သမိုင်း၀င်သော ကက်သလစ်ဘုရားကျောင်းမီးလောင်ကျွမ်းမှု၌ လူငယ်တစ်ဦးစွပ်စွဲခံထားရ

သမိုင်း၀င်သော ကက်သလစ်ဘုရားကျောင်းမီးလောင်ကျွမ်းမှု၌ လူငယ်တစ်ဦးစွပ်စွဲခံထားရ

ဗာဂျီးနီးယားအနောက်ဖက်ရဲနှင့်ပြည်နယ်မီးသတ်တာ၀န်ရှိသူများက စိန့် Colman ကက်သလစ်ဘုရား ကျောင်း မီးသင့်သွားရသည့်အကြောင်းအရင်းနှင့်တရားခံဖမ်းမိရေးအတွက် စုံစမ်းထောက်လှမ်းနေကြသည်။ လက်ရှိ၌ လူငယ် (၃) ဦးဖြစ်သော Braxton Miller (၁၈) နှစ်၊ James Elmore (၁၉) နှစ်နှင့်အခြားလူငယ်တစ်ဦးတို့သည် တရား ခံများအဖြစ်စွပ်စွဲခံထားရသည်။ အဆိုပါမီးသင့်၍ပျက်စီးသွားသော ကက်သလစ်ဘုရားကျောင်းသည် (၁၈၇၈) နှစ်က တည်ဆောက်ခဲ့သောဘုရားကျောင်းဖြစ်ပြီး၊ သမိုင်း၀င်နေရာအဖြစ် (၁၈၉၄) ကတည်းကပင် အမျိုးသားမှတ်ပုံထားပြီး ဖြစ်သည်။

Wheeling Charleston ၏ သာသနာပိုင်ဆရာတော် Mark Brennan သည် ယခုကဲ့သို့ သမိုင်း၀င်ဘုရား ကျောင်းဆောင်မီးသင့်ပျက်စီးသွားခဲ့ရသောကြောင့် စိတ်ထဲ၌မချိတင်ကဲခံစားနေရသည်။ ဘာသာတူများ လည်း အလွန်၀မ်းနေ ကြသည်။ ယခုမီးလောင်ကျွမ်းမှုသည် မတော်တဆမီးမဟုတ်။ ရှို့မီးဖြစ်သည်ဟုဆိုသည်။
သမိုင်း၀င်သောဘုရားကျောင်းဆောင်အား ရည်ရွယ်ချက်ရှိစွာဖျက်စီးရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤဘုရားကျောင်းသည် ဒေသခံများအတွက် အလွန်အ ရေးပါသော အမှတ်တရများစွာရှိသည်။ ဤအခင်းသည် စနေနေ့ညပိုင်းကဖြစ်ပွားခဲ့ပြီး၊ တနဂ်နွေနေ့မနက် ဇွန်လ (၂၆) ရက်မှသာ အကြောင်းကြားလာသည်။ ဤအခင်းသည် ဘာသာတူများအဖို့ အလွန်ထိတ်လန့်ဖွယ်နှင့်နာကျင်ဖွယ်ဖြစ်နေရ ချိန် ဘုရားကျောင်းနှင့်စပ်လျင်းသောအမှတ်တရများကိုမူ ဘုရားကျောင်းဖျက်စီးလိုက်သော်လည်း ဖျက်စီးပစ်နိုင်မည်မ ဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့သည် ‘Irish Mountain’ (အိုင်ယာလန်တောင်) ဟုအမည်ပေးထားသော တောင်၌ ဘာသာတူများဘုရားကျောင်းကိုဆောက်လုပ်ခဲ့ခြင်း၊ ထိန်းသိမ်းခဲ့ခြင်း၊ ယုံကြည်ခြင်းကို၀န်ခံခဲ့သည့် အဖြစ်အ ပျက်များကိုမေ့ပျောက်ဖျက်ပစ်နိုင်မည်မဟုတ်ပေ။

ကက်သလစ်ဘုရားကျောင်းများတိုက်ခိုက်ခံရမှုမြင့်တက်လာနေ

ကက်သလစ်ဘုရားကျောင်းများအားတိုက်ခိုက်မှုသည် အထက်လွှတ်တော်မှ ကိုယ်၀န်ဖျက်ချခြင်းဥပဒေကိုပြန် လည်ပြင်ဆင်လိုက်သည့် ဇွန်လ (၂၄) နောက်ပိုင်းမှစ၍တိုးမြင့်လုပ်ဆောင်လာသည်ကိုသတိထားမိပါသည်။ ယခုသမိုင်း ၀င်ဘုရားကျောင်းအား မီးတင်ရှို့သောစွပ်စွဲခံလူငယ် (၃) ဦးသည် ကိုယ်၀န်ဖျက်ချခြင်းဥပဒေပြန်လည်ပြင်ဆင်ခြင်းနှင့် ဆက်စပ်မှုရှိသည်၊ မရှိသည်ကိုမူမသိရသေးပေ။ အမေရိကန်ပြည်ထောင်စု၏ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ၏ထုတ်ပြန်ကြေညာချက်အရ အမေရိကန်ပြည်ထောင်စုအတွင်း၌ ကက်သလစ်သာသနာနှင့်ဆိုင်သောဘုရားကျောင်း များ၊ ဖျက်ဆီးသည်လုပ်ဆောင်မှုများသည် ကိုယ်၀န်ဖျက်ချခြင်းဥပဒေမပြင်ဆင်မီကပင်လျှင် တိုးမြင့်လုပ်ဆောင်နေခဲ့ ကြောင်း၊ (မေ၊ ၂၀၂၀) ကစ၍ ဘုရားကျောင်းများ၊ ဆင်းတုတော်များဖျက်စီးခံရ၊ မီးရှို့ခံရသည့်အဖြစ်အပျက်အမှုပေါင်း (၁၅၄) မှုရှိနေပြီး၊ ပြည်နယ် (၃၇) ခုတွင်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3B4Hb7Y

Add new comment

2 + 0 =