သမိုင်းဝင် မေရီနော့လ်သီလ ရှင်တစ်ပါး သက်တော် ၁၀၂ နှစ်တွင် ကွယ်လွန်

သမိုင်းဝင် မေရီနော့လ်သီလ ရှင်တစ်ပါး သက်တော် ၁၀၂ နှစ်တွင် ကွယ်လွန်

အမေရိကန်ပြည်ထောင်စုတွင် လူမျိုးအသားအရောင်မခွဲခြားပဲ ကုသပေးသောဆေးရုံများကို စတင်တည်ထောင်ခဲ့သော ကက်သလစ်သီလရှင်ကြီးသည် ဖေဖော်ဝါရီ ၁၃ရက် က သူမအနားယူရာ နယူးယော့ရှိ သီလရှင်ကျောင်းတိုက်တွင် ကွယ်လွန်ခဲ့သည်။

စစ္စတာ မက်ဒီဟု အများက ခေါ်ဝေါကြသော Sr.Madeline Dorsey သည် Maryknoll ဂိုဏ်း၏သီလရှင်အဖြစ် နှစ်ပေါင်း ၈၅နှစ် ကြာဆက်ကပ်ခဲ့သည်။ သူမသည် မြောက်အမေရိက၊တောင်အမေရိက၊အလယ်ပိုင်းဒေသ

နှင့်တောင်အာရှတို့တွင် လှည့်လည်အမှုထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀ ရာစု၏သမိုင်းကို ဖြတ်ကျော်ခဲ့သ်ဖြစ်သည်။

"သွေးစွန်းသောတနင်္ဂနွေ"ဟုအမည်ရသည့် ချီတက်ဆန္ဒပြပွဲတွင်ပါဝင်ခဲ့ပြီး ၅၄ မိုင်ခရီးကို ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သည်။ ထို့အပြင် အယ်ဆာဗေဒိုးနိုင်ငံရှိ ပြည်တွင်းစစ်တွင် သာသနာ ပြုများသတ်ဖြတ်ခံရခြင်းကို မျက်မြင်တွေ့ကြုံဖူးသော သီလရှင်လည်းဖြစ်ပေသည်။

၁၉၁၈တွင် ဘရော့ကလင်း၊နယူးယောက်၌မွေးဖွားခဲ့ပြီး အသက် ၁၈နှစ် အရွယ်တွင် မေရီနော့လ်သီလရှင်ဂိုဏ်းသို့ဝင်ရောက်ခဲ့သည်။ထို့နောက် အမေရိကန်ကက်သလစ်တက္က သိုလ်မှ သူနာပြုသိပ္ပံဘွဲ့ကိုလည်းကောင်း၊စိန့်လွီစ်တက္က သိုလ်မှ ဆေးရုံစီမံခန့်ခွဲမှုလက် မှတ်နှင့် မာစတာဘွဲ့ကို ရရှိခဲ့သည်။ ထို့နောက် ပနားမားနိုင်ငံ၊ဘိုလီဗီးယားနိုင်ငံ၊သီရိလင်္ကါနှင့်အာလ်ဆာဗေဒိုးနိုင်ငံတို့၌ ဆေးရုံများဖွင့်လှစ်ကာ သာသနာပြုခဲ့သည်။

၁၉၆၂မတ်လတွင် လူမည်းများအားဖိနှိပ်မှုပပျောက်စေရန် ငြိမ်းချမ်းစွာဆန္ဒပြသော အရေးတော်ပုံ၌ စစ္စတာမက်ဒီနှင့်သီလရှင်များသည် ရှေ့ တန်းမှ ဦးဆောင်ခဲ့ကြသည်။ထိုအရေးတော်ပုံကို အကြမ်း ဖက်နှိမ်နှင်းခဲ့သဖြင့် သွေးစွန်းသောတနင်္ဂနွေဟု အမည်တွင်ခဲ့သည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: Maryknoll Sisters

https://bit.ly/3r281WH

Add new comment

5 + 7 =