သန်းနှင့်ချီသော ကလေးသူငယ်များ စိတ်ပုတီးဆုတောင်းခြင်းသည် ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်

သန်းနှင့်ချီသော ကလေးသူငယ်များ စိတ်ပုတီးဆုတောင်းခြင်းသည် ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်

သန်းနှင့်ချီသော ကလေးသူငယ်များ စိတ်ပုတီးဆုတောင်းခြင်းသည် ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်

Aid to the Church in need (ACN) မှ သာသနာစီရင်စုများ၊ မူကြိုကျောင်းများ၊ စာသင်ကျောင်းများ၊ မိသားစုများအား အောက်တိုဘာလ ၁၈ မှ ၁၉ တွင် ကျင်းပမည်ဖြစ်သော "ကလေးငယ်တစ်သန်းခန့် စိတ်ပုတီးစိပ် ဆုတောင်းခြင်း" ဆိုသည့်အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်လိုက်ပါတယ်။

ဤကမ္ဘာတစ်ဝှမ်း ဆုတောင်းခြင်းအစီအစဉ်သည် စည်းလုံး ခြင်းနဲ့ ငြိမ်းချမ်းခြင်း အတွက်ရည်ရွယ်ကြောင်း ဘာကြောင့်လဲဆိုတော့ ကမ္ဘာတစ်ဝှမ်း ကျန်းမာရေးပြဿနာ နှင့် စိုးရိမ်စိတ်များ ရင်ဆိုင်နေရခြင်းကြောင့်ဖြစ်ကြောင်း

" ကမ္ဘာကြီးဟာ အရင်ကနဲ့ လုံးဝမတူတော့ပါဘူး လို့ ACN ၏ ဉက္ကဌ ဆရာတော်ကြီးဖြစ်သည့် Cardinal Mauro Piacenza ကလည်း ဆိုပါတယ်။

ကလေးများထံရေးသည့် စာထဲတွင် အခုလို ခက်ခဲသည့် အချိန်ကာလမှာအချင်းချင်းယိုင်းပင်းကာ အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းသည် အရေးကြီးကြောင်း နှင့် ဘုရားသခင်ဆီမှလာသော ကူညီမှုအားလုံးကို မေ့မထားသင့်ကြကြောင်းရေးသားပေးပို့ခဲ့တာပါ။

ဒီနှစ်မှာ အောက်တိုဘာ ၁၈ နဲ့ ၁၉ ဟာ တနင်္ဂနွေ တနင်္လာ နေ့မှာ ကျရောက်တာမို့ စာသင်ကျောင်း မူကြိုကျောင်း အားလုံးမှာ ကလေးများနဲ့ စိပ်ပုတီးစိပ် ဆုတောင်းကြဘို့ နဲ့ "ကလေးငယ်တစ်သန်းခန့် စိတ်ပုတီးစိပ် ဆုတောင်းခြင်း" ဆိုသည့်ကမ္ဘာတဝှမ်း လှုပ်ရှားမှု အစီအစဉ်မှာ ပါဝင်ကြရန် အတွက် ACN မှ ဖိတ်ခေါ်ထားသည်ဆိုခြင်းကို Aleteia သတင်းအရ သိရှိရပါတယ်။

ဘာသာပြန် - စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: ACN/Aleteia

https://bit.ly/3l66TOb

Add new comment

9 + 1 =