သမ္မတဂျိုးဘိုင်ဒန်မှ ကက်သလစ်သီလရှင်အားဆုချီးမြှင့်

သမ္မတဂျိုးဘိုင်ဒန်မှ ကက်သလစ်သီလရှင်အားဆုချီးမြှင့်

သမ္မတဂျိုးဘိုင်ဒန်မှ ကက်သလစ်သီလရှင်အားဆုချီးမြှင့်

"Nuns on the Bus' ကျော်ကြားမှု ဆုတံဆိပ်ကိုကက်သလစ်သီလရှင်ရရှိမည်။

အရပ်သားများအားချီးမြှင့်သည့် နိုင်ငံတော်​၏အမြင့်ဆုံးဂုဏ်ပြုဆုကို ကက်သလစ်သီလရှင်တပါးအား သမ္မတဂျိုးဘိုင်ဒန်မှ လာမည့်ရက်သတ္တပါတ်တွင် ပေးအပ်မည်ဖြစ်သည်။

Simone Campbell,S.S.S,သည် လွတ်လပ်ခွင့်ဆိုင်ရာသမ္မတ​၏ဆုတံဆိပ်ကို လက်ခံယူမည်ဖြစ်ကြောင်း အိမ်ဖြူတော်မှ သောကြာနေ့တွင် ကြေငြာခဲ့သည်။ Sister Cambell သည် လွန်ခဲ့သောနှစ်အနားမယူမီအချိန်ထိတိုင် ကက်သလစ်အသင်းတော်​၏ လူမှု တရားမျှတခြင်းသွန်သင်ချက် ဆိုင်ရာ ဆွဲဆောင်မှုအသင်းအဖွဲ့ကွန်ယက်​၏ အကြီးအကဲအဖြစ် တာဝန်ယူ လုပ် ဆောင်ခဲ့သည်။

Sister Campbell ကို စီးပွားရေးတရားမျှတမှု ၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြင်ဆင်ပြောင်းလည်းမှု နှင့် ကျန်းမာ ရေးစောင့်ရှောက်မှု ဆိုင်ရာဝါဒ တို့အတွက် ထင်ရှားသည့် စေ့စပ်ညှိနှိုင်းသူ တယောက်အနေနှင့် ရည်ညွှန်းဖော်ပြထားပြီး ၊ ဤဆုကို အမေရိကန်ပြည်ထောင်စု​၏ လုံခြုံရေး, လူ့တန်ဖိုးနှင့်တိုးတက်ဖွံ့ဖြို့မှု အပါဝင် ကမ္ဘာ့ငြိမ်းချမ်းရေး သို့မဟုတ် အခြားထင်ရှားသည့် လူမှုဆိုင်ရာ အများ(သို့) တဦးတည်း စွန်ဦးလုပ်ဆောင်ရာတွင် စံနမူနာ တင်ထိုက်သည့် ပေးဆပ်မှုများကို လုပ်ဆောင်ခဲ့သူ အမေရိကန်နိုင်ငံသားများ အားပေးအပ်သည့် ဆုဖြစ်ကြောင်း အိမ်ဖြူတော်​၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

လာမည့်ဇူလိုင်လ ၇ ရက်တွင် အိမ်ဖြူတော်၌ကျင်းပမည့် အခမ်းအနား၌ ဆုချီးမြှင့်ခံရမည့် လူပုဂ္ဂိုလ် ၁၇ ဦးအနက် Sister Campbell သည် တဦးအပါဝင်ဖြစ်သည်။

ဤပုဂ္ဂိုလ်များသည် အလုပ်ကြိုးစားမှု လုံ့လဝီရိယရှိမှု နှင့် ယုံကြည်မှု တို့ကြောင့် အမျိူးသားရေးစိတ်ဓါတ်ကို ဖော်ဆောင်နိုင်ခဲ့ကြပြီး ၊ ခွန်အားပါဝါသည် ဖြစ်နိုင်ချေများစွာကို လုပ်ဆောင်နိုင်ကြောင်း ပြသခဲ့ကြသူများလည်း ဖြစ်ကြောင်း ကြေငြာချက်တွင်ဖော်ပြထားသည်။ အထင်ကြီးအားကျစေလောက်သောအကောင်အထည်ဖော်မှု များစွာအား အခက်ခဲအတားအဆီး များစွာကို ကျော်လွှားလျက် အနုပညာ နှင့်သိပ္ပံကဏ္ဍတို့တွင် မိမိတို့ဘဝကို မြှုပ်နှံဆက်ကပ်ရင်း ထိခိုက်ခံစားလွယ်သူများအတွက် လုပ်ဆောင်နိုင်ခဲ့ကြရုံသာမက ၊ နောင်လာမည့်မျိူးဆက်များအတွက် တောက်လောင်သည့်စမ်းသပ်မှု များ ရှိနေစဉ်ကာလတွင် သူတို့​၏အ သိုင်းအဝိုင်း နှင့်ကမ္ဘာအနှံ့ အပြောင်းအလဲများဖြစ်ပေါ်စေရန်အတွက် မောင်းနှင်ရာတွင် သတ္တိနှင့်အတူ ဆောက်ရွက်နိုင်ခဲ့ကြကြောင်း ဖော်ပြထားသည်။

"မျှော်လင့်မထားသည့် ဤအသိ အမှတ် ပြုမှု ဖြင့် ကျွန်မကို နက်နက်နဲနဲ ဂုဏ်ပြုခံရခြင်းသည် ကျွန်မနိုင်ငံတွင်းရှိ သာမန်လူတန်းစားတို့​၏ ဘဝ အတွက် မူဝါဒများချမှတ်ရာတွင် ဘဝမြှင့်တင်ရေးဆိုင်ရာ အတွေ့အကြုံများမှာ လွန်စွာပင် အရေးကြီးသည့်လုပ်ငန်းများပင်

ဖြစ်​သည်ကို မီးမောင်းထိုးပြနေခြင်းပင်ဖြစ်ကြောင်း Sister Cambell က ထိုသတင်းကို တုန်ပြန်လျက် သူမ​၏ တွစ်တာ စာမျက်နှာတွင် ရေးသားထားသည်။

အမေရိကန် နိုင်ငံရေးစာမျက်နှာတွင် ရင်နှီးကျွမ်းဝင်မှုရှိသော Sister Campbell သည် ၂၀၁၂ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် အမျိူးသားဒီမိုကရက်တစ် ကွန်ဗင်းရှင်းတွင် ၂ ကြိမ်တိုင်တိုင် မိန့်ခွန်းပြောကြားခဲ့ဖူးသည်။ သူမသည် "Nuns on the Bus" ဟုခေါ်သော ခရီးစဉ်တခုကို စီစဉ်ခဲ့ပြီး ထို ခရီးစဉ်တွင် အခြားသီလရှင်များအား လူမှု လုံခြုရေးကွန်ယက်ကို တိုးချဲ့ရန် လိုအပ်နေကြောင်း သတိပြုမိစေရန် အမေရိကန်နိုင်ငံတဝှမ်းဖြစ်ပွားနေသည့် ရာပေါင်းများစွာသော အဖြစ်ပျက်များဆီသို့ ခေါ်ဆောင် သွားခဲ့သည်။ ၂၀၁၀ ခုနှစ်နှင့် မကြာမီး ပြဌာန်းခဲ့သည့် "Affordable Care Act' ( လက်လှမ်းမီတတ်နိုင်သည့်စောင့်ရှောက်မှု ဥပဒေ) ပေါ်ပေါက်ရန် ထောက်ခံခဲ့သည့် ကြင်နာ တတ်သူတဦး ဖြစ်သည်။၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း သမ္မတ ထရန့်ကိုကက်သလစ် များမှ မဲ မပေးရန် တိုက်တွန်းရာ၌ တက်ကြွစွာ ပါဝင်ခဲ့သည်။

ဆုချီးမြှင့်ခံရသော အခြားသူများမှာ Olympian Simone Biles; Covid ကာကွယ်ဆေး စမ်းသပ်ထိုးနှံခြင်းကို ပထမဦးဆုံး အစမ်းသပ်ခံယူသူ စောင့် ရှောက်ရေးသူနာပြု Sandra Lindsay; မနှစ်က ကွယ်လွန်သွားခဲ့သည့် အလုပ် သမားသမဂ္ဂခေါင်းဆောင် Richard Trumka; အမျိူးသား သရုပ်ဆောင် Denzel Washington; အမေရိကန်သာသနာ ရှေးရိုးခရစ်ယာန် ဂရိဩသိုဒေါ့စ် အတိုင်ပင်ခံဘုန်းတော်ကြီး Father Alexander Karloutsos ကွယ်လွန်သွားပြီဖြစ်သည့်

စီနိတ်အမတ် Senator John McCain တို့လည်း ပါဝင်ကြသည်။

အာဗီအေ ဘာသာပြန်- မာကုစ် ညီညီထွန်း

https://bit.ly/3ag2pom

Add new comment

6 + 5 =