သန္ဓေ (ကိုယ်၀န်) ဖျက်ချခြင်းကို လူသတ်မှုဟုရုရှားသြသိုဒေါစ်ကြေညာ

သန္ဓေ (ကိုယ်၀န်) ဖျက်ချခြင်းကို လူသတ်မှုဟုရုရှားသြသိုဒေါစ်ကြေညာ

ရုရှားဩသိုဒေါစ်သည် ဘာသာရေးခေါင်းဆောင် Patriarch Kirill ၏ဦးဆောင်မှုကိုခံယူလျှက်ရှိသည်။ အဆိုပါခေါင်းဆောင်က သန္ဓေ (ကိုယ်၀န်) ဖျက်ချခြင်းနှင့်စပ်ဆိုင်သည့်လုပ်ဆောင်မှုအားလုံးသည် လူသတ်မှုဖြစ်သည်ဟုကြေညာခဲ့သည်။

ဤကြေညာချက်သည် သမ္မတအိမ်တော်မှကြေညာချက်နှင့်ဆန့် ကျင်နေသည်။ ဘာသာရေးကိုဦးစီးလမ်းညွှန်သောအဖွဲ့ကမည်သည့်နည်းလမ်းဖြင့်သန္ဓေဖျက်ချခြင်းကိုမဆို ဆန့်ကျင် သည်။ ထို့ကြောင့် ရှရုားသမ္မတပူတင်၏အမျိုးသမီးများကိုယ်၀န်ဖျက်ချနိုင်သည့်အခွင့် အရေးကိုအောင့်သက်သက်ဖြစ်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးခေါင်းဆောင်တို့၏ကြေညာချက် သည် မည်သည့်အသွင်ဖြင့်မဆိုကိုယ်၀န်ဖျက်ချလျှင် လူသတ်မှုမြောက်သည်ဟုကြေညာသောကြောင့်ဖြစ် သည်။

အမျိုးသမီးတို့၏အခွင့်အရေးကိုကာကွယ်ခြင်းသည်အဘယ်မျှအရေးပါကြောင်းကိုဖော်ပြရန် ပူတင်က ရှရုား၌ကိုယ်၀န် (၁၂) ပတ်မှသည်အချို့အခြေအနေ၌ (၂၂) ပတ်အထိဖျက်ချခွင့်ပြုထားသည်။ အတိုင်းအ တာတစ်ခုအထိ ပူတင်၏ခွင့်ပြုချက်ရထားသော်လည်း ရုရှားဩသိုဒေါစ်အနေဖြင့်ကိုယ်၀န်ဆောင်မိခင်များအားမွေးဖွားရန်အခက်အခဲရှိနေသူများကိုကူညီပေးလျှက်ရှိသည်။ ကိုယ်၀န်ဖျက်ချခဲ့ကြသောအမျိုးသမီးများအားလည်း ဆုတောင်းခြင်း၊ အပြစ်ဒဏ်ဆပ်ဖြေခြင်းဖြင့်ဘုရားသခင်ထံမှခွင့်လွတ်ခြင်းကိုတောင်းခံရန်တိုက်တွန်းထားသည်။

ရုရှားသမ္မတ ပူတင်သည် သမ္မတအဖြစ်ပြန်လည်အရွေးခံရန်တရား၀င်ကြေညာထားပြီး ယခုတစ်ကြိမ်အရွေးခံခြင်းသည် သူ၏ (၅) ကြိမ်မြောက်သမ္မတဖြစ်ရေးရွေးကောက်ခံခြင်းဖြစ်သည်။ ယခုတစ်ကြိမ်အ အရွေးခံခြင်းဖြင့် သူ၏ရာထူးကို (၂၀၂၆) အထိသက်တမ်းတိုးသွားမည်ဖြစ်သည်။ ဤရွေးကောက်ပွဲကြေညာ ချက်ကြောင့် ရုရှားဩသိုဒေါစ်အနေဖြင့်နှစ်အတန်ကြာနိုင်ငံရေး၏ချယ်လှယ်မှုကိုလက်သင့်ခံနေခဲ့သော် လည်း ယခုတစ်ကြိမ်၌မူ၄င်းတို့၏ရပ်တည်ချက်ကိုပြတ်သားစွာထုတ်ဖော်လာခြင်းဖြစ်သည်။

နိုင်ငံတကာအနေဖြင့် ပူတင်၏သမ္မတဖြစ်ခွင့်သည် လွတ်လပ်ပြီးတရားမျှတမှု၊ ပွင့်လင်းမြင်သာမှုမရှိသည်ကိုပြောဆို‌ေ၀ ဖန်နေခဲ့သော်လည်း ပူတင်သည် (၁၉၉၉) ခုနှစ်မှစ၍အာဏာကိုအရယူထားခဲ့ပြီး (၂၀၁၂) မှစ၍သမ္မတနေရာကိုယနေ့ထိတိုင်ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်သည်။

နိုင်ငံရေးခေါင်းဆောင်အနေဖြင့် အမျိုးသမီးများ၏အ ခွင့်အရေးဟုခေါင်းစဉ်တပ်ပြီး နိုင်ငံရေးအကျိုးအမြတ်ထုတ်ရန်လိုက်လျောဖြေလျော့မှုပြုလုပ်သော်လည်း ဘာသာရေးခေါင်းဆောင်များအနေဖြင့်မူ ကိုယ်၀န်ကိုမည်သို့မည်ပုံဖျက်ချစေကာမူ ဘာသာရေးသွန် သင်ချက်ဖြစ်သော ဘုရားသခင်၏ဖန်ဆင်းရှင်ဂုဏ်ရည်ကိုတိုက်ရိုက်ထိခိုက်၍ခွင့်မပြုနိုင်ပေ။ ကိုယ်၀န်ဖျက်ချခြင်းနှင့်စပ်လျင်း၍ နိုင်ငံရေးမူ၀ါဒနှင့်ဘာသာရေးသွန်သင်ချက်များကြားအက်ကြောင်းများ၊ ခွာကွဲမှုကြီးသည်တစ်စတစ်စကြီးမားလာနေပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/39s9u

Add new comment

18 + 2 =