သန့်ရှင်းရာ​မြေတွင် ခရစ်ယာန်လူငယ်များဆက်လက်တည်ရှိ​စေရန် ပညာသင်ဆုများ​ထောက်ပံ့

သန့်ရှင်းရာ​မြေတွင် ခရစ်ယာန်လူငယ်များဆက်လက်တည်ရှိ​စေရန် ပညာသင်ဆုများ​ထောက်ပံ့

သန့်ရှင်းရာ​မြေတွင် ခရစ်ယာန်လူငယ်များဆက်လက်တည်ရှိ​စေရန် ပညာသင်ဆုများ​ထောက်ပံ့

သခင်​ယေဇူး​ခေတ်ကပင် သန့်ရှင်းရာ​မြေတွင် ခရစ်ယာန်များ​နေထိုင်ခဲ့ကြ​သော်လည်း ယခုအခါတွင် ​ရေကြည်ရာမြက်နုရာသို့ ​ရွေ့​ပြောင်းအ​ခြေချမှုမှာ တစ်နှစ်ထက်တစ်နှစ်တိုးလာပြီး ထို​ဒေသတွင် ခရစ်ယာန်များ​ပျောက်ကွယ်သွားမည်ကိုပင် စိုးရိမ်​နေရသည်ဟုဆိုသည်။

သန့်ရှင်းရာ​မြေအ​ခြေစိုက် ဖရန်စစ္စကန်ထိန်းသိမ်း​စောင့်​ရှောက်​ရေးအဖွဲ့သည် ထို​ဒေသတွင် ခရစ်ယာန်များဆက်လက်တည်ရှိနိုင်ရန် စ​ကောလားရှစ်များ​ပေးကာ ​ကျောင်းသားများကို ဆွဲ​ဆောင်ထားသည်။စ​ကောလားရှစ် ၅၀၀ခန့်ကို​ပေးပြီး အဆင့်မီပညာ​ရေးနှင့်အလုပ်အကိုင် ရရှိ​ရေးတို့ကိုလည်း အာမခံ​ကြောင်း ဖရန်စစ္စကန်ကိုရင် Br.Ramzi Sidawiက ​ပြောသည်။ ၉၅ရာခိုင်နှုန်း​သော စ​ကောလားရှစ်ရသူများသည် ​ဆေးပညာ၊စီးပွား​ရေးနှင့် စာရင်းအင်းဘာသာရပ်များကို​လေ့လာ​နေကြသည်။

သူတို့သည် ဖရန်စစ္စကန်အဖွဲ့အစည်းကို ​ကျေးဇူးတင်ကြပြီး ကျွန်ုပ်တို့လည်း ပီတိဖြစ်ရ​ကြောင်း ထိုအဖွဲ့မှ ​ပြောကြားသည်။ နှစ်စဥ်​သောကြာ​နေ့ကြီးတွင် ​ကောက်ခံ​သော သန့်ရှင်းရာ​မြေအတွက် အလှူ​ငွေမှာ ကိုဗစ်​ကြောင့် ​ကောက်ခံနိုင်ခြင်းမရှိခဲ့​ပေ။စက်တင်ဘာ၁၃ရက်တွင် ထိုအလှူ​ငွေကို အစားထိုး​ပြန်လည်ကောက်ခံသွားမည်ဖြစ်ကာ ထို​ငွေများကို သန့်ရှင်းရာ​မြေရှိ ခရစ်ယာန်မိသားစုဝင်များ၏လိုအပ်ချက်များနှင့် သားသမီးများ၏ပညာ​ရေးတွင် အသုံးပြုသွားမည်ဟုသိရသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of shutterstock

https://bit.ly/2Dg0gZk

 

Add new comment

2 + 1 =