"သန့်ရှင်းရာဌာန ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့"​၏ ဂျေရူစလင်သို့ နှစ်စဉ်အလည်ပါတ် ခရီးစဉ် ဖော်ဆောင်နေ

"သန့်ရှင်းရာဌာန ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့"​၏ ဂျေရူစလင်သို့ နှစ်စဉ်အလည်ပါတ် ခရီးစဉ် ဖော်ဆောင်နေ

"သန့်ရှင်းရာဌာန ပူးပေါင်း"သန့်ရှင်းရာဌာန ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့"​၏ ဂျေရူစလင်သို့ နှစ်စဉ်အလည်ပါတ် ခရီးစဉ် ဖော်ဆောင်နေဆောင်ရွက်ရေး အဖွဲ့"​၏ ဂျေရူစလင်သို့ နှစ်စဉ်အလည်ပါတ် ခရီးစဉ် ဖော်ဆောင်နေ

သန့်ရှင်းရာမြေပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HLC) က သူ့ရဲ့ နှစ်စဉ် ဘုရားဖူး အစီစဉ်ကို ယခု ရက်သတ္တပတ်တွင် စတင် လုပ်ဆောင်နေပြီ ဖြစ်သည် ။ သာမန်အားဖြင့်မူ ဇန်နဝါရီလတွင် ပြုလုပ်လေ့ရှိခဲ့သော်လည်း ကပ်ဘေးကြောင့် ၂ နှစ်ကြာ ရပ်ဆိုင်းထားပြီး နောက် ယခုအခါ မေ ၂၁ မှ ၂၆ ထိ ပြုလုပ်ခဲ့ပါတယ်။

HLC အဖွဲ့အနေနှင့် အစ္စရေးနှင့်ပါလက်စတိုင်းသို့ မေလ ၂၁ ရက်က သွားရောက်မည့် အစီစဉ် ကိုမူဖျက်သိမ်းခဲ့ပြီး ပါလက်စတိုင်းခရစ်ယာန် သတင်းထောက်အမျိူးသမီးဖြစ်သည့် Shireen Abu Aqual ​၏မိသားစု ကိုမိမိတို့​၏ တဦးချင်းအလိုက် ဝမ်းနည်းကြောင်းပြသရန်ဂျေရူစလင်မြို့ပြင်ရှိ Beit Hanina သို့ သွားရောက်ခဲ့ကြပါတယ်။

Al Jazeerအဲလ်ဂျာဇီးယား သတင်းဌာနမှ သတင်းထောက်ဖြစ်သူ သူမသည် မေလ ၁၁ ရက်နေ့က သိမ်းပိုက်ထားရာ အနောက်ဖက် ကမ်းခြေဒေသသို့ အစ္စရေး စစ်တပ်မှ ဝင်ရောက်တိုက်ခိုက်ရာတွင် ပစ်သတ်ခံရခြင်း ဖြစ်ပါတယ်။

အင်္ဂလိပ်ဆရာတော် Declan Lang ဦးဆောင်သည့် HCL ကိုယ်စားလှယ် အဖွဲ့သည် " Al-Liqa " သာသနာ့ ဗဟိုဌာနတွင်တနင်္ဂနွေနေ့ ညနေပိုင်းက ကျင်းပသည့် အောက်မေ့ဖွယ် အခမ်းအနားသို့ တက်ရောက်ပါဝင်ခဲ့တယ်။

Shireen ​၏ အကိုဖြစ်သူ Anton Abu Akleh ကလည်း ဆရာတော်များတက်ရောက်ပါဝင်ခြင်းနှင့် နီးကပ်စွာရပ်တည်ပေးသည့် အသင်းတော်များ ကို ကျေးဇူးတင်ကြောင်း ပြော ကြား ခဲ့သည်။ သူရဲ့အမ Shireen သည် ရက်ရောပြီး နှိမ့်ချသည့် အမျိုးသမီး တဦးဖြစ်ကြောင်း၊ သူမ​၏ သတင်းထောက်အလုပ်ကိုလည်း ပညာရှင်ဆန်စွာ ပေးဆပ် လုပ်ကိုင်တတ်ကြောင်း နှင့် သူမ သေဆုံးခဲ့ရခြင်းအပေါ် တိကျလျှင်မြန်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် တောင်းဆိုခဲ့ပါတယ်။

မကြာသေးမီကလည်း လက်တင်ရှေးရိုးခရစ်ယာန် အသင်းတော်က အခြားခရစ်ယာန် ခေါင်းဆောင်များနှင့်အတူ ဤကဲ့သို့သတ်ဖြတ်ခြင်းနှင့် မေလ ၁၃ ရက်နေ့က ကျင်းပသည့် နာရေးအခမ်းအနားတွင် ဝင်ရောက် အကြမ်းဖက်မှုတို့ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

ဆရာတော် Lang ကလည်း HLC အနေနှင့် Shireen ​၏ မိသားစုနှင့် နီးကပ်စွာရပ်တည်နေပါကြောင်း နှင့် တက်ရောက်လာသူများကိုလည်း ပူးပေါင်းပါဝင်ဆုတောင်းကြပါရန် ဖိတ်ခေါ်ခဲ့ပါသည်။ Beit Hanina စင်တာမှ လူငယ်များကိုလည်း ဆရာတော်များက နှုတ်ဆက်ခဲ့ကြပါတယ်။

​ဒေသတွင်း ရှိ ခရစ်ယာန်ညီအကို အသိုင်းဝိုင်းများကို ထောက်ပံ့ခြင်း "စိတ်ဝိဉာဉ်တို့ စံပျော်ရာ ဂျေရူစလင် ၊ ကျွန်ုပ်တို့​၏ကြီးပွားရာနှင့် ပညာပေးသူမိခင်" ဟူသည့် ဆောင်ပုဒ် နှင့် အလည်အပါတ်ပြုလုပ်နေသည့် ခရီစဉ်သည် ၂၀၀၀ ပြည့်နှစ်ကတည်းက လုပ်ဆောင်နေခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ နိုင်ငံရေး ,နှင့် လူမှုစီးပွားရေး အခက်ခဲမျိုးစုံကို ရင်ဆိုင်နေကြရသည့် သန့်ရှင်းရာဌာနမြေပေါ်တွင် နေထိုင်နေကြသည့် ခရစ်ယာန်အသိုင်းအဝိုင်း ကို ထောက်ပံ့ရန်ပင်ဖြစ်ကြောင်း

ဆုတောင်းမေတ္တာ။ဘုရားဖူးခြင်းနှင့် ဆွဲဆောင်ဖျောင်းဖျပေးခြင်း

​ ဥရောပဒေသ၊ မြောက်အမေရိကနှင့် တောင်အာဖရိက နိုင်ငံများမှ ဆရာတော်ကြီးများ
ပါဝင်သည့် ဤ "ပူးပေါင်းလုပ်ဆောင်ရေးအဖွဲ့" ကို ဗာတီကန်​၏ ဖိတ်ခေါ်မှု ဖြင့် ၁၉၉၀ ခုနှစ် နှောင်းပိုင်းတွင် ဖွဲ့စည်းခဲ့သည်။ ဤအဖွဲ့ကြီး​သည် P-၃ လုံးဟုခေါ်သည့် Prayer: ဆုတောင်း
မေတ္တာ ,Pilgrimage: ဘုရားဖူးခရီးစဉ် နှင့် Persuasion: ဆွဲဆောင်ဖျောင်းဖျခြင်း တို့ကို အခြေပြုလုပ်ဆောင်နေခြင်း ဖြစ်တယ်လိုဆိုပါတယ်။

နှစ်စဉ်တွေ့စုံခြင်း အစီစဉ်များ​၏ အခြေခံမူဘောင် ဖြစ်သည့် "Prayer:ဆုတောင်းခြင်း" ကို နေ့စဉ် မစ္ဆားတရားပူဇော်ခြင်းဖြင့် အစပြုပြီး မစ္ဆာပူဇော်ရာတွင်လည်း ကွဲပြားခြားနားသည့် ဝိနည်း များ ကို မကြာခန အသုံးပြု ပူဇော်လေ့ရှိသည်။ တွေ့ဆုံခြင်း​၏ အဓိက အရေးအကြီးဆုံး အစိတ်အပိုင်းမှာ ဒေသခံခရစ်ယာန်အသိုင်းဝိုင်းဆီသို့ သွားရောက်သည့် " Pilgrimage: ဘုရားဖူး အစီစဉ်" ပင်ဖြစ်ပြီး ဆရာတော်များသည် ခရီးစဉ်အတွင်း ဒေသအာဏာပိုင်များနှင့်လည်း တွေ့ဆုံလေ့ရှိကြောင်း

"Persuasion:ဆွဲဆောင်ဖျောင်းဖျခြင်း" ကတော့ မိမိတို့​၏ သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ပြန်လည်ရောက်ရှိပြီးနောက် ဆောင်ရွက်ကြသည့် လုပ်ငန်းများကို ညွှန်းဆိုလိုခြင်းပင် ဖြစ်ပါတယ်။ ထိုလုပ်ငန်းများမှာ မိမိတို့နိုင်ငံ​၏ ကိုယ်ပိုင်အစိုးရများ ၊ ပါလီမန်အဖွဲ့ဝင်များ ၊ အစ္စရေး နှင့် ပါလက်စတိုင်း ​၏ သံတမန်များ ၊သတင်းမီဒီယာများ နှင့် တွေ့ဆုံပြီး သန့်ရှင်းရာဌာနမြေပေါ်တွင် နေထိုင်ကြသည့် ခရစ်ယာန်များ ​၏ဘဝ အပေါ် သက်ရောက်မှုရှိသည့် အကြောင်းအရာ အမျိူးမျိူးအကြောင်းကို ပြောပြဆွေးနွေးခြင်းပင် ဖြစ်တယ်လို့ဆိုပါတယ်။

အာဗီအေဘာသာပြန်- မာကုစ်ညီညီထွန်း

https://bit.ly/39pBtC7

 

Add new comment

7 + 1 =