သန့်ရှင်းရာမြေအတွက် အလှူငွေ ဒေါ်လာ၃.၅သန်းခန့် ကောက်ခံရရှိ

သန့်ရှင်းရာမြေအတွက် အလှူငွေ ဒေါ်လာ၃.၅သန်းခန့် ကောက်ခံရရှိ

သန့်ရှင်းရာမြေအတွက် အလှူငွေ ဒေါ်လာ၃.၅သန်းခန့် ကောက်ခံရရှိ

သခင်ယေဇူးရှင်သန်ကြီးပြင်းရာ သန့်ရှင်းရာမြေအတွက် စက်တင်ဘာ ၁၃ ရက်နေ့က ကက်သလစ်ဘာသာဝင်များ ၏အလှူငွေများမှာ ဒေါ်လာ ၃.၅ သန်းရရှိသည်ဟု သိရသည်။

ကိုဗစ်ကာလအတွင်း ရင်ဆိုင်နေရသော စီးပွားရေးပြဿနာများကို ဖြေရှင်းရန်နှင့် ဒေသခံခရစ်ယာန်များအတွက် ရည် ရွယ်လှူဒါန်းထားသော ယူရိုသုံးသန်းကျော်တန်ဖိုးရှိအလှူငွေများကို ဂျေရုဆလင်ရှိ the Latin Patriacchateမှ ဝေမျှသွားမည်ဖြစ်သည်။ထိုကျောင်း တော်မှ Bishop Pierbattisa Pizzaballaက ဿ်သလစ်ဘာသာဝင် အလှူ ရှင်တို့အား ကျေးဇူးအထူးတင်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဆရာတော်ကြီးက "နိုင်ငံအား လုံးသည် ကပ်ရောဂါကို ရင် ဆိုင်နေရသော်လည်း ဘုရား ဖူးခရီးသွားများကို အမှီပြု၍ စားသောက်နေထိုင်ရသော ဤဒေသခံမိသားစုထောင်ပေါင်းများစွာသည် ဒုက္ခရောက်နေပါကြောင်း၊မိမိတို့ အသက်ရှူ ချောင်စေရန် ကူညီပေးကြ
သည့်အတွက် လွန်စွာပီတိဖြစ်ရပါကြောင်းပြောကြားခဲ့သည်။

ကောက်ခံရရှိသော အလှူများနှင့် ပုပ်ရဟန်းမင်းကြီးဖရန် စစ် ၏ အလှူငွေ သုံးသန်းတို့ကိုလည်း တစ်ပါတည်း ပေး အပ်မည်ဖြစ်ပြီး ပြည်သူတို့အမြန်ဆုံးရရှိရန် ပို့ဆောင်သွားမည်ဟုဆိုသည်။ထိုငွေများကို ဒေသခံများ၏အစားအစာ၊ဆေးကုသစရိတ်၊လူသုံးပစ္စည်းများအပြင် ကျောင်းစရိတ်မရှိသော ကျောင်းသားပေါင်းများစွာကိုလည်း ပေးအပ်သွားမည်ဟုသိရသည်။

ဘာသာပြန် - Agnes Lawh Lun

Photo courtesy of: Laura Siegal/Unsplash | CC0

https://bit.ly/33WXKk1

Add new comment

4 + 0 =