သမ္မတဂျိုးဘိုင်ဒင်၏အစိုးရသည် ကက်သလစ်ဆေးရုံများရှိဘုရားကျောင်းဆောင်၌မီးထွန်းခွင့်ပြုလိုက်

သမ္မတဂျိုးဘိုင်ဒင်၏အစိုးရသည် ကက်သလစ်ဆေးရုံများရှိဘုရားကျောင်းဆောင်၌မီးထွန်းခွင့်ပြုလိုက်

ယခင်က အမေရိကန်ပြည်ထောင်စု Oklahoma ပြည်နယ်၌အစိုးရက ကက်သလစ်ဆေးရုံများရှိ ဘုရားကျောင်းဆောင်များ၌ ကိုယ်တော်မြတ်ထားရှိသောဗိမာန်တော်တွင်မီးများထွန်းညှိထားရှိခြင်းကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သည်။ မီးကိုမငြိမ်းဘဲဆက်လက်ထွန်းညှိထားရှိမည်ဆိုပါက ဆေးရုံပင်ပိတ်မည့်အနေအထားထိခြိမ်းခြောက်ခံနေခဲ့ရသည်။

ဘုရားသခင်သည် ကောင်းမြတ်တော်မူပါသည်။ မေလ (၅) ရက်နေ့ သောကြာနေ့၌ ဒေသ၏ကျန်းမာရေးဌာနမှတာ၀န်ရှိသူက ဆေးရုံရှိဘုရားကျောင်း‌ဆောင်ငယ်၌ မီးထွန်းညှိထားရှိနိုင်ကြောင်းအကြောင်းပြန်ကြားလာခဲ့သည်။ ဤအချက်သည် ဘာသာရေးလွတ်လပ်ခွင့်ကြေညာချက်ထဲ၌ပါရှိသည်။

ယခုကဲ့သို့ပြုလုပ်ခြင်းသည် အဆန်းထွင်ခြင်းလည်းမဟုတ်။ ကက်သလစ်သာသနာအနေဖြင့် ကိုယ်တော်မြတ်စံပ္ပါယ်ရာနေရာများ၌ မီးပူဇော်ထားသည့်အစဉ်အလာရှိသည်။

ဒုသမ္မတ Becket Lori Windham က မီးညှိထားသည့်အခြေအနေကိုလေ့လာဆန်းစစ်ပြီးဖြစ်၍ ဆေးရုံ၏ဘုရားကျောင်းဆောင်ငယ်၌ ဆက်လက်မီးထွန်းညှိထားရှိမည်ဆိုပါက ဆေးရုံပိတ်ရမည့်အခြေအနေ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ ၀င်ငွေနည်းသောလူနာများအားကုသစောင့် ရှောက်ခြင်းကိုပိတ်သိမ်းမည့်အခြေအနေမျိုးမရှိကြောင်း၊ ရှင်သန်ခြင်းကိုပြသသော ဘုရားကျောင်းမီးကိုဆက်လက်ထွန်းညှိပြီး ဘုရားသခင်နှင့်လူ့အဖွဲ့အစည်းကိုဆက် လက်၍အစေခံနိုင်ကြောင်းပြောကြားခဲ့သည်။

ဒေသကျန်းမာရေးဌာန၏တာ၀န်ရှိသူကဒုသမ္မတ၏ကြေညာချက်စာလက်ခံရရှိပြီးနောက် ကက်သလစ်ဆေးရုံ၏တာ၀န်ခံထံအကြောင်းကြားအသိပေးလာပါသည်။ ဒုသမ္မတသည် ဘာသာရေးလွတ်လပ်မှုနှင့်စပ်လျင်း၍လည်းဖယ်ဒရယ်ဥပဒေတစ်ရပ်ထုတ်ပြန်ရန်လည်းပြင်ဆင်နေသည်။

ဒေသကျန်းမာရေးဌာနခွဲက ကက်သလစ်ဆေးရုံ၏ဘုရားကျောင်းဆောင်ငယ်၌ မီးထွန်းညှိခြင်းကိုအကြောင်းပြု၍ မီးဘေးအန္တရာယ်ကိုကြိုတင်ကာကွယ်သည့်အနေဖြင့်မီးငြိမ်းရန်တောင်းဆိုခြင်းဖြစ်သည်။ မီးငြိမ်းသတ်ခြင်းမပြုပါက ဆေးရုံအနေဖြင့် ဆေး၀ါးများကုသပေးခြင်း၊ စောင့်ရှောက်ခြင်းလုပ်ငန်းများရပ်တန့်ပိတ်သိမ်းရမည်အခြေအနေမျိုးအထိဖိအားပေးခံခဲ့ရသည်။ Tulsa တောင်ပိုင်းရှိ စိန့်ဖရန်စစ်ဆေးရုံအနေဖြင့် ယခုကဲ့သို့မီးထွန်းညှိခြင်းကို လွန်ခဲ့သည့် (၁၅) နှစ်ကစတင်ခဲ့သော်လည်းမည်သည့်ပြဿမျှမရှိခဲ့ပေ။ ထို့အတူယခုပြည်နယ်အတွင်းအကြီးဆုံးသောဆေးရုံဖြစ်သည့် (၆၃) နှစ်ကြာပြီဖြစ်သော Yale ရှိစိန့်ဖရန်စစ်ဆေးရုံသည်လည်းမည်သည့်ပြဿနာမျှမရှိခဲ့ကြောင်းဖြင့် ဒုသမ္မတကသူ၏ကြေညာချက်ထဲ၌ဖော်ပြထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3plmOjc

Add new comment

5 + 3 =