Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
သန္ဓေဖျက်ချရန်ဆေးခန်းသို့ရောက်ရှိလာသည့်အမျိုးသမီးနှင့်ဆုံဆည်းရာမှဘဝပြောင်းလဲခဲ့သောရုပ်ရှင်သရုပ်ဆောင်နှင့်ထုတ်လုပ်သူ
သန္ဓေဖျက်ချရန်ဆေးခန်းသို့ရောက်ရှိလာသည့်အမျိုးသမီးနှင့်ဆုံဆည်းရာမှဘဝပြောင်းလဲခဲ့သောရုပ်ရှင်သရုပ်ဆောင်နှင့်ထုတ်လုပ်သူ
Eduardo Verastegui သည် ‘Bella’ ရုပ်ရှင်၏သရုပ်ဆောင်လည်းဖြစ်သကဲ့သို့ ထုတ်လုပ်သူလည်းဖြစ်သည်။ ပြီးခဲ့သော (ဩဂုတ်လ ၂၁) ရက်နေ့က သူရိုက်ကူးထုတ်လုပ်သောရုပ်ရှင်ကြောင့် လူ့အသက်တစ်ချောင်းကိုကယ်နိုင်ခဲ့ သည့်အကြောင်းကို ကယ်လီဖိုးနီးယားပြည်နယ်၊ Dana Point မှ ‘လူ့အသက်ကိုကာကွယ်စောင့်ရှောက်သည့်လှုပ်ရှားမှုအဖွဲ့’ (pro-life) အားပြန်လည်ပြောပြခဲ့သည်။ သူ၏လူ့အသက်ကိုကာကွယ်စောင့်ရှောက်သည့် ရုပ်ရှင်ဇာတ်လမ်းကို ထုတ်လုပ်ခဲ့သည့်အတွက် ထိုအဖွဲ့ကသူ့အား ‘လူ့အသက်ကိုကယ်တင်သောဆု’ (Life Award) ကိုချီးမြှင့်ပေးခဲ့သည်။
သူသည်မက်ဆီကိုနိုင်ငံမှဖြစ်ပြီး၊ သရုပ်ဆောင်တစ်ဦးဖြစ်မလာမီက အော်ပရာအဆိုတော် (ဂန္ဓာဝင်သီချင်း ကြီး) သီဆိုသူဖြစ်သည်။ လော့စ်အိ်ဂျယ်လစ်သို့ အသက် (၂၈) ၌ပြောင်းရွေ့လာခဲ့သည်။ ယခုကဲ့သို့ဖြစ်လာရန်မှာ သူ့အနေဖြင့် ဖျော်ဖြေရေးအလုပ်ကိုလုပ်ကိုင်သောရပ်ဝန်းတွင် (၁၀) နှစ်ကျော်မြှုပ်နှံခဲ့ရသည်။ မိတ်ဆွေတစ်ဦး၏အ ကူအညီဖြင့် (၂၀၀၄) ခုနှစ်မှစ၍ Metanoia ရုပ်ရှင်ထုတ်လုပ်ရေးကိုစတင်ခဲ့သည်။ ရုပ်ရှင်လောကသို့ခြေချခဲ့သောသူ ၏ရည်ရွယ်ချက်မှာ ဖျော်ဖြေရေးသက်သက်သာမဟုတ်ခဲ့ပေ။ လူ့ဘဝဇာတ်ခုံမှအဖြစ်မှန်ကိုအခြေခံ၍ ပညာပေးဇာတ် လမ်းများတင်ဆက်ရင်း လူတို့၏ဘဝကိုပညာပေးချင်သည်။ ပြောင်းလဲလာစေချင်သည်။ ဤသို့ဖြင့် (၂၀၀၆) ခုနှစ်၌ ‘Bella’ အမည်ပေးထားသော ရုပ်ရှင်ကိုအရဲစွန့်၍စတင်ထုတ်လုပ်ခဲ့သည်။ ဤဇာတ်လမ်း၌ ကိုယ်ဝန်ဆောင်ထား သော အမျိုးသမီးတစ်ဦး၏ဘဝကိုအခြေခံထားသည်။ ထိုအမျိုးသမီးသည် လွယ်ထားသောကိုယ်ဝန်ကိုဖျက်ချရန် ကြိတ်ကြံနေခဲ့သည်။ ထိုသို့ကြံနေရင်းမှနောက်ဆုံး၌မွေးဖွားခဲ့သည်။
ဤဇာတ်လမ်းကို ပိုမိုအသက်ဝင်စေရန်ရန်ရည်ရွယ်၍ သန္ဓေဖျက်ချပေးသောဆေးခန်းတစ်ခုဆီသို့သွား ရောက်ကာ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုမေးမြန်းလေ့လာကြည့်ရှုှုသည်။ သူ၏ရည်ရွယ်ချက်ကား မီးဖွားသောအမျိုးသ မီးတစ်ဦး၏နာကျင်မှုဝေဒနာကိုအဘယ်မျှပြင်းထန်သည်ကိုဖော်ပြလိုသည်။ သိရှိစေလိုသည်။ ဤသို့အားဖြင့် သန္ဓေ ဖျက်ချခြင်းကိုအမျိုးသမီးတစ်ဦး၏ကိုယ်ဝန်ဆောင်ခြင်းမှလွှတ်မြောက်ခြင်းဟုတွေးနေသူများအားပညာပေးလို၍ဖြစ် သည်။ ဆေးခန်း၌ သန္ဓေဖျက်ချရန်ရောက်ရှိလာသောသူများမှာ အသက်အားဖြင့် (၁၄/၁၅) နှစ်မျှသာရှိသော မိန်းက လေးငယ်ပိုများနေသည်ကိုအံ့ဩစိတ်မကောင်းစွာသိလိုက်ရသည်။ သန္ဓေဖျက်ချရန်ရောက်ရှိလာသောအမျိုးသမီးများ ထဲမှ တစ်ဦးကသူယခင်မက်ဆီကိုမှ အော်ပရာအဆိုတေ်ဖြစ်သည်ကိုသိနေသည်။ သူလာမိတ်ဆက်၍ သူနှင့်စကားစ မြည်ပြောဆိုခဲ့ကြသည်။ ၄င်းတို့စကားထိုင်ပြောနေခဲ့သည်မှာ အဘယ်မျှကြာသွားသည်မသိလိုက်။ အဆိုပါကလေးမ၏ အလှည့်ပင်ကျော်သွားခဲ့၍ သန္ဓေမဖျက်လိုက်ရဘဲပြန်သွားခဲ့သည်။
တစ်လခန့်အကြာတွင် ရုပ်ရှင်ထုတ်လုပ်သူထံဖုန်းဝင်လာသည်။ ထိုဖုန်းမှာ လွန်ခဲ့သောတစ်လခန့်က သန္ဓေ ဖျက်ချရန်ဆေးခန်းသို့ရောက်ရှိလာပြီး သူနှင့်စကားပြောနေခဲ့၍တိုကင်ဖျက်လိုက်ရသောအမျိုးသမီး၏ အမျိုးသားထံ မှဖြစ်နေသည်။ အမျိုးသားဖြစ်သူက ဝမ်းသာအားရဖြင့် ‘Eduardo’ ဟုအမည်ပေးထားသော သူတို့၏သားသည် ယမန် နေ့က အောင်မြင်ကျန်းမာစွာမွေးဖွားခဲ့ပြီဖြစ်ကြောင်း၊ သူသည်ကလေးကိုချီထားကြောင်း၊ ထိုသားကိုရုပ်ရှင်ထုတ် လုပ်သူ၏အမည်ကိုပေးထားကြောင်းပြောပြပါသည်။
ထိုသတင်းစကားကိုကြားလိုက်ရသောအခါ သူအလွန်ကျေနပ်ပျော်ရွှင်ခံစားသွားရသည်။ သူ၏ဘဝကိုလည်း ပြောင်းလဲပစ်လိုက်သည်။ ထိုနေ့ကပြောခဲ့သောစကားကိုမှတ်မိနေပါသည်။ ‘အိုဘုရားသခင်၊ အတိတ်က တပည့် တော်ပြုလုပ့်သမျှကို ခွင့်လွှတ်တော်မူပါ။ တပည့်တော်အသက်ရှင်နေသမျှကာလပတ်လုံး တပည့်တော်၏ကိုယ်စွမ်း ဉာဏ်စွမ်းဖြင့် လူ့အသက်ကိုကာကွယ်ရန်ပိုင်းဖြတ်လိုက်ပါသည်’ ဟုဖြစ်ပါသည်။ ထို့ကြောင့်လည်း ဤထုတ်လုပ် လိုက်သောရုပ်ရှင်သည် သူအပါအဝင် အခြားသောသူတို့၏ ဘဝများစွာကိုပြောင်းလဲပေးခဲ့သည်ဟု ဝန်ခံခဲ့ခြင်းဖြစ် သည်။
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Add new comment