သန့်ရှင်းသောကားတိုင်တော်၏ပွဲကို အဘယ်ကြောင့် စက်တင်ဘာလ (၁၄) ရက်နေ့မှာကျင်းပရတာလဲ

 သန့်ရှင်းသောကားတိုင်တော်၏ပွဲကို အဘယ်ကြောင့် စက်တင်ဘာလ (၁၄) ရက်နေ့မှာကျင်းပရတာလဲ

 စာရေးသူသည် ကက်သလစ်ဘာသာ၀င်တစ်ဦးအနေဖြင့်မွေးဖွားကြီးပြင်းခဲ့သည်မှာ ဆယ်စုနှစ် (၅) ခုကျော်ပါပြီ။ ထို့အတူ ရဟန်း၀ါတော်မှာလည်း ဆယ်စုနှစ် (၂) ခုကျော်ပြီဖြစ်ပါသည်။ အမိသာသနာတော်ကြီးအနေဖြင့် ‘သန့်ရှင်း သောကားတိုင်တော် ၏ပွဲ’ ကိုအဘယ်ကြောင့် နှစ်စဉ်စက်တင်ဘာလ (၁၄) ရက်နေ့တွင် ကျင်းပ သနည်း ဟုသိလည်း မသိခဲ့။ ရဟန်းတစ်ပါးအနေနှင့်လည်း မလေ့လာမိခဲ့။ ယခု ဤဆောင်းပါးအားဖတ်မိပြီး၊ ဘာသာပြန်ဆို မှ သာလျှင် သိလိုက် ရပါသည်။ ထို့ကြောင့် ဤဆောင်းပါးပါအ ကြောင်းအရာသည် စာဖတ်သူများအ တွက်အသစ်မ ဟုတ်လျှင် လည်း စာရေးသူအတွက်မှာမူ အသစ်ဖြစ်ပါသည်ဟုရိုးသားစွာ၀န်ခံရ ပေမည်။

            ဤပွဲတော်ကိုကျင်းပရန် အသင့်လျှော်ဆုံးသော အမိသာသနာတော်ကြီး၏၀တ်ပြုခြင်းအချိန်ကာလကား ၀ါတွင်း ဖြစ်ပေ မည်ဟုမတွေးမိပါသလော။ အဘယ်ကြောင့်ဆိုသော် ၀ါတွင်းကာလသည် အပြစ်ဒဏ်အတွက် ဆပ်ဖြေ ရသည့် ကာလဖြစ်သည်။ ကားတိုင်တော်သည်လည်း အပြစ်ကြွေး၏ကြီးမားမှု၊ နာကြင်ပြင်းထန်မူ၏ ပြယုဂ် ဖြစ်သည်။ သို့သော် စက်တင်ဘာလ (၁၄) ရက်နေ့ ၌ကျင်းပရန် အမြှော်အမြင်ကြီးစွာဖြင့် အမိသာသနာတော် ကြီးကသတ်မှတ်ရသည်မှာ ကားတိုင်တော်နှင့်စပ်လျဥ်း၍ သမိုင်း၀င်သော အဖြစ်အပျက်မြောက်များစွာရှိသည်။ အလိုကားတိုင်တော်ပွဲကို အမိ သာသနာတော်ကြီး၏ တစ်နှစ်တာ၀တ်ပြုခြင်းအချိန်ကာလ ကုန်ဆုံးရန် (၁၀) ပတ်အလိုတွင်ကျင်းပနေသည်မှာ ထူးခြားပါသည်။

 

ပွဲတော်၏သမိုင်းကြောင်း

            ဤပွဲတော်ကိုစတင်ကျင်းပခဲ့သည်မှာ (၇) ရာစုခန့်ကဟုခန့်မှန်းရသည်။ သို့သော် ထိုထက်ပင်စောလျင်စွာ ကျင်းပခဲ့ကောင်း ကျင်းပခဲ့နိုင်သည်။ ဤပွဲကို ယေဇူးသခင်၏ကယ်တင်ခြင်း ကားတိုင်တော်နှင့်နွယ်သော သမိုင်း ၀င်အဖြစ်အပျက်နှစ်ချက်ကြောင့် ကျင်းပလာခဲ့သည်။  

 

ပထမသမိုင်း၀င်အချက်

            ရဟန္တာမဟဲလင်နာသည် ဥရောပတိုက်အား ခရစ်ယာန်နိုင်ငံဖြစ်စေခဲ့သော ဘုရင်ကွန်စတန်တိုင်း၏မိခင် ဖြစ်သည်။ ရဟန္တာ မသည် (၄) ရာစုက ယေဇူးသခင်မွေးဖွားသန့်စင်ရာ ‘သန့်ရှင်းသောမြေ’ သို့ဘုရားဖူးသွား၍ ယေဇူးခရစ္စတူးသခင်၏ ကယ်တင်ခြင်း အတွက်ထမ်းယူလျှောက်လှမ်းသည့် ကားတိုင်တော်ကိုရှာဖွေရန် ဘုရား သခင်၏စေ့ဆော်မူကိုခံခဲ့ရသည်။ မမောမပန်းနိုင်အောင်မြေ လှန်ရှာဖွေပြီးနောက် ဘုန်းတန်ခိုးတော်ဖြင့် တွေ့ရှိခဲ့သည်။ ကားတိုင်တော်ရှာဖွေတွေ့ရှိခဲ့သောနေရာပင် ကွန်စတန်တိုင်ဘုရင်က Holy Sepulchre (သန့်ရှင်းသောအလောင်းတော်လှောင်းစက်ရာ) ဘာစီးလီကာဘုရားကျောင်းတော်ကြီးကိုတည် ဆောက်ခဲ့သည်။ ထိုဆောက်လုပ်ပြီးစီးသွားသော ဘာစီးလီကာဘုရားကျောင်းဆောင်ကြီးကို (၃၃၅၊ စက်တင်ဘာ ၁၄) ရက်နေ့တွင် ကောင်းကြီးပေးဖွင့်လှစ်ခဲ့သည်ကိုအကြောင်းပြု၍လည်းကျင်းပသည်။

 

ပွဲတော်ကိုကျင်းပရခြင်း၏ဒုတိယအကြောင်းအရင်း

            ပါရှန်ဘုရင်သည် အေဒီ (၆၁၅) ၀န်းကျင်၌ ဂျေရူဆလင်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဗိမာန်တော် ဘဏ္ဍများကိုသိမ်းယူသွားသည့်အပြင် ရဟန္တာမဟဲလင်နာရှာဖွေတွေ့ရှိခဲ့သော ယေဇူးသခင်ထမ်းခဲ့သည့် ကားတိုင် တော်ကိုလည်း တစ်ပါတည်းယူဆောင်သွားခဲ့သည်။ ထိုကားတိုင်တော်သည် ပါရှဲန်အင်ပါယာ၌ (၁၄) နှစ်ခန့်ကြာမြင့်ခဲ့ သည်။ ထိုကားတိုင်တော်ကို ဘိုင်ဇန်တိုင်းဘုရင် Heraclius မှပါရှဲန်ဘုရင်ကိုစစ်နိုင်ပြီးမှ အရပြန်ယူပေးခဲ့သည်။ ပါရှဲန် တို့သည် ခရစ်ယာန်များမဟုတ်ကြသော်လည်း ထိုလက်၀ါးကပ်တိုင်တော်ကိုမူ သေချာစွာသိမ်းဆည်းထားသည်ကိုတွေ့ ရှိခဲ့ရသည်။ ထို့နောက်ဂျေရူဆလင်မြို့တော်ကြီးဆီသို့ပြန်လည်ပင့်ဆောင်လာခဲ့သည်။ ဤသမိုင်းနောက်ခံမတူသော ကြောင့် ပွဲတော်ကျင်းပသောနေ့မှာလည်းမတူပေ။ မေလ (၃) ရက်နေ့၌ ရဟန္တာမဟဲလင်နာမှ ကားတိုင်တော်ကိုရှာဖွေ တွေ့ရှိခြင်းပွဲကိုလည်းကောင်း၊ စက်တင်ဘာ (၁၄) ရက်နေ့၌မူ ကားတိုင်တော်ကိုပြန် ပါရှဲန်တို့၏လက်ထဲမှပြန်လည် ရယူခဲ့သည့်အထိမ်းအမှတ်နေ့အဖြစ်လည်းကောင်း ကျင်းပလာခဲ့ကြသည်။ သို့သော် ယခုမျက်မှောက်ခေတ်၌မူ ဓာတ် တော် ကားတိုင်တော်ကိုအသားပေးခြင်းထက် ယေဇူးခရစ္စတူးသခင်၏ ကယ်တင်ခြင်းကားတိုင်တော်သမိုင်းကိုပို၍ ဆင်ခြင်၍ကျင်းပလျှက်ရှိသည်။        

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်

https://bit.ly/3AgcRUE

 

Add new comment

2 + 1 =