သန္ဓေတည်ချိန်မှသဘာဝအလျောက်သေဆုံးချိန်အထိ အသက်ကို ကာကွယ်ကြရမည်ဟု ပုပ်ဖရန်စစ်မြွက်ကြား

သန္ဓေတည်ချိန်မှသဘာဝအလျောက်သေဆုံးချိန်အထိ အသက်ကို ကာကွယ်ကြရမည်ဟု ပုပ်ဖရန်စစ်မြွက်ကြား

သန္ဓေတည်ချိန်မှသဘာဝအလျောက်သေဆုံးချိန်အထိ အသက်ကို ကာကွယ်ကြရမည်ဟု ပုပ်ဖရန်စစ်မြွက်ကြား

 

အပတ်စဉ်လူထုပရိတ်သတ်နဲ့ တွေ့ဆုံပြီးဘုရားစကားပို့ချသင်ကြားရာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က လူ့အသက်ဆိုတာကို သန္ဓေတည်ချိန်မှသဘာဝအလျောက်သေဆုံးချိန်အထိ ကာကွယ်စောင့်ရှောက်ကြရမှာဖြစ်ကြောင်းမြွက်ကြားခဲ့ပါတယ်။

ပိုလန် သန္ဓေသားကာကွယ်စောင့်ရှောက်ရေးဖောင်ဒေးရှင်း တခုမှ မမွေးဖွားသေးသောသန္ဓေသားများရဲ့ အသံလို့ အမည်ရတဲ့ ခေါင်းလောင်းများ ကို အရှင်သူမြတ်ပုပ်ဖရန်စစ်က ကောင်းကြီးပေးအပြီး “သန္ဓေသားအားလုံးအတွက်ကျွန်ုပ်သင်တို့ရဲ့ ဆုတောင်မေတ္တာကို တောင်းခံပါတယ်” လို့ဆိုပါတယ်။

ဒီခေါင်းလောင်းများဟာ အီကွေဒေါ နဲ့ ယူကရိန်း ကို ပို့မှာဖြစ်ကြောင်း

ဒီခေါင်းလောင်းများဆီမှ ထွက်ပေါ်လာတဲ့ အသံတွေဟာ အသက်ဖြစ်တဲ့ ဧဝံဂေလိသတင်းကောင်းအသံကို ကမ္ဘာကြီးကို ကြေငြာနိုင်မယ့် အသံများဖြစ်ပါစေ၊ လူတွေရဲ့ဩတပ္ပစိတ်ကို အသိဝင်စေတဲ့ အသံများဖြစ်ပါစေ၊ မမွေးဖွားသေးသောသန္ဓေသားလေးများရဲ့ အမှတ်ရစရာများဖြစ်ပါစေ” လို့ အရှင်သူမြတ်ပုပ်ဖရန်စစ်က မြွက်ကြားခဲ့ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of ANSA

https://bit.ly/3mmI3gE

Add new comment

3 + 14 =