သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲတော်နေ့ ဗာတီကန်မှာ ပုပ်ဖရန်စစ်မစ္ဆားဟောမည်

သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲတော်နေ့ ဗာတီကန်မှာ ပုပ်ဖရန်စစ်မစ္ဆားဟောမည်

သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲတော်နေ့ ဗာတီကန်မှာ ပုပ်ဖရန်စစ်မစ္ဆားဟောမည်

လာမည့် တနဂ်နွေနေ့၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲတော်နေ့ကြီးမှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ စိန့်ပီတာဘာစီးလီကာ ဘုရားကျောင်းတော်ကြီးမှာ မစ္ဆားတရား ဉီးဆောင်ဟောကြားသွားမှာဖြစ်ပါတယ်။

အရှင်သူမြတ်ဟာ အထက်ပါဘုရားကျောင်းတော်ကြီးအတွင်းက ပွဲတော်ငယ်လေးတွေအတွက်သာ ပုံမှန်အသုံးပြုတဲ့ ဘုရားကျောင်းခန်းငယ်လေးတွေမှာသာ ကိုဗစ် သတ်မှတ်ချက်တွေကြောင့် ကိုဗစ်အချိန်မှာ ဟောကြားနေခဲ့ပြီး ဘုရားစင်ကြီးကို တခါတရံမှသာ အသုံးပြုဟောကြားခဲ့တာဖြစ်ကြောင်း

သန့်ရှင်းသောဝိညာဉ်တော်ဘုရားပွဲတော်နေ့ကြီးမစ္ဆားတရားကို ရောမစံတော်ချိန် နံနက် ၁၀:၀၀ နာရီ အချိန်မှာဟောကြားမှာဖြစ်ပြီး ပရိတ်သတ် ၁၀၀ လောက်တက်ရောက်လိမ့်မည်ဟု ခန့်မှန်းရကြောင်းနှင့် ကိုဗစ်စည်းမျဉ်းများကို လိုက်နာကာ မတ်စ် တပ်ခြင်း နေရာကျဲကျဲ ထိုင်၍ တရားနာခြင်းတို့ ကို လိုက်နာသွားကြမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဘာသာပြန်_စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/2Slv41V

Add new comment

6 + 1 =