သမုဒ္ဒရာ နှင့် ပင်လယ်တို့မှရရှိသော အရင်းအမြစ်များကို ရေရှည်ထိမ်းသိမ်း အသုံးပြုနိုင်ရန် ရဟန်းမင်းကြီးရုံးတော်မှ တိုက်တွန်း

သမုဒ္ဒရာ နှင့် ပင်လယ်တို့မှရရှိသော အရင်းအမြစ်များကို ရေရှည်ထိမ်းသိမ်း အသုံးပြုနိုင်ရန်

သမုဒ္ဒရာ နှင့် ပင်လယ်တို့မှရရှိသော အရင်းအမြစ်များကို ရေရှည်ထိမ်းသိမ်း အသုံးပြုနိုင်ရန် ရဟန်းမင်းကြီးရုံးတော်မှ တိုက်တွန်း
ဇူလိုင်လ ၂၇၊ ၂၀၁၉

ဇူလိုင်လ ၂၅ ရက်နေက ကင်းစတွန် ဂျမေကာ တွင် ပြုလုပ်သော နိုင်ငံတကာ သမုဒ္ဒရာ တာဝန်ရှိ အဖွဲ့အစည်း (International Seabed Authority, ISA) ၏ ၂၅ နှစ်ပြည့် အခမ်းအနားတွင် သမုဒ္ဒရာ နှင့် ပင်လယ်တို့မှရရှိသော အရင်းအမြစ်များကို ရေရှည်ထိမ်းသိမ်း အသုံးပြုနိုင်ရန် ဗာတီကန် နိုင်ငံ ကုလသမ္မဂ အမြဲတမ်းအတွင်းဝင် ဂိုဏ်ချုပ်ဆရာတော် ဘာနာဒီတို ဦးဇာ မှ ပြောကြားခဲ့ပါသည်။

နိုင်ငံတကာ သမုဒ္ဒရာ တာဝန်ရှိ အဖွဲ့အစည်း (International Seabed Authority, ISA) ၏ လုပ်ဆောင် မှူ့များအပေါ် ကျေးဇူးတင်ကြောင်းနှင့် သိပ္ပံ နည်းကျလေ့လာတွေရှိချက်များ အရ သမုဒ္ဒရာများ၏ အခြေအနေသည် အဆိုးဖက်သို့ကျဆင်းမှုများဆက်လက်ဖြစ်ပေါ်နေကြောင်းကို ထောက်ပြပြောဆိုခဲ့ပါသည်။

သမုဒ္ဒရာ များသည် ကျွနု​ပ်တို့အတွက်လက်ဆောင်အဖြစ်ရရှိထားသော အရာများဖြစ်သည့်အတွက် အသုံးပြု ခံစားရုံသက်သက်မဟုတ်ပဲ ထိမ်းသိမ်းစောင့်ရှောက်ရမည့်တာဝန်ရှိကြောင်း၊ သမုဒ္ဒရာများမှ ရရှိသော အကျိုးပြုအရင်းအမြစ်များကို အလွဲသုံးစားပြုခြင်း၊ ညစ်ညမ်းအောင်​ပြုခြင်း၊ မိမိရလိုမှုအကျိုးအမြတ်ကြည့်ပြီး အလွန်အကျွံလုပ်ဆောင်ခြင်းများမှ ရှောင်ရှားပြီး အရင်းအမြစ်များကို ရေရှည်ထိမ်းသိမ်း အသုံးပြုနိုင်ရန် သတိပေးခြင်း၊

ရရှိလာသည့် အကျိုးအမြတ်များကို မိမိတို့ကိုယ်ကျိုးအတွက် အသုံးပြုကြသလို၊ သမုဒ္ဒရာများကို သဘာဝ နှင့်ကိုက်ညီစွာထား ရှိနိုင်ဖို့ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်လည်း မျှတစွာပြန်လည်လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊

သမုဒ္ဒရာများမှ ရရှိသော အကျိုးအမြတ်သုံးစွဲကြခြင်းအားဖြင့် နိုင်ငံစီးပွားရေး၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ၊ အလုပ်အခွင့်အလမ်းများ တိုးတက်လာကြသည့်အလျှောက် ရေပိုင် နက် နယ်မြေပိုင်ဆိုင်မှုပြသနာများ ဖြစ်ပေါ်နေကြောင်း၊ ယင်းပြသနာများကို တာဝန်ရှိသူများမှသဟဇာတဖြစ်စွာ ဖြေရှင်းပေးပြီး သမုဒ္ဒရာအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး အဓိက သတိပေး လုပ်ဆောင်ကြဖို့ ဗာတီကန် နိုင်ငံ ကုလသမ္မဂ အမြဲတမ်းအတွင်းဝင် ဂိုဏ်ချုပ်ဆရာတော် ဘာနာဒီတို ဦးဇာ မှ ပြောကြားခဲ့ပါသည်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2ZgZmBJ

Add new comment

1 + 1 =