သမိုင်းဝင် ဘာဆီးလိကား ဘုရားကျောင်း၌တည်ထားသော ပုပ်ဂျွန်ပေါလ် (၂) ၏ ဓာတ်တော်မွေတော် ပျောက်ဆုံး

သမိုင်းဝင် ဘာဆီးလိကား ဘုရားကျောင်း၌တည်ထားသော ပုပ်ဂျွန်ပေါလ် (၂) ၏ ဓာတ်တော်မွေတော် ပျောက်ဆုံး

သမိုင်းဝင် ဘာဆီးလိကား ဘုရားကျောင်း၌တည်ထားသော ပုပ်ဂျွန်ပေါလ် (၂) ၏ ဓာတ်တော်မွေတော် ပျောက်ဆုံး

 

၂၀၁၆ ခုနှစ် တွင် ပိုလန်မှ အာဂျင်တီးနားသို့ သယ်ဆောင်လာသည့် ပုပ်ရဟန်းမင်းကြီးဒုတိယ မြောက်ယောဟန်ပေါလူး၊ ကြီးမြတ်သောရဟန္တာစိန့်ဂျွန်ပေါလ် သို့မဟုတ် ချစ်စနိူးအခေါ် ပါးပါးဂျေပီ ၏ အသွေးတော်စွန်းထင် ပါရှိသည့် ဓာတ်တော်မွေတော် ကို သမိုင်းဝင် ဘာဆီးလိကား ဘုရားကျောင်းတော် ကြီးတွင် ထားရှိရာမှ ယခုအခါ အခိုးခံရသည်ဟုဆိုပါသည်။

အာဂျင်တီးနားကက်သလစ်သာသနာပြုဘုန်းတော်ကြီးဖြစ်ပြီး ကျောင်းအုပ်အကြီးအကဲဖြစ်တဲ့ Father Jorge Jacek Twarog က ပြီးခဲ့တဲ့ တနဂ်နွေနေ့မှာ Buenos Aires မှာရှိတဲ့ ကိုယ်တော်မြတ်စက္ကရမင်တူး ဘာဆီးလိကား ဘုရားကျောင်းတော်ကြီးမှာထားရှိတဲ့ ပါးပါးဂျေပီရဲ့ ဓာတ်တော်မွေတော်ဟာ အခိုးခံရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ အမှတ်တံဆိပ်တော်နဲ့ ရွှေရောင်ကြုတ်ကလေး မှာတည်ထားတဲ့ ဓာတ်တော်မွေတော်ဟာ ၂၀၁၆ ခုနှစ် ဩဂုတ် ၁၉ မှာ ၊ ပိုလန်နိုင်ငံ၊ ခရက်ကောင်း ဂိုဏ်းချုပ်ဆရာတော်ကြီး Cardinal Stanislaw Dziwisz ကိုယ်တိုင်က  Father Jorge Jacek Twarog ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ ယခုအခါမှာတော့ ဘာသာဝင်များနဲ့ ဘာဆီးလိကား ကျောင်းထိုင်ဘုန်းတော်ကြီး Father Rafael Cáceres Olave တို့ဟာ ဖြစ်နိုင်ခြေအရှိဆုံးနီးလမ်းတွေနဲ့ ဓာတ်တော်မွေတော်ကို ပြန်လည်တွေ့ရှိဘို့ရှာနေကြသလို အပူတပြင်းလည်း ဆုတောင်းနေကြတယ်လို့ LiCAS News က  ဆိုပါတယ်.

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3HQ4bIH

Add new comment

1 + 14 =