သနားတတ်သော၊ လူ့ဘ၀ကိုနှောကျေသောအမျိုးသမီးများဖြစ်ကြပါ’ ဟုသုံးပါးသစွာရှင်သီလရှင်များကို ရဟန်းမင်းကြီးတိုက်တွန်း

သနားတတ်သော၊ လူ့ဘ၀ကိုနှောကျေသောအမျိုးသမီးများဖြစ်ကြပါ’ ဟုသုံးပါးသစွာရှင်သီလရှင်များကို ရဟန်းမင်းကြီးတိုက်တွန်း

သနားတတ်သော၊ လူ့ဘ၀ကိုနှောကျေသောအမျိုးသမီးများဖြစ်ကြပါ’ ဟုသုံးပါးသစွာရှင်သီလရှင်များကို ရဟန်းမင်းကြီးတိုက်တွန်း

ယခုနှစ်သည် သုံးပါးသစ္စာဖြင့်မိမိတို့၏ဘ၀ကိုဘုရားသခင်၏အမှုတော်မြတ်အတွက်ဆက်ကပ် ရှင် သန်သောသီလရှင်များ၏ကျင့်၀တ် များပြန်လည်ဖြည့်စွက်ခဲ့သောနှစ် (၅၀) ပြည့်နှစ်ပတ်လည်နေ့ဖြစ် သည်။ ထိုနှစ်ပတ်လည်နေ့ကိုအမှုးပြု၍ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကသီလရှင်များ အားအောက်ပါဩဝါဒကို မြွတ်ကြားခဲ့သည်။

၄င်းတို့၏ခေါ်တော်မူခြင်းသည် ‘မျှော်လင့်ခြင်း၏အမှတ်သင်္ကေတ’ ဖြစ်သည်။

ထို ခေါ်တော်မူခြင်း သည်ခမည်းတော်ဘုရားအပေါ်သစ္စာတည်ကြည်ခြင်းဖြစ်သည်။ ယနေ့ခေတ်၌ပင်လျင် အချို့သောအမျိုးသမီးများ သည်၄င်း တို့၏စင်ကြယ်သော ငယ်ဖြူဘဝဖြင့်ဘုရားသခင်ကိုဆက်ကပ်ပူဇော် ရန်စိတ်ထားထက်သန်သောအမျိုးသမီးများရှိနေကြသည်။

သီလရှင်များသည်၄င်းတို့ဆရာတော်ကြီးများ၏အားပေးလမ်းကြောင်းပေးမူများဖြင့် ဆက်ကပ် ခြင်းဘ၀၏ထူးခြားပေါ်လွင်သော သဘောသဘာ၀ကိုပိုမိုသိရှိခံစားလာသည်။ ဆက်ကပ်ပူဇော်ထားသူ တို့၏ခေါ်တော်မူခြင်းလက်ဆောင်သည်သာသနာတော်ကြီးနှင့် သဟဇာတ ကျစွာစည်းလုံးရှင်သန်ခြင်း၌ ပေါ်လွင်ပါသည်။ ဤသဟဇာတကျစွာရှင်သန်ခြင်းသည်ညီအစ်မသီလရှင်များအချင်းချင်းစည်းလုံးစွာ နေထိုင်နိုင် သည့်အချက်တွင်ပေါ်လွင်စေသည်။

ဆေးကြောခြင်းမင်္ဂလာခံယူစဉ်ကတစ်ဦးစီရရှိထားသောပရောက်ဖက်အဖြစ်တော်၏ဗီဇကို ပျောက်ပျက်ချုပ်ငြိမ်းသွားအောင်မပြုလုပ် နှင့်။ ဆက်လက်ရှင်သန်ကြီးထွားအောင်စောင့်ထိန်းပျိုး ထောင်ပါ။ ဆက်ကပ်ရှင်သန်သောအသက်တာသို့ဘုရားသခင်၏ချစ်ခြင်း၊ သနားခြင်းအား ဖြင့်ခေါ်တော်မူခြင်းခံထားရသည်။ ခေါ်ထားရသည့်အကြောင်းအရင်းမှာခရစ္ဆတူးသခင်၏သတို့သမီးဖြစ်သောသာ
သနာတော်ကြီး၏မျက်နှာ တော်ကိုလူအများသိအောင်၊ မြင်အောင်သက်သေခံဖော်ပြရန်ဖြစ်သည်။

သီလရှင်တို့၏ဝိနည်းကျင့်စဉ်သည် ‘အချင်းချင်းချစ်ရန်တိုက်တွန်းထားသည်။ အထူးသဖြင့်အကူ အညီလိုအပ်သူများကိုချစ်ရန်ဖြစ်သည်။ စင်ကြယ်သောငယ်ဖြူဘဝဖြင့်ဆက်ကပ်အပ်နှံခြင်းသည်သာသနာအားချို့တဲ့နွမ်းပါးသောသူများကိုချစ်တတ်ရန်ကူညီပေးသည်။ ထို့လိုအပ်ချက် သည်ရုပ်ဝတ္ထု၏လိုအပ်ချက်လော၊ ဝိညာဉ်ရေးရာလိုအပ်ချက်လောဆိုသည်ကိုကောင်းစွာခွဲခြားသိမြင်လာစေသည်။ အားနည်းသောသူများ၊ ရုပ်ပိုင်းဆိုင်ရာထိလွယ်၊ ခံစားလွယ်သောသူများ၊ ရုပ်ပိုင်းနှင့်အာရုံပိုင်းဆိုင်ရာထိခိုက် ခံစားနေရသူများ၊ သက်ကြီးရွယ်အိုများ၊ စွန့်ပစ်ခံ၊ ဖယ်ကျင်း ပထုတ်ခံများအားကူညီပေးနိုင်သည်။

‘သနားတတ်သော၊ လူ့သဘောကိုနောကျေသော၊ အချစ်၏သဘောသဘာဝနှင့်နူးညံ့သိမ်မွေ့မှု၏ ပြောင်းလဲမူဖြစ်စဉ်ကိုကောင်းစွာနား လည်သောအမျိုးသမီးများဖြစ်ကြပါကုန်’ ဟုရဟန်းမင်းကြီး တိုက် တွန်းခဲ့သည်။ လက်ရှိကြုံတွေ့နေရသောကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးက ‘မမျှတမူကိုတိုက်ဖျက်ရန် အချိန်ကျရောက်လာပြီ’ ဟုမောင်းထုကြေငြာနေခြင်းဖြစ်သည်။ ထို့ကြောင့်မိမိတို့ပတ်၀န်းကျင်၌အ ဘယ်သို့ဖြစ်ပျက် နေသည်ကိုသစွာသုံးပါးခံယူထားသောသီလရှင်များအနေဖြင့်မျက်စိစုံမှိတ်မနေကြဘဲ၊ မသိမမြင်ယောင်ဆောင်ရှောင်ဖယ်မနေကြဘဲ ထိုအဖြစ်အ ပျက်များနှင့်အတူနိုင်သလောက်မျှယူခံထမ်း ခြင်းဖြင့်ဝေဒနာများပေါ့သွားရန်၊ နာကြင်မူများလျော့နည်းသွားစေရန်ကူညီလက်ကမ်းပေးကြပါ။

သစ္စာသုံးပါးခံယူထားသောသူတော်စင်များသည် ‘ကညာစင်နှင့်မိခင်၊ ညီအစ်မနှင့်အားလုံး၏ မိတ်ဆွေသူငယ်ချင်းလည်းဖြစ်သောသာ သနာတော်ကြီးအားဖြင့်ယေဇူးသခင်နှင့်ဖက်စပ်ထားသော အိမ် ထောင်ဖက်ဖြစ်သည်။ သူတော်စင်တို့၏နူးညံ့သိမ်မွေ့ခြင်းအားဖြင့်ပတ်၀န်းကျင်၌ အထီးကျန်စံနေကြ သောသူများနှင့်ကွန်ရက်ချိပ်ဆက်၍အထီးကျန်မူကိုတိုက်ဖျက်ကြပါ။ မိမိတို့၏ဘ၀ဦးတည်ချက်သို့တစိုက်မတ်မတ်လျှောက် ပါ။ သို့သော်အတင်းအဖျင်းပြောဆိုခြင်း၊ အသရေဖျက်သည့် နှောင်ယှက်ခြင်းမျိုး သို့မကျရောက်မိရန်ရှောင်ပါ။ အရင်းအမြစ်ကောင်းစွာရှိသော ဉာဏ်ပညာကိုဖွေရှာပါ။ ကရုဏာရေးလုပ် ငန်းများလုပ်နိုင်ရန်ရှာကြံထားပါ။ မာန်ကြွတက်လာမည့်ရန်နှင့်လုပ်ဖန်များလာသော အခါအကျင့် ပျက်ခြ စားပြီးအလွှဲသုံးစားပြုလုပ်မည့်ရန်မှလည်းကြိုတင်ကာကွယ်နိုင်ရန်ပြင်ဆင်ထားပါ။

ရဟန်းမင်းကြီးသည် သစ္စာသုံးပါးခံယူထားသောသီလရှင်များအားလည်းကောင်း၊ သစ္စာသုံးပါးခံ ယူ၍သီလရှင်ဘ၀ဖြင့်အသက်တာကို ဆက်ကပ်ရန်ပြင်ဆင်နေကြသောအမျိုးသမီးငယ်များအားလည်း ကောင်း ကောင်းကြီးပေးပြီးသူ၏ဩဝါဒကိုနိဂုံးချုပ်လိုက်သည်။

ဆက်ကပ်ထားသောစင်ကြယ်သည့်ငယ်ဖြူသီလရှင်များသည်လက်ထပ် ထိမ်းမြှားခြင်းကိုမပြုရန် ရာသက် ပန်စွန့်လွှတ်ထားကြသော အမျိုး သမီးများဖြစ်ကြသည်။ ဤသို့စွန့်လွှတ်၍သူတို့၏အသက်တာ၊ အစွမ်းအစ၊ ဘ၀တစ်ခုလုံးကိုဘုရားအတွက်ဆက်ကပ်ထားကြသည်။ သူ တို့သည်သန့်ရှင်းဖြူစင်သောသူ များ၊ သာသနာတော်အတွင်း၌ ဆက်ကပ်အမှုတော်ဆောင်ခြင်းဖြင့်ယေဇူးသခင်နှင့်သက်ဆိုင်နေကြသူ များဖြစ် ကြသည်။ သူတော်စင်သီလရှင်အသင်းများဆိုင်ရာဌာနချုပ်၏စစ်တမ်းများတိုက်ကြီးငါးတိုက် တွင်သစ္စာသုံးပါးခံ၍မိမိတို့ငယ်ဖြူဘ၀ဖြင့် ဘုရား သခင်၏ အမူတော်ကိုထမ်းဆောင် နေသောသီလရှင် အပါးပေါင်း (၅၀၀၀) ရှိမည်ဟုခန့်မှန်းထားပါသည်။

ဘာသာပြန်ဆိုသူ- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2TZOY0E

Photo credit: Catholic World Report

Add new comment

2 + 8 =