သန့်ရှင်းသောနယ်မြေ Holy Land သို့ နှစ်စဉ် ပံ့ပိုးငွေထဲ့၀င်ကြရန် ကာဒီနယ်ကြီး Cardinal Sandri မှ ဖိတ်ခေါ်

သန့်ရှင်းသောနယ်မြေ Holy Land သို့ နှစ်စဉ် ပံ့ပိုးငွေထဲ့၀င်ကြရန် ကာဒီနယ်ကြီး Cardinal Sandri မှ ဖိတ်ခေါ်

သန့်ရှင်းသောနယ်မြေ Holy Land သို့ နှစ်စဉ် ပံ့ပိုးငွေထဲ့၀င်ကြရန် ကာဒီနယ်ကြီး Cardinal Sandri မှ ဖိတ်ခေါ်

နှစ်စဉ်နှစ်တိုင်း ကမ္ဘာတဝှမ်းမှ ကက်သလစ်ဘာသာ၀င်များ၏ သန့်ရှင်းသော သောကြာနေ့ကြီး Good Friday နေ့တွင် ကောက်ခံရရှိသော အလျှူငွေ များကို စုပေါင်းကာ Holy Land သို့ ပို့ဆောင်ကြရသည့် Pro terra Sancta အစီအစဉ်အတွက် ဆက်လက်ပံ့ပိုးခြင်းပြုကြရန်  အရှေ့ပိုင်းအသင်းတော်များဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော် အကြီးကဲ ဖြစ်သူ ကာဒီနယ်ကြီး Sandri က ကက်သလစ် ဘာသာ၀င်များအားလုံးကို အသိပေးတောင်းဆိုလိုက်ပါတယ်။

 ကမ္ဘာကြီးရဲ့ မကောင်းမှုတွေနဲ့ အနာတရဖြစ်မှုတွေကို ပြန်လည်သုံးသပ်ပြီး သခင်ခရစ်တော်ရဲ့ ကားတိုင်ခြေရင်းမှာထားကြစို့ ဆိုတဲ့ ယခင် ၂၀၁၉ ခုနှစ် သောကြာနေ့ကြီးက  ပုပ်ဖရန်စစ်၏ မြွက်ကြားချက်ကို ပြန်လည်ထောက်ရှုကာဖြင့် ၄င်း၏နှိုးဆော်စာထဲတွင် ကာဒီနယ် Sandri က ဖော်ပြထားပါတယ်။

 Holy Land သန့်ရှင်းသောနယ်မြေဟာ သခင်ခရစ်တော် ၏ ခန္တာတော် လူသားအဖြစ်တော်နှင့် နေထိုင်ခဲ့ပြီး ဒုက္ခခံထမ်းခဲ့သည့်နေရာဖြစ်​ကာ ဒီမြေပေါ်မှာပင်ဂျက်ဆမာနီဉယျာဉ်မှာ ၄င်း၏ခန္တာတော်မှ သွေးချွေးစီးကျခဲ့ကြောင်း

ဒီသန့်ရှင်းသောနယ်မြေမှာနေထိုင်ကြသူများ အထူးသဖြင့်ခရစ်ယာန်များဟာ ကမ္ဘာတဝှမ်းလုံးရှိအသင်းတော်ရဲ့ နှလုံးသည်းပွတ်မှာအမြဲ ကိန်းအောင်းနေကြောင်းဆိုကာ ကာဒီနယ် Sandri မှ

ဘာသာ၀င်မျာပေးပို့သောအလျှူငွေအားဖြင့် သန့်ရှင်းသောနယ်မြေရှိ ဗိမာန်တော်များဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း နှင့် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

 

အာဗီအေမြန်မာဗာတီကန်သတင်း

#RVAMyanmarVaticanNews

By Sr.Lucia Thandar Aung,SJA

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

 

https://www.vaticannews.va/en/vatican-city/news/2020-03/cardinal-sandri-writes-letter-to-faithful-holy-land-collection.html

Add new comment

10 + 0 =