သစ္စာသုံးပါးခံသူတော်စင်များ ရုံးတော် တာ၀န်ခံ ကာဒီနယ်ကြီးမှ ဆုတောင်းရင်းဖြင့် ကျန်းမာရေးဂရုပြုကြရန် သူတော်စင်များအား မှာကြာ

သစ္စာသုံးပါးခံသူတော်စင်များ ရုံးတော် တာ၀န်ခံ ကာဒီနယ်ကြီးမှ ဆုတောင်းရင်းဖြင့် ကျန်းမာရေးဂရုပြုကြရန် သူတော်စင်များအား မှာကြာ

သစ္စာသုံးပါးခံသူတော်စင်များ ရုံးတော် တာ၀န်ခံ ကာဒီနယ်ကြီးမှ ဆုတောင်းရင်းဖြင့် ကျန်းမာရေးဂရုပြုကြရန် သူတော်စင်များအား မှာကြား

ကျန်းမာရေးအတွက် ရည်ရွယ်ကာ ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်တွေကို နာခံလိုက်နာကြရန်နှင့် ဆုတောင်းကြရန် အတွက် သစ္စာသုံးပါးခံသူတော်စင်များ အဖွဲ့ဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော် တာ၀န်ခံ ကာဒီနယ်ကြီး Cardinal Joao Braz de Avis မှ သူတော်စင်များအား တိုက်တွန်းနိုးဆော်လိုက်ပါတယ်။
နိုင်ငံသားတဉီး အနေနဲ့ရော အဖွဲ့အစည်းတခုရဲ့ အဖွဲ့၀င်တဉီး အနေနဲ့ရော ပထမ ဆုံးလုပ်နိုင်တဲ့ အချက်ကတော့ မိမိတို့ကျန်းမာရေးအတွက် စဉ်းစားပေးတဲ့ ဘာသာရေးအကြီးအကဲများနဲ့ နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ပေးပို့ချက်တွေကို လိုက်နာဘို့ပါလို့ ကာဒီနယ်ကြီးက မတ်လ ၁၈ ရက်နေ့ သူတော်စင်များအတွက် ထုတ်ဝေခဲ့တဲ့ စာစောင်မှာ မှာကြားထားတာပါ။
ဒီခက်ခဲတဲ့ အချိန်ကာလ ကိုကျော်လွန်ဘို့ ကူညီပေးကြတဲ့ သူအားလုံးကို ကျွန်ုပ်တို့အနေနဲ့ ကျေးဇူးတရားနဲ့အတူ ဆုတောင်းမေတ္တာ အထူးပြုပေးကြရမှာဖြစ်တယ်။ နိုင်ငံတော်အာဏာပိုင်များ၊ ရှုထောင့်အသီးသီးမှ ကျန်းမာရေး ပညာရှင်များ၊ ဆက်ကပ်လူမှု၀န်ထမ်းများ၊ ဟာ ကျွန်ုပ်တို့ဆုတောင်းမေတ္တာ နဲ့ ခြိုးခြံခြင်းတွေထဲမှာအမြဲပါနေကြရမဲ့သူတွေဖြစ်ပါတယ်။ ဆုတောင်းခြင်း၊ ချုပ်တည်းခြိုးခြံခြင်း၊ ဒဏ်ဆပ်ဖြေခြင်းနဲ့ ချစ်ခြင်းမေတ္တာလုပ်ငန်းများဟာ ဒီလိုခက်ခဲချိန်ကိုကျော်နိုင်ဘို့ အကောင်းဆုံးလက်နှက်များဖြစ်ကြပါတယ်လို့ ကာဒီနယ်က သစ္စာသုံးပါးခံသူတော်စင်များအား မြွက်ကြားခဲ့သည်ကို CNA သတင်းအရ သိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: Daniel Ibanez/CNA.

https://bit.ly/3b7Ix1q

Add new comment

8 + 2 =