့၏၀ိညာဉ်ရေးခေါင်းဆောင်များကိုအလေးအနက်ထားပန်ကြားလိုကြောင်း ဂျက်ဆွီစ်အသင်း၏အတွင်းရေး မှူး Menardo Guevarra သတင်းသမားများအားပြောကြားခဲ့သည်။

၄င်းတို့အနေဖြင့်ကက်သလစ်သာသနာတော်ကြီးနှင့်အ ခြားသောညီအစ်ကိုခရစ်ယာန်များအားလည်း၄င်းတတ်နိုင်သလောက် ကပ်ရောဂါဆိုးကြောင့်စိတ်ကျရောဂါ၊ စိတ်ဖိစီးမူကို ခံစားနေရသောသူများအားနှစ်သိမ့်ဆွေးနွေးအကြံပေးသည့်အစီအစဉ်များကိုလုပ်ဆောင်ပေးရန်ပန်ကြားခဲ့ပြီးဖြစ်ကြောင်း၊ ကပ်ရောဂါဆိုးကြီးဆက်လက်ဖြစ်ပွားနေသောနောက်ဆက်တွဲဆိုးကျိုးကားမိမိကိုယ်မိမိအဆုံးစီရင်သည်အမူများလည်းတိုး လာနေကြောင်းကိုလည်းဆွေးနွေးဖြစ်ခဲ့ကြောင်း၊ စိန်ခေါ်မူအချိန်ကာလ နိုင်ငံအတွင်းမိမိကိုယ်မိမိအဆုံးစီရင်သည့်အမူနှင့်စိတ်ကျရောဂါခံစားလာရသူဦးရေတိုးလာခြင်းကိုကပ်ရောဂါဆိုး ကြောင့်ချွတ်ခြုံကျလာသောစီးပွားရေးကပ်ဆိုးကြီးကိုအပြစ်ပုံချကြသည်။ အိမ်အောင်းကာလသည်လည်းအထီးကျန်မူနှင့် စိတ်ဖိစီးမူများကိုဖြစ်ပွားစေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကလည်း ‘စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းသည်တစ်ဦးစီ မိမိတို့၏စိတ်ခံစားချက်များကိုတည်ငြိမ်စွာထိန်းထားနိုင်ခြင်းဖြစ်ပြီး၊ ထိုစိတ်ခံစားချက်အခြေအနေကိုမိမိတို့၏ပတ်၀န်းကျင် ရှိသူများနှင့်ပြန်လည်‌ေ၀မျှဖလှယ်ခြင်းဖြင့်ကောင်းကျိုးများရရှိနိုင်သည်’ ဟုဆိုထားပါသည်။

စိတ်ပိုင်းဆိုင်ရာဆရာ၀န်များ ၏တွေ့ရှိချက်အရကပ်ရောဂါဆိုးကြီးစတင်ဖြစ်ပွားချိန်မှစ၍နိုင်ငံအတွင်းစိတ်ပိုင်းဆိုင်ရာမတည်မငြိမ်ဖြစ်မူကိုခံစားရသူဦး ရေတိုးလာကြောင်း၊ အဘယ်ကြောင့်ဆိုသော်လူ့ဘ၀သည်ကိုဗစ် (၁၉) မဖြစ်မီအချိန်ကအတိုင်းပုံမှန်ပြန်လည်ရောက်ရှိနိုင်ပါ ဦးမည်လော၊ ဤကပ်ရောဂါဆိုးကြီးနှင့်အတူလူ့ဘ၀ကိုအဘယ်သို့ဖြတ်သန်းရှင်သန်မည်နည်းဟူသောစိတ်ပူစရာအချက် များသည်၄င်းတို့အားစိုးရိမ်စိတ်၊ မလှုံခြုံသောစိတ်များကိုပွားများလာစေကြောင်း၊ ကပ်ရောဂါဆိုးကြား၌စီးပွားရေး၊ ငွေ ကြေးများကိုအဘယ်သို့ရှာဖွေရှင်သန်ရပ်တည်မည်နည်း၊ ရုတ်ချည်းပြောင်းလဲလာသောနေ့စဉ်လူနေမူပုံစံကိုအဘယ်သို့ကြိုး စားရှင်သန်ရမည်၊ ရောဂါကူးစက်မည်ကိုစိုးရိမ်စိတ်၊ ရောဂါစွဲကပ်ခံစားရပြီးသေရမည့်ကြောက်စိတ်၊ မိသားစု၀င်များ၊ ဆွေ မျိုးသားချင်းများအားရောဂါကူးစက်မည်ကိုစိုးရိမ်စိတ်များ၊ ရောဂါကူးစက်ခံရလျှင်လည်းဆေး၀ါးကုသမူအချိန်မှီခံယူနိုင် ခြင်းရှိမရှိ စသောအတွေးပေါင်းသောင်းခြောက်ထောင်သည်ဖိလိပိုင်လူမျိုးတို့ဦးနှောက်စားနေကြသည်။

ကိုဗစ် (၁၉) ကြောင့်ဖြစ်ပေါ်နေသောအခြေအနေကိုမိတ်ဖက်အဖွဲ့များနှင့်ချိပ်ဆက်၍စိတ်ပိုင်းဆိုင်ရာနှင့်အာရုံပိုင်းဆိုင်ရာချဉ်းကပ်မူ နည်းသစ်များဖြင့် ကိုင်တွယ်ဖြေရှင်းရမည်ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတုန့်ပြန်ထားပါသည်။ ကိုဗစ်ကြောင့်ရိုက်ခတ်လာသောစိတ်ပိုင်းနှင့်အာရုံပိုင်းဆိုင်ရာနောက်ဆက်တွဲကိုစတင်လုပ်ဆောင်နေ၊ ဖိလိပိုင်နိုင်ငံ၏ Kaloohan သာသနာသည်ကိုဗစ်ကြောင့်စိတ်ခြောက်ခြားပြီး၊ အာရုံများမူမမှန်ဖြစ်နေကြသူများ၊ စိတ်ဓာတ် ကျနေသူများအားစောင့်ရှောက်ကုသမူကိုစတင်ပြုလုပ်နေပြီဖြစ်သည်။

ဖုန်းဖြင့်ဆက်သွယ်ပြီး၊ နှစ်သိမ့်ဆွေးနွေး အကြံပေးသည့်နည်းလမ်းကိုလုပ်ဆောင်နေပြီဖြစ်သည်။ ထိုနည်းလမ်းကို “Covid Hopeline”. ‘ကိုဗစ်မျှော်လင့်ချက်လိုင်း’ ဟု အမည်ပေးထားသည်။ ကိုဗစ် (၁၉) ကြောင့်အိမ်အောင်းကာလ၌ ဖိလိပိုင်နိုင်ငံအတွင်းစိတ်ပိုင်း၊ အာရုံပိုင်းဆိုင်ရာရောဂါခံ စားရသူဦးရေတိုးလာခဲ့ကြောင်း ဖိလိပိုင်နိုင်ငံ၏ကျန်းမာရေး၀န်ကြီးဌာနကထုတ်ပြန်ထားသည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: ANSA

https://bit.ly/2FUc4RU

 

Add new comment

4 + 3 =