သန့်ရှင်းသောရက်သတ္တပတ်အတွင်း စုံလင်သောအင်ဒူဂျင်းသျှားကိုအရယူကြစို့။

သန့်ရှင်းသောရက်သတ္တပတ်အတွင်း စုံလင်သောအင်ဒူဂျင်းသျှားကိုအရယူကြစို့။

မတ်လ (၂၈) ရက်နေ့သည် ကက်သလစ်ဘာသာ၀င်များအတွက်အရေးကြီးသောဘာ သာရေး၀တ်ပြုခြင်း အပိုင်း အခြားနောက်တစ်ဆင့်ထဲသို့၀င်ရောက်လ၏သွားခြင်းဖြစ်သည်။ ပြာခံယူခဲ့သောဗုဒ္ဓဟူးနေ့မှစ၍ ၀ါတွင်းကာလပဉ္စမအပတ်အထိကို၀ါတွင်းကာလအဖြစ်သတ်မှတ်ခဲ့ကြသည်။ ၀ါတွင်းကာလဆဌမပတ်သည် ၀ါတွင်းကာလအ တွင်း၌ရှိ နေသော်လည်း အသုံး အနှုန်းပြောင်းလဲခေါ်ပါသည်။ ၀ါတွင်းကာလဆဌမပတ်ကိုမူ ‘သန့်ရှင်းသောရက် သတ္တပတ်’ ဟု ဖြစ်ပါသည်။ ဤတပတ်ကို ယေဇူးသခင်ဂျေရူဆလင်မြို့တော်ကြီးထဲသို့မြည်းစီး၍ ကယ်တင်ရှင်အဖြစ် ဘုရားဖူးလူထူကြီး ၏ သောင်းသောင်းဖျဖျကြိုဆိုမူကိုခံယူသောမေတ္တာပန်းပွဲတနင်္ဂနွေနေ့ဖြင့်အစပြုသည်။

စုံလင်သောအပြစ်ဒဏ်ခွင့် လွှတ်ခြင်းကျေးဇူးတော်မှ ယေဇူးခရစ္စတူး၊ အမိမယ်တော်၊ ရဟန္တာသူတော်သူမြတ်တို့၏ ကောင်းမှုများကိုအမှီပြု၍ အမိကက်သလစ်သာသနာတော်ကြီးမှပေးသောအပြစ်ဒဏ်ခွင့် လွှတ်ခြင်းချမ်းသာကိုခေါ် သည်။ ဤအပြစ်ဒဏ်ခွင့်လွှတ်ခြင်းချမ်းသာသည် အပြစ်ဖြေလျှောက်ခဲ့ပြီးသောအပြစ်များအတွက်ဆပ်ဖြေရန်ဒဏ်ကိုခွင့်လွှတ်ပေး ခြင်းဖြစ်သည်။ ထို့ကြောင့်အပြစ်ဖြေလျှောက်ခဲ့ခြင်းမရှိဘဲဤအခွင့်ချမ်းသာကိုမခံစားနိုင်ပေ။ ဤအပြစ် ဒဏ်ခွင့်လွှတ်ခြင်း ချမ်းသာသည် ဆေးကြောခြင်းမဂ်လာခံယူပြီး မည်သည့်အပြစ်မပြုမီအချိန်ထိ ရှိနေသောအခြေ အနေမျိုးသို့ပြန်ရောက်စေ သည်။ ဤအပြစ်ခွင့်လွှတ်ခြင်းမျိုးကို ‘သန့်ရှင်းသောရက် သတ္တပတ်’ အတွင်း၌ရယူနိုင်သည်။ ဤအပြစ်ဒဏ်ခွင့်လွှတ်ခြင်း ချမ်းသာကိုမိမိအတွက်နှင့်ကွယ်လွန်သွားသောသူများအတွက် အောက်တွင်ဖော်ပြထားသောအမိကက်သလစ်သာသနာ၏ သတ်မှတ်ချက်များကိုဖြည့် ဆည်းပါကရယူပေးနိုင်သည်။

သန့်ရှင်းသောကြာသပတေးနေ့

၁။ နောက်ဆုံးညစာစားပွဲမစ္ဆားပူဇော်ပြီးနောက် ကိုယ် တော်မြတ်ဗိမာန်တော်ကို ဘေးပလ္လင်၌ပြောင်းရွေ့စံပ္ပါယ်စေ သည်။ ထိုသို့ပြောင်းရွေ့စဉ်အာရုံပြု၍ “Tantum Ergo” ကိုယ်တော်မြတ်သီချင်းကို စိတ်ပါကိုယ်ရောက်သီဆိုချီးမွှမ်းခြင်း၊

၂။ ကိုယ်တော်မြတ်ကိုအ နည်းဆုံး ‘နာရီ၀က်’ ခန့်သဒ္ဓါကြည်ညိုခြင်းကြီးစွာဖြင့်ဖူးခြင်း၊

သန့်ရှင်းသောသောကြာနေ့ကြီး

၁။ ယေဇူးသခင်၏သက်တော်ကုန်ဆုံးခြင်းကိုအောက်‌မေ့သည့်အနေဖြင့် ‘ခရူးစူးတံ ကျင်’ ကိုအရိုအသေပေးခြင်း၌ပါ၀င်ခြင်း၊

၂။ ခရူးစူးကားတိုင်လှည့်ခြင်း ၌ပါ၀င်ခြင်း၊

သန့်ရှင်းသော စနေနေ့ကြီး (သို့) ပါစကားအဖိတ်ည

၁။ တစ်ဦးတည်းသာမဟုတ်ဘဲ အစုအဖွဲ့နှင့်စိပ်ပုတီးစိပ်ခြင်း၊

၂။ ပါစကားအဖိတ်ညမစ္ဆားတရားပူဇော်ခြင်း၌ပါ၀င်ပြီး၊ ဆေးကြောခြင်းမင်္ဂလာခံယူခဲ့စဉ်ပြုခဲ့သောကတိသစ္စာကိုပြန်လည် ပြုခြင်းတို့ဖြစ်ကြသည်။ အထက်ကဆိုခဲ့သော ၀တ်ပြုခြင်း၊ ကြည်ညိုခြင်းတိုင်း၌ သမန်အချိန်၌ပြုသကဲ့သို့မဟုတ်ဘဲ၊ ကြည် ညိုခြင်းကြီးစွာဖြင့်ပြုလုပ်ရမည်။

ဖြည့်ဆည်းရမည်အခြေအေနေများ

စုံလင်သောအပြစ်ဒဏ်ခွင့် လွှတ်ခြင်းချမ်းသာကိုခံစားရရန် အထက်ကသတ်မှတ်ထားသောအခြေအနေများကိုဖြည့် ဆည်းသည့်အပြင်၊ အောက်ပါအခြေအနေများကိုလည်းဖြည့်ဆည်းရမည်။ ၄င်းတို့မှာ

၁။ ဤအပြစ်ဒဏ်ခွင့်လွတ်ခြင်းကိုခံစားရရန်မှာ ကျေးဇူးတော်အခြေအနေ၌လုံး၀ရှိနေရမည်။ အပြစ်များကိုလည်းမပြုတော့ ဟုပြတ်သားသောခံယူချက်ရှိနေရမည်။ ထို့ကြောင့် အာပတ်ဖြေခြင်းစက္ကရာ မင်တူးကိုခံယူရမည်။ ထို့နောက်မစ္ဆားတရားပါ ၀င်ပူဇော်ကာ ကိုယ်တော်မြတ်ပင့်ယူရမည်။ ကျေးဇူးတော်အခြေအနေ၌ မစ္ဆားတရားပါ၀င်ပူဇော် ၍ကိုယ် တော်မြတ်ပင့်ယူ ခြင်းကိုရက်ပေါင်း (၂၀) ခန့်အထိစောင့် ထိန်းရမည်။

၂။ ထပ်၍အပြစ်ထဲကျရောက်ခြင်းမရှိခဲ့ပါက ထိုရက်ပေါင်း (၂၀) အတွင်းအာပတ်ထပ်မံဖြေရန်မလို။ ဖြေဆိုလိုပါကလည်း လွှတ်လပ်စွာဖြေဆိုနိုင်ပါသည်။

၃။ ရဟန်းမင်းကြီးအတွက် ‘ကောင်းကင်ဘုံ၊ ဂုဏ်ကျေး ဇူးတော်၊ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားအားချီးမွှမ်းခြင်း’ မေ တ္တာများ ကိုတစ်ကြိမ်စီရွတ်ဆိုပူဇော်ပေးရမည်။ သို့သော်မစ္ဆားတရားပူဇော်အပြီး၌ ရွတ် ဆိုခြင်းမျိုးမပြုရ။ မိမိတို့အား လပ်သည့်အချိန် တွင်သီး သန့်အချိန်ယူ၍ပူဇော်ပေးရမည်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2P7fGFr

Add new comment

9 + 10 =