သဘာ၀ပတ်၀န်းကျင်ကိုစောင့်ရှောက်ထိန်းသိမ်းတတ်ရန် ထိုင်းနိုင်ငံကျောင်းများ၌သင်ကြားပေး

Participants for environmental session at Malasawan Pitthaya School staff (Photo by RVA News)

သဘာ၀ပတ်၀န်းကျင်ကိုစောင့်ရှောက်ထိန်းသိမ်းတတ်ရန် ထိုင်းနိုင်ငံကျောင်းများ၌သင်ကြားပေး

ထိုင်းနိုင်ငံရှိ Malasawan Pitthaya ကျောင်း၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေဆိုင်ရာစာချွန်တော်ဖြစ်သည့် ‘Laudato Si’ နှင့်သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးအစီအစဉ်ကိုမကြာမီကပြုလုပ်ခဲ့သည်။ ဤစာချွန်တော်သည် (၂၀၁၅) ခုနှစ်ကထုတ်‌ေ၀ခဲ့ သည်။ ဤစာစောင်ကြောင့် ထိုင်းနိုင်ငံရှိကက်သလစ်စာသင်ကျောင်းများ၌ သဘာ၀ ပတ်၀န်းကျင်ထိန်း သိမ်းရေးပညာပေးအစီအစဉ်များကို ဆရာ၊ ဆရာမများအားပညာပေးခြင်းဖြင့်စတင်ခဲ့သည်။ ကက်သ လစ်ဘာသာတူမန်နေဂျာများအနေဖြင့် စီးပွားရေးကိုသာစောင်းပေးပြီး သဘာပတ်၀န်းကျင်ထိန်းသိမ်း ရေးကိုလစ်လျူရူသည့်အတွေ့အခေါ်ကိုပြုပြင်ပြောင်းလဲရန်လိုကြောင်းသိလာကြသည်။ လွန်ခဲ့သော ဆယ်စုနှစ်များက ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်လာခဲ့သည်။ နိုင်ငံခြားခရီးသွား လုပ်ငန်းသည် အလွန်ရေးပါသောစီးပွားရေးအရင်းအမြစ်တစ်ခုဖြစ်ပြီး နိုင်ငံတော် ၏၀င်ငွေများရရှိသော အရင်းမြစ်တစ်ခုလည်းဖြစ်သည်။ အလုပ်များစွာကိုလည်းထွင်ပေးနိုင်သည်။ ရိုက်တာသတင်းဌာန၏တင်ပြချက်အရ ဇန္န၀ါရီလမှဩဂုတ်လအထိ နိုင်ငံခြားခရီးသွား (၃.၇၈) သန်းအထိ၀င်ရောက်လာခဲ့သည်ဟုသိရသည်။ ဤသို့သောခရီးသွားများစွာ၀င်ရောက်လာခြင်းသည် တစ်ဖက်မှကောင်းသည်ဆိုသော်လည်း တစ်ဖက်၌မူ ပတ်၀န်းကျင်ကိုလစ်လျူရူမှုများရှိလာသည်။ နိုင်ငံအ တွင်းမှစက်မှုဇုံများမှလည်း လေထုကိုညစ်ညမ်းစေမှုများ၊ သဘာ၀ပတ်၀န်းကျင်ကိုတွက်ဆခြင်းမပြုဘဲ အဆောက်အဦးများတည်ဆောက်ခြင်းစသည်တို့သည် အလွန်လှပသော၊ ထူးခြားသော နိုင်ငံ၏သဘာ၀ ပတ်၀န်းကျင်ကိုထိခိုက်ပျက်ပြားစေသည်။ ဤအချက်ကိုသတိထားမိလာသော ကက်သလစ်စာသင်ကျောင်းများ၌ နောင်မျိုးဆက်သစ်များ အား သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းစောင့် ရှောက်သင့်ကြောင်းကို ပညာပေးသောအစီစဉ်များ ထည့် သွင်းလုပ်ဆောင်လာသည်။ သဘာ၀ကိုလေးစားတတ်ရန်သင်ကြားပေးရမည်။ ထိုင်းနိုင်ငံ၏အလယ်ပိုင်း Nokhornrachasima ၌ဖွင့်လှစ်ထားသော Malasawan Pitthaya ကျောင်းသည် ကျောင်း၌တာ၀န်းဆောင်နေ သော ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများအား ရဟန်းမင်းကြီးဖရန်စစ်၏ ‘Laudato si’ စာချွန်တော်၏လမ်း ညွှန်ချက်အတိုင်း သင်တန်းပေးသည့်အစီအစဉ်ကိုထည့်သွင်းထားသည်။ အဆိုပါအစီအစဉ်သို့ တက်ရောက်သူ (၁၀၀) ခန့်ရှိခဲ့သည်။ အဆိုပါပို့ချက်၌ အဓိကအားဖြင့် ပတ်၀န်းကျင်၊ လေးစားမှု၊ ညစ်ညမ်းစေမှု၊ ပြန်လည်ပြောင်းလဲခြင်းနှင့်အသုံးပြုခြင်းအကြောင်းကိုဟောပြောပို့ချခဲ့သည်။ ဤအစီအစဉ်၏အဓိကရည်ရွယ်ချက်မှာ ကျောင်း၌တာ၀န်ထမ်းဆောင်နေသော၀န်ထမ်းများအ နေဖြင့် ပတ်၀န်းကျင်နှင့်ဆိုင်သောအကြောင်းအရာများကိုသတိထားရန်မှာအရေးကြီးသည့်အကြောင်း၊ လမ်းညွှန်မှုများပေး၍ အနာဂတ်မျိုးဆက်ကျောင်းသူကျောင်းသားများအား ဖန်ဆင်းခြင်းလုပ်ငန်းတော်ကိုလေစားတတ်ရန်ဖြစ်သည်။ အဆိုပါအစီအစဉ်သို့တက်ရောက်ခဲ့သူအချို့က ယခုကဲ့သို့တက်ရောက်ရ ခြင်းကြောင့် ရေရှည်ခံမည့်ဘ၀နေထိုင်မှုအကြောင်းကိုသိရှိခွင့်ရခဲ့ကြောင်း၊ လက်တွေ့ဖော်ဆောင်ရန် တောင်း ဆိုချက်မြင့်မားသော်လည်း မဖြစ်နိုင်စရာမရှိကြောင်း၊ အနည်းငယ်ပေးဆပ်မှုသည် ကြီးမား သော အကျိုးကိုပြန်လည်ရရှိစေကြောင်းရင်ဖွင့်ပြောဆိုလာကြသည်။ ထိုင်းနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုသည် စိန်ခေါ်ချက်နှင့်ကြုံလာရသည်မှာ လေထုညစ် ညမ်းမှုလည်းအကြောင်းအရင်းတစ်ခုဖြစ်ကြောင်း၊ သမာရိုးကျအတိုင်းအသက်ရှင်သောနေထိုင်မှုကျဆင်း ပျောက်ပျက်လာခြင်း၊ သဘာ၀မြေဆီများခန်းခြောက်လာခြင်း၊ ရေရှားပါးလာခြင်းသည် စွန့်ပစ်ပစ္စည်းများ ကြောင့်ဖြစ်သည်။ (၂၀၁၇-၂၀၂၁) ထိုင်းနိုင်ငံ၏ (၁၂) ကြိမ်မြောက်စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးမှုစီမံကိန်း၌ လက်ရှိတွင် နိုင်ငံတော်၏သဘာ၀အရင်းအမြစ်များနှင့်သဘာ၀ပတ်၀န်းကျင်၏အရည်အသွေးများ ပျက် စီးနေကြောင်း၊ ထိန်းသိမ်းမှု၊ လုပ်ဆောင်ရန်ပျက်ကွက်မှု၊ ရေရှည်ခံရန်လည်း အားနည်းလာကြောင်း၊ သ ဘာ၀အရင်းအမြစ်များကို ဖွံ့ဖြိုးမှုအတွက်ကိုသာ အလွန်အကျွံသုံးစွဲနေကြောင်း၊ ထို့ကြောင့်ပျက်စီးမှုများ နှင့်ကြုံနေရကြောင်း၊ သစ်တောများလည်းပြုန်းလာနေကြသည်။ မြေဆီများလည်းစိုက်ပျိုးရန်မဖြစ်တော့ ပေ။ ဇီ၀မျိုးစေ့များလည်းပျောက်ဆုံးလုနီးပါးခြိမ်းခြောက်ခံနေရသည်။ အနာဂတ်၌ ရေခန်းခြောက်မှုပြဿနာမြင်တွေ့နေရချိန်လက်ရှိအသုံးပြုနေသောရေအရင်းအမြစ်သည်လည်း လိုအပ်သောနေရာများအတွက်လည်းမလုံမလောက်ဖြစ်နေသည်။ ၄င်းအပြင် သဘာ၀ပတ်၀န်းကျင်၏ပြဿနာသည် ဖွံ့ဖြိုးတိုး တက်လာနေသော မြို့ပြလူနေမှုစနစ်၌နေ့စဉ်တိုးလျှက်ရှိသည်။ ဤပြဿနာပေါင်းစုံသည် လူ့ဘ၀ကို အရည်အသွေးပြည့်၀စွာရှင်သန်ရေးကိုစိန်ခေါ်ခြိမ်းခြောက်လျှက်ရှိသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3LMyouD

Add new comment

9 + 1 =