သန္ဓေဖျက်ချခြင်းကိုအားပေးသူအား တက္ကသိုလ်သို့ဖိတ်ကြားသောပ‌ရောဖက်ဆာအားထုတ်ပယ်လိုက်

သန္ဓေဖျက်ချခြင်းကိုအားပေးသူအား တက္ကသိုလ်သို့ဖိတ်ကြားသောပ‌ရောဖက်ဆာအားထုတ်ပယ်လိုက်

အမေရိကန်ပြည်ထောင်စုမှ ကက်သလစ်တက္ကသိုလ်တစ်ခုမှပရောဖက်ဆာအားထုတ်ပယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သန္ဓေဖျက်ချခြင်းကိုအားပေးထောက်ခံသူအားကျောင်းသို့ဖိတ်ခေါ်၍အခန်းထဲ၌စကားပြောခွင့်ပြုသောကြောင့်ဖြစ်သည်။

တက္ကသိုလ်၏ဥက္ကဌဖြစ်သူ Peter Kilpatrick က ယခုကဲ့သို့ထုတ်ပယ်ရာတွင် မထုတ်ပယ်မီဦးစွာစုံ စမ်းစစ်ဆေးပြီး ခိုင်လုံမှုရရှိပြီးနောက်မှသာထုတ်ပယ်ခြင်းဖြစ်ကြောင်း၊ ‌ဟောပြောသောအကြောင်းအရာကို ကျောင်းသားတစ်ဦးမှအသံဖမ်းထားသည့်သက်သေရှိကြောင်း၊ ထိုသက်သေကြောင့် ပရောဖက်ဆာ Melissa Goldberg အား လက်မှတ်ရေးထိုးထားသောသက်တမ်းမပြည့်မီထုတ်ပယ်လိုက်ရခြင်းဖြစ် ကြောင်း၊ ကျောင်းတော်ကြီးအနေဖြင့် ကက်သလစ်သာသနာတော်ကြီး၏ အစဉ်အလာကြီးမားစွာစောင့် ရှောက်ထိန်းသိမ်းနေသော လူ့အသက်နှင့်စပ်လျင်း၍အမှန်တရားနှင့်အကာအကွယ်ပေးရေးကိုတိုးမြင့်လုပ် ဆောင်နေခြင်းဖြစ်ကြောင်း၊ လူ့သက်တမ်းကုန်ဆုံးမှသာလူသာသေဆုံးခွင့်ရှိကြောင်း၊ ကျောင်းတော်ကြီး၏ ရပ်တည်ချက်နှင့်ဧ၀ံဂေလိတရားတော်၏သွန်သင်ချက်နှင့်သွေဖီဆန့်ကျင်သည့်အငြင်းပွားဖွယ်အတွေးအ ခေါ်များကိုဟောပြောခဲ့သည်။ ဆင်ခြင်တုံတရားနှင့်ယုံကြည်ခြင်းသည် အမှန်တရားကိုအလင်းပြမည်ဖြစ် သည်။ မပြစ်အမှားကိုကာကွယ်နားလည်ပေးရန်မည်သည့်အခါမျှအသနားခံမပေးသင့်။ သို့မဟုတ် ဤသို့အပြစ်အတွက်နားလည်ပေးခြင်းသည် တရားတော်၏သွန်သင်ချက်နှင့်ညီသည်။ ကိုယ်ကျင့်တရားဖြစ်သည်ဟုလုံး၀တန်းညှိ၍မရဟုပြောကြားခဲ့သည်။

ဆက်လက်၍ သာသနာတော်ကြီး၏သွန်သင်ချက်နှင့်ဆန့်ကျင်သွေဖီသောအတွေးအခေါ်အယူအဆများသည် အမှန်တရားကိုပိုမိုခိုင်မြဲစေရန်နှင့်အမှားကိုပြုပြင်ပြောင်းလဲစေလို၍ စာနာစိတ်၊ သနားစိတ်ဖြင့် ထောက်ပြပေးရမည်ဟု စိန့်သောမတ်စ်အာကွီနပ်စ်သက်ရှိထင်ရှားရှိချိန်၌လည်း ရှင်းပြခဲ့ဖူသည်။

အသံဖမ်းစက်၏ သက်သေအရ ပရောဖက်ဆာ Melissa Goldberg သည် Rachel Carbonneau အားအတန်းသို့ဖိတ်ခဲ့သည်။ Rachel Carbonneau သည်ကိုယ်၀န်ဖျက်ချခြင်းကိုမိမိတို့ကိုယ်တိုင်ရွေးချယ်ခဲ့ကြသောအမျိုးသမီးများ၊ ကျန်းမာရေးအရအခြားရွေးချယ်စရာမရှိ၍ရွေးချယ်ခဲ့ရသူများ၊ ကိုယ်၀န်ပျက်ကျသူများ၊ နာတာရှည်ရောဂါခံစားရပြီး သေခါနီးရှိနေသူများအတွက် ရွေးချယ်လိုကမိမိတို့၏အသက်ကိုအဆုံး သတ်နိုင်သည့်အကူအညီများစွာအကြောင်းနှင့်စပ်လျင်း၍သူလုပ်နေသောအလုပ်များအကြောင်းကိုဆွေးနွေးခဲ့သည်။ ကိုယ်၀န်ဖျက်ချသည့်အဖွဲ့၏ဦးတည်ချက်ကား ကိုယ်၀န်မဖျက်ချမီ၊ ဖျက်ချနေစဉ်နှင့်ဖျက်ချပြီးနောက်ထောက်ပံ့ကူညီလေ့ရှိသည်။

ကိုယ်၀န်ဖျက်ချခြင်းနှင့်စပ်လျင်း၍ Carbonneau အားမေးမြန်းရာ ကိုယ်၀န်ဖျက်ချရာ၌ သန္ဓေသားအားမနာကြင်စေရန်အတတ်နိုင်ဆုံးရှောင်ရှား၍လုပ်ဆောင်ကြောင်း၊ ကိုယ်၀န်ဖျက်ချရာ၌ မိခင်၏အသက်၊ သွေးထွက်လွန်ခြင်းစသည်တို့ကိုအထူးဂရုစိုက်သကဲ့သို့ သန္ဓေသားသည်လည်းအသက်မရှိကြောင်းသေချာအောင်လုပ်ဆောင်ရကြောင်း၊ ထို့အတူ အသက်အရွယ်ရလာသောကလေးများ၌ကိုယ်၀န်ရှိလာနိုင်ခြင်းနှင့်သူ ၏အကျိုးဆက်ကိုလည်းရှင်းပြခဲ့သည်။ လွိင်ပြောင်းထားသူများနှင့်လည်းလက်တွဲလုပ်ကိုင်နေကြောင်း၊ ၄င်းတို့အားရည်ညွှန်းရာ၌ ‘birthing person’ ဟုသုံးနှုန်းကြောင်းများကိုဆွေးနွေးထားသည်။

တက္ကသိုလ်ကျောင်း၏ဥက္ကဌဖြစ်သူအသားပေးမီးမောင်းထိုးပြထားသော အမှန်တရားကိုတိုက်တွန်းခြင်း၊ ယုံကြည်ခြင်း၌ကြီးထွားလာခြင်း၊ ကက်သလစ်တက္ကသိုလ်၌မေတ္တာတရားကိုလေ့ကျင့်ပျိုးထောင်ရန်၊ သင်ကြားသောပညာရပ်များသည် ဥာဏ်ရည်တိုးရန်၊ ကောင်းမွန်စွာရှင်သန်ရန်၊ အမှန်တရားကိုအခြားသူများနှင့်မျှ‌ေ၀ရန်ကိုလည်းတိုက်တွန်းခဲ့သည်။ ဆက်လက်၍ ၄င်းတို့၏ဘုံလေ့လာသင်ယူမှုများသည် အသက်၊ ချစ်ခြင်း၊ ကြင်နာခြင်းနှင့်လူ့ဂုဏ်သိက္ခာကိုကာကွယ်ရန်နှင့်မြှင့်တင်ရန်လိုအပ်ကြောင်းကိုပိုမိုနားလည်လာလိမ့်မည်ဟုမျှော်လင့်ကြောင်းကိုလည်းထုတ်ဖော်ပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/3g8WV

Add new comment

6 + 10 =