သန်းနှင့်ချီသောဘုရားဖူးများ ဂွာတာလုပေမယ်တော်ပွဲကိုမက်ဆီကိုစီးတီး၌ကျင်းပ

သန်းနှင့်ချီသောဘုရားဖူးများ ဂွာတာလုပေမယ်တော်ပွဲကိုမက်ဆီကိုစီးတီး၌ကျင်းပ

ဒီဇင်ဘာ (၁၂) ရက်နေ့၌ကျင်းပမည့် ဂွာတာလုပေမယ်တော်ပွဲသို့ ဘုရားဖူး (၁၃) သိန်းခန့်လာရောက်ဖူးမြှော်မည်ဟု မျှော်လင့်ထားကြောင်း ဒီဇင်ဘာ (၈) ရက်နေ့ကထုတ်ပြန်သော ကြေညာချက် ၌ဖော်ပြခဲ့သည်။

ဒီဇင်ဘာ (၁) ရက်နေ့၌ ဘုရားဖူး (၃၅၀၀၀၀) ဦးရှိခဲ့ကြောင်း၊ ပွဲနေ့ဖြစ်သော ဒီဇင်ဘာ (၁၂) ရက်နေ့အထိဆိုပါလျှင် (၁၃) သိန်းခန့်မျှော်လင့်ထားကြောင်း မြို့တော်၀န်၏ရုံးကြီးကြပ်ကွပ်ကဲ့သူ Aurea Melina López Martinez ကဖြေကြားခဲ့သည်။

မက်ဆီကိုဂိုဏ်းချုပ်သာသနာပိုင်ဆရာတော်၏သတင်းစကား၌ ကိုးဗစ် (၁၉) ကပ်ဆိုးအလွန်၌ ဘာစီးလီကာဘုရားကျောင်းကြီး၏အစီအစဉ်သည် ပုံမှန်မှန်လည်ပတ်နေပြီဖြစ်သည်။ မကြာမီကအသစ်ခန့်အပ် လိုက်သည့် ဘာစီးလီကာ၏တာ၀န်ခံဖြစ်သူ ဖာသာရ် Efraín Hernández Díaz ကလည်း ဒီဇင်ဘာ (၁) ရက်နေ့ကလာရောက်သော ဘုရားဖူးများအား လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ပြီး ဖိတ်ခေါ်ခဲ့သည်။ ဂိုဏ်းချုပ်ဆရာတော်သည် ဘုရားဖူးများအားလည်းကျေးဇူးတင်ကြောင်း၊ ဂွါတာလုပေမယ်တော်သည် ဘုရားဖူးများ၏ ဘ၀ခရီး၌အစဉ်အလင်းပေး၍ကာကွယ်ပေးပစေကြောင်းဆုတောင်းပေးထားသည်။

(၂၀၂၂) နှစ်က ကပ်ဆိုးကြီးမစတင်ခင် အချိန်၌ပင် ဘုရားဖူး (၁၂) သိန်းခွဲခန့်ရှိခဲ့သည်ဟုမက်ဆီကိုနိုင် ငံ၏အစိုးရပိုင်းတာ၀န်ရှိသူများကဖော်ထားသည်။ မက်ဆီကိုနိုင်ငံ၏အရေးပေါ်အခြေအနေအားကိုင်တွယ်ဖြေရှင်းသည့်အဖွဲ့က ဘုရားဖူးများဘေးကင်းလုံခြုံစွာ လာရောက်ဘုရားဖူးနိုင်ရန် လုံခြုံသောလမ်းညွှန်ချက်များကိုထုတ်ပြန်ထားသည်။ ဂွာတာလုပေမယ်တော်ဘုရားဖူးသည် ကမ္ဘာပေါ်၌အများဆုံးဘုရားလာရောက် သည့်နေရာတစ်ခုဖြစ်သည်။

အမိမယ်တော်သည် တောင်သူဦးကြီးဖြစ်သော စိန့် Juan Diego အား Tepeyac တောင်ပေါ်၌ရူပါ ရုံပြခဲ့သည်။ သူသည်ယခင်ကကက်သလစ်ဘာသာ၀င်မဟုတ်ပေ။ သူသည် ဂွာတာလုပေမယ်တော်အား (၁၅၃၁) တွင်ဖူးတွေ့ခဲ့သည်။ သူရူပါရုံဖူးခဲ့ရကြောင်းကို သက်ဆိုင်ရာဆရာတော်ကြီးအားအသိပေးခဲ့သည်။ ထိုနေရာ၌ ဘုရားကျောင်းတစ်ဆောင်ဆောက်လုပ်ရန်တောင်းခံကြောင်းပြန်လည်ပြောပြခဲ့သည်။ အစပိုင်း၌ အဘယ်သူမျှအရေးမလုပ်ကြပေ။ အမှန်တကယ်ဘုရားသခင်၏အလိုတော်နှင့်အညီဖြစ်လျှင်သဘာ၀ထက်လွန်ကဲသော တန်ခိုးလက္ခဏာများလိုအပ်သည်။ သို့မှသာမယ်တော်အမှန်တကယ်ဖြစ်ကြောင်းလက္ခံနိုင်မည်။ သို့နှင့်အမိမယ်တော်သည် ဆောင်းတွင်းကြီး၌နှင်းဆီပန်များကိုတောင်တန်းတစ်လျှောက်ပွင့်နေစေခဲ့သည်။ ထို့နောက် Juan Diego ၀တ်ဆင်ထားသောရိုးဒေသင်တိုင်းအပေါ်၌လည်း နှင်းဆီပန်းများဖြင့်ပြည့်သွားစေခဲ့သည်။ ထိုသက်သေကြောင့် Juan Diego ၏ရူပါရုံကိုဆရာတော်ကလက်ခံခဲ့ပြီး ဘုရားရှိခိုးကျေင်းတစ်ဆောင်ကို အမိမယ်တော်၏တောင်းဆိုချက်အတိုင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုအကျိုးဆက်ကြောင့် Aztec လူမျိုးသန်းနှင့်ချီဘာသာထဲသို့ရောက်ရှိလာသည့်ကောင်းချီးကိုခံခဲ့ရသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/39xFL
 

Add new comment

4 + 4 =