သတင်းများတွင်ပျံ့နှံ့သွားခဲ့သည့် မြန်မာနိုင်ငံမှ ပြည်သူအတွက် ဒူးထောက်တောင်းပန်သည့် သီလရှင်မှ သူမ၏ဖြစ်အင်ကို စာအုပ်သစ်တွင် ဖော်ပြ

သတင်းများတွင်ပျံ့နှံ့သွားခဲ့သည့် မြန်မာနိုင်ငံမှ ပြည်သူအတွက် ဒူးထောက်တောင်းပန်သည့် သီလရှင်မှ သူမ၏ဖြစ်အင်ကို စာအုပ်သစ်တွင် ဖော်ပြ

သတင်းများတွင်ပျံ့နှံ့သွားခဲ့သည့် မြန်မာနိုင်ငံမှ ပြည်သူအတွက် ဒူးထောက်တောင်းပန်သည့် သီလရှင်မှ သူမ၏ဖြစ်အင်ကို စာအုပ်သစ်တွင် ဖော်ပြ

ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခြင်းအပြီး တလ အကြာမှာ စစ္စတာရ်အဲန်းနူးတောင်ရဲ့ စစ်တပ်နဲ့ စကားပြော ဒူးထောက်တောင်းပန်ခဲ့တဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက် စာမျက်နှာမှာ တမဟုတ်ခြင်းပျံ့နှံ့သွားခဲ့ပါတယ်။

ယခုအခါ မှာတော့ စစ္စတာရ်အဲန်းဟာ သူမ ရဲ့ ခုခံရခြင်းအကြောင်းကို “Uccidete me, non la gente,” “Kill me, not the people.” “ကျွန်မကိုသတ်လိုက်ပါ၊ ပြည်သူများကို ချမ်းသာပေးပါ” ဆိုတဲ့ စာအုပ်သစ်မှာ ရှင်းလင်းပြောကြားထားပါတယ်။ သူမထိုသို့ ပြုလုပ်ရခြင်းမှာ သူမနောက်မှ ပြည်သူလူထုကို ကာကွယ်ပေးလို၍ဖြစ်ကြောင်း ၊

“ပြည်သူများဒုက္ခ နဲ့ ရင်ဆိုင်ရချိန်မှာ ကျမအနေနဲ့ ကာကွယ်ပေးလိုတာမို့ပါ။  ပြည်သူတွေကို ကယ်ပေးချင်တယ်၊ လူငယ်တွေကို ကယ်ပေးချင်တယ် အဲ့ဒီအတွက် ကျမဒူးထောက်ခဲ့တာပါ” သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ဒီလိုအပြုအမူကို ပြုဘို့ လမ်းညွှန်ပြပေးတာပါ။ ပြည်သူတွေကို ကယ်ဘို့ ဘုရားသခင်က ကျမရဲ့ အတွင်းစိတ်နှလုံးသားထဲမှာ လှုပ်ရှားနေတယ်လို့ ကျမ ယုံကြည်တယ် အဲ့ဒီအတွက် ကျမ ပြုလုပ်တာဖြစ်ပါတယ်” လို့ စိန့်ဖရန်စစ်ဇေးဗီးယားသီလရှင်အသင်းဂိုဏ်းမှ စစ္စတာရ်အဲန်းနူးတောင်က ဆိုပါတယ်။

ဆက်လက်ပြီး စစ္စတာရ် ရှင်းပြထားပါတယ်။ “ဒီနေ့ခေတ်မှာ တဉီးတယောက်ရှေ့ဒူးထောက်တဲ့အခါ မကောင်းဘူး လို့ ထင်တတ်ကြပါတယ် တကယ်တော့မဟုတ်ပါဘူး၊ ဒါဟာ ကြေအေးခြင်းအမှတ်လက္ခဏာပါ၊ တနည်းက ရန်သူကို ခွင့်လွှတ်ခြင်း အဓိပ္ပာယ်လည်း သက်ရောက်ပါတယ်။ အခုလို အပြုအမူဟာ ကျမတို့ရဲ့ မိသားစုများမှာလည်း လိုအပ်တဲ့ အပြုအမူတခုပါ” လို့ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာလည်း မြန်မာပြည် ပဋိပက္ခအတွက် ပြောဆိုပေးမှုအများဆုံး ကမ္ဘာ့ ခေါင်းဆောင်ကြီးများထဲက တဉီးဖြစ်ပါတယ်။ မြန်မာပြည်အတွက်လည်း ဗာတီကန်မှာရှိတဲ့ စိန့်ပီတာဘာစီးလိကား ဘုရားကျောင်းတော်ကြီးမှာ မြန်မာမိသားစု များနဲ့ အတူ အထူးဆုတောင်းပေးခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုပြီးကထဲက အခုဆိုရင် မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်တပ်ကြောင့် သေဆုံးသူ ဉီးရေ ၈၀၀ ကျော် နဲ့ ဖမ်းစီးခံရသူ ပြည်သူပေါင်း ၄၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3hSjNAU

Add new comment

8 + 3 =