သန္ဓေသားဖျက်ချခြင်းကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် အတွက် မကာအို ဆရာတော်များ ကြိုးပမ်း

သန္ဓေသားဖျက်ချခြင်းကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် အတွက် မကာအို ဆရာတော်များ ကြိုးပမ်း

သန္ဓေသားဖျက်ချခြင်းကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် အတွက် မကာအို ဆရာတော်များ  ကြိုးပမ်း

ယခင် ပေါ်တူဂီကိုလိုနီ ဒေသတွင် သန္ဓေသားဖျက်ချခြင်းကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်ရန် ချစ်ခြင်းနှင့် ဘဝ ဓလေ့များကို မြှင့်တင်ရန် ကက်သလစ်များနှင့် အခြား ဘာသာဝင်များ အား မကာအို ဆရာတော် Stephen Lee Bun Sang က ခွန်အားပေး တိုက်တွန်းခဲ့ပါတယ်။

လွန်ခဲ့သောရက်အနည်းငယ်က ၂၀၁၉ ခုနှစ်က အမေရိကန် ဒရာမာရုပ်ရှင် "Unplanned" ကို မကာအို ကက်သလစ်သာသနာက ထုတ်လွှင့်ပြသ ခဲ့ပါတယ်။

ကိုယ်တွေ့မှတ်တမ်း ရုပ်ရှင် "Unplanned" ကို ယခင်က မိဘ ဘဝ စီမံကိန်း ဆိုင်ရာ ဆေးခန်း
ဒါရိုက်တာ တယောက်ဖြစ်ခဲ့သည့် Abby Johnson က ၂၀၁၁ ခုနှစ်တွင် ရေးသားခဲ့ပြီး ၊ သူမ​၏ ထိုအဖွဲ့သည် သန္ဓေတားခြင်းနှင့်ဆက်စပ်သည့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု များကို ကမ္ဘာ
အနှံ့ လုပ်ဆောင်ပေးနေသည့် အကျိူးမြတ်မယူသည့် အဖွဲ့အစည်း တခုပင် ဖြစ်သည်။

နောင်တွင် Johnsonသည် သန္ဓေသားဖျက်ချခြင်းကို ဆန့်ကျင်ရာ၌ တက်ကြွ လှုပ်ရှားသူ ခေါင်းဆောင်တဦးအဖြစ် ပြောင်းလဲလာခဲ့သည်။

​ မေလ ၁၄ရက်နေ့က မကာအိုကက်သလစ်သာသနာ မီဒီယာဌာန ၊ မကာအို မိခင်နို့ရည်တိုက်
ကျွေးရေးနှင့် ကလေးငယ်စောင့်ရှောက်ရေးအသင်း ၊ မကာအို စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မသန်စွမ်းသူများအားထောက်ပံ့ရေး အဖွဲ့များ​၏ ထောက်ပံ့ကူညီမှု့ ဖြင့် ကက်သလစ် ကဇာတ်ရုံ Cineteatro de Macau တွင် ထိုရုပ်ရှင်ကို ပြသခဲ့သည်။

မကာအိုကက်သလစ်သာသနာအနေနှင့် ထိုရုပ်ရှင်ကို ထုတ်လွှင့်ပြသခြင်းသည် "ဆေးခန်းတခုအတွင်း သန္ဓေဖျက်ချရာတွင် လုပ်ဆောင်ချက် အဆင့်ဆင့် ​၏ အမှန်တရား လုပ်ဆောင်ပုံ" ကို ပြသရန် မရည်ရွယ်ပါကြောင်း ဆရာတော် Bun Sang က ပြော ကြားခဲ့ပါတယ်။

ပြသရခြင်း ရည်ရွယ်ချက်မှာ သန္ဓေဖျက်ခြင်းအပေါ် သာသနာတော်မှ မည်ကဲ့သို့ အမြင်ရှိကြောင်း ပြသရန်မရည်ရွယ် ကြောင်း ၊ အမှန်တရားကိုသာ ပြောပြရန်ဖြစ်ကြောင်း အထူးသဖြင့် ဆေးခန်း၌ သန္ဓေသားဖျက်ချရန် လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ပြသရန်သာဖြစ်သည်ဟု
ဆက်လက်ပြော ကြားခဲ့ပါတယ်။

ဘယ်လိုအကြောင်းကြောင်း ကြောင့်ပဲဖြစ်ဖြစ် မည်သည့်အသက်ကိုမျှ ဖျက်ဆီးဖို့ ခွင့်ပြုရန် မပြုသင့်ကြောင်း ဆရာတော် Lee က ပြောကြားခဲ့ပါတယ်။

သန္ဓေသားတွင် အသက်မရှိပါဟု ပြောကြားခြင်းသည် လူ့အသက်မည်ကဲ့သို အစပြုသည်နှင့် အဆင့်ဆင့်ဖွံ့ ဖြိုး လာရသည်ဆိုသည့် မနုဿဗေဒဆိုင်ရာ အခြေခံအချက်ကို ပစ်ပါယ်ခြင်းပင်ဖြစ်သည်ဟု လည်း ပြောခဲ့ပါတယ်။

အမျိူးသမီးများ အနေနှင့် သူတို့​၏ ခန္ဓာကိုယ်ကို မိမိတို့စိတ်ကြိုက် ( သန္ဓေဖျက်ခြင်းအပါအဝင်) ဘာပဲလုပ်လုပ် လုပ်ပိုင်ခွင့်ရှိသည်ဟု လက်ခံကျင့်သုံးခြင်းသည် အမျိုးသမီးအခွင့်အရေး အဖြစ် အမျိူးသမီးဝါဒီသမားများက မှားရွင်းစွာ ပုံဖော်နေခြင်းပင်ဖြစ်သည်။ အသက်ရှင်သန်
ခွင့်နှင့်ပါတ်သက်သည့် မေးခွန်းများ နှင့်ပါတ်သက်၍မူ လူသားတို့​၏ အသက်သည်သာ ပထမ ဦးထိပ်ထားရမည် ဟု သူကပြောခဲ့ပါတယ်။

သန္ဓေသားဘဝမှသည် သဘာဝအတိုင်းသေဆုံးသည်အထိတိုင် ဘဝအသက်ကို တန်ဖိုးထားမြှင့်တင်ရန် ကျောင်းများအပါအဝင် မကာအို လူထုကို တိုက်တွန်း အားပေးပါကြောင်း လည်း ပြောကြားခဲ့ပါတယ်။

၁၅၅၇- ၁၉၉၉ ကာလများတွင် မကာအိုကို ပေါ်တူဂီ နိုင်ငံမှ အုပ်ချုပ်ခဲ့ပြီး လောင်းကစားနှင့် ကစားပွဲများ စည်ကားသည့် မြို့ဖြစ်ခဲ့သည် ။

မကာအို​၏ ဖျော်ဖြေရေး စီးပွားရေးလုပ်ငန်းစု တိုးတက်စည်ပင် ခြင်းကြောင့် အမျိူးသမီးကြီးငယ်များသည် လိင်ကုန်ကူးခြင်း အတွက် ပစ်မှတ်ဖြစ်လာရပြီး ရလဒ်မှာမူ မလိုလား
အပ်သည့် ပဋိသန္ဓေရရှိခြင်း များ ဖြစ်လာရသည်။

၂၀၁၂ ခုနှစ် အတွင်းတွင် အမျိူးသမီး ၁၀၀၀ အနက် ၄၃ ဦးသည် ကိုယ်ဝန်ဖျက်ချ ခဲ့ကြောင်း Lancet ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။ မကာအိုတွင် ကိုဝန်ဖျက်ခြင်းကို တရားဝန် ရေတွက် ထားခြင်းမရှိသော်လည်း သတင်မီဒီယာ များအဆိုအရ ကိုယ်ဝန်ဖျက်ချမှု နှုံး သည် ၁၉၅၀ ကတည်းက ကိုယ်ဝန်ဖျက်ချရန် တရားဝင် ခွင့်ပြုထားသည့် တရုတ်ပြည်မကြီးဒေသတွင် မြင့်မားဆဲပင် ဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/3NlQBiH

Add new comment

2 + 1 =