သမ္မတ၊ မြို့တော်၀န်နှင့်မာဒရစ်ဂိုဏ်းချုပ်ဆရာတော်တို့မှ ပုပ်ဖရန်စစ်အားဖိတ်ကြား

သမ္မတ၊ မြို့တော်၀န်နှင့်မာဒရစ်ဂိုဏ်းချုပ်ဆရာတော်တို့မှ ပုပ်ဖရန်စစ်အားဖိတ်ကြား

မာဒရစ်မြို့၏ဥက္ကဌဖြစ်သူ Isabel Díaz-Ayuso ကရဟန်းမင်းကြီးထံသို့သွားရောက်ဖူးတွေ့ခဲ့ပြီး ပုပ်ရဟန်းမင်းကြီးအား စပိန်သို့လည်းကြွရောက်ပါရန်ဖိတ်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးအားဖူးခွင့်ရသည်မှာ လွန်စွာစိတ်လှုပ်ရှားခဲ့ရသည်ဟုလည်း စပိန်နိုင်ငံ၏မြို့တော် မာဒရစ်မြို့တော်၀န် José Luis Martínez-Almeida ကပြောကြားခဲ့သည်။

ရဟန်းမင်းကြီးထံသို့ မာဒရစ်မြို့၏ကိုယ်စားလှယ်များအဖြစ်သွားရောက်ဖူးတွေ့ခဲ့သူများမှာ သမ္မတ Ayuso၊ မြို့တော်၀န် Almeida၊ ကာဒီနယ် Carlos Osoro နှင့်မာဒရစ်၏အစိုးရကိုယ်စားလှယ်များပါ၀င်ကြသည်။ ယခုကဲ့သို့လာရောက်ခြင်းသည် မာဒရစ်မြို့အားမှိုင်းမသောရဟန္တာဖြစ်သော စိန့် Isidro Labrador အားရဟန္တာတင်မြောက်သည့် နှစ် (၄၀၀) ပြည့်နှစ်ပတ်လည်လည်းဖြစ်ခြင်းကြောင့်ဖြစ်သည်။

ရဟန်းမင်းကြီးက ကိုယ်စားလှယ်အဖွဲ့အား ပြည်သူတို့ကိုစောင့်ရှောက်ကြရန်၊ အထူးသဖြင့် အကူအညီအထူးလိုအပ်သူတို့ကိုကူညီစောင့်ရှောက်ရန်တိုက်တွန်းခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/40gBjlO

Add new comment

8 + 11 =