သင်တို့ရဲ့ မိုဘိုင်းဖုန်းများက သင်တို့ကိုအာရုံပြောင်းအနှောက်အယှက်ဖြစ်စေဘို့ခွင့်မပြုပါနဲ့လို့ လူငယ်များအား ပုပ်ဖရန်စစ်မိန့်ကြား

သင်တို့ရဲ့ မိုဘိုင်းဖုန်းများက သင်တို့ကိုအာရုံပြောင်းအနှောက်အယှက်ဖြစ်စေဘို့ခွင့်မပြုပါနဲ့လို့ လူငယ်များအား ပုပ်ဖရန်စစ်မိန့်ကြား

သင်တို့ရဲ့ မိုဘိုင်းဖုန်းများက သင်တို့ကိုအာရုံပြောင်းအနှောက်အယှက်ဖြစ်စေဘို့ခွင့်မပြုပါနဲ့လို့ လူငယ်များအား ပုပ်ဖရန်စစ်မိန့်ကြား

 

မိုဘိုင်းဖုန်းကြောင့် နီးစပ်သူများထံမှာ သခင်ခရစ်တော်ကို မြင်တွေ့ရန် အနှောက်အယှက်ဖြစ်စေခြင်းများကနေ နိုးထကြဘို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က လူငယ်များအား တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဒီနေ့ခေတ်မှာ ကျွန်ုပ်တို့တွေဟာ အမြဲပဲ အချိတ်အဆက်မိနေကြတယ် ဒါပေမဲ့ ဆက်သွယ်မှုတော့ မပြုကြဘူး။ အီလက်ထရောနစ် မိုဘိုင်းစနစ်တွေကို အသုံးပြုခြင်းဟာ ကွန်ပြူတာ နဲ့ မိုဘိုင်း ဖန်သားပြင်ပေါ်မှာ အမြဲတမ်းလိုလိုတွယ်ကပ်နေစေတယ်လို့ မတ်လ ၅ ရက်နေ့ထုတ် ၄င်းရဲ့ သတင်းစကားမှာအရှင်သူမြတ်က မြွက်ကြားခဲ့တာပါ။

တခုခု ကို ကြည့်တဲ့အခါ တကယ်ရော အာရုံစိုက် လေးလေးနက်နက်ကြည့်ကြပါရဲ့လား ဒါမှမဟုတ် မိုဘိုင်းဖန်သားပြင်ပေါ် ဆိုရှယ်မီဒီယာ ထဲက ပုံတေကိုပဲ စိုက်ကြည့်ပီး Like ပေးနေကြတာလား။

အဖြစ်အပျက်တခုခု ဖြစ်တဲ့အခါ တဖက်လူ ဘယ်လိုခံစားနေရတယ်ဆိုတာကို အရင်ခံစားကူညီပေးမဲ့အစား ဖုန်းကိုထုတ်ပြီး ဓာတ်ပုံ အရင်ရိုက်ကြတာလားဟု ဆိုကာ ဒီနေ့ခေတ် လူကြီးလူငယ် အများကြီးကြားမှာ တွေ့လာရတဲ့ တိုးပွားလာနေတဲ့ ဒီဂျစ်တယ် အတ္တပေမဝါဒ ဖြစ်နေခြင်းကို သတိပေးထားတာပါ။

သခင်ခရစ်တော် ဖိတ်ခေါ်နေတဲ့ နိုးထလော့ ဆိုတဲ့ အချက်ကို သက်သေခံကြပါစို့။ တကယ့် အစစ်အမှန်မဟုတ်တဲ့ အင်တာနက် စာမျက်နှာမှာထက် တကယ့်စစ်မှန်တဲ့ နွေးထွေးပျူငှာခြင်းနဲ့ ထွေးပိုက်ကြပါ။ ဒါကလည်း စက်မှုပညာ ကို ပစ်ပယ်ဘို့ မဆိုလိုပါဘူး ဒါပေမဲ့ တိုးတက်လာတဲ့ ဒီဒစ်ဂျစ်တယ် ခေတ်ကို အကောင်းဘက်ကနေ အသုံးပြုဘို့ဖြစ်ပါတယ်။ 

သခင်ခရစ်တော်၌ ရှင်သန်သူဟာ ဒုက္ခအခက်အခဲကြားမှာတောင် အစစ်အမှန်ကို သာတွေ့ထိတယ် လို့ဆိုကာ လာမဲ့ မေတ္တာပန်းတနင်္ဂနွေနေ့မှာ သာသနာအဆင့် အနေနဲ့ ကမ္ဘာ့လူငယ်ပွဲကိုကျင်းပမဲ့ ကမ္ဘာတဝှမ်းမှလူငယ်အားလုံးအတွက် မင်္ဂလာသတင်းစကားကို အရှင်သူမြတ်ပုပ်ဖရန်စစ်က ထုတ်ပြန်ခဲ့ ကြောင်း CNA သတင်းအရသိရှိရပါတယ်။

 

By Sr Lucia Thandar Aung, SJA

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

 

Photo Credit: L'Osservatore Roman

http://bit.ly/2TMt7IW

 

Add new comment

9 + 4 =