သင်တို့ကိုယ်သင်တို့ပြုပြင်ပုံထွင်းခြင်းကိုခံယူပါ

သင်တို့ကိုယ်သင်တို့ပြုပြင်ပုံထွင်းခြင်းကိုခံယူပါဟု ပုပ်ဖရန်စစ်မြွက်ကြား

သင်တို့ကိုယ်သင်တို့ပြုပြင်ပုံထွင်းခြင်းကိုခံယူပါ။

ရဟန်းမင်းကြီးသည်နိုင်ငံတကာအဖွဲ့အစည်းများအားလစ်ဗျား၏အရေးကိစွနှင့်ပတ်သက်၍သူတို့၏ပဋိပက္ခကိုနှလုံးသွင်းဆင်ခြင်ပေးကြပါရန်၊ နည်းလမ်းကောင်းများ၊ ထွက်ပေါက်များရှာကြံပေး၍ကာကွယ်ပေးရန်၊ အဆင့် အတန်းရှိသောအခြေအနေတစ်ခုကိုဖန်တီးပေးရန်နှင့်အနာဂါမျှော်လင့် ချက်ကိုပြန်လည်ရှင်သန်စေသည်။ ‘လစ်ဗျား၏အရေးကိစွသည်လူတိုင်း၌တာ၀န်ရှိသည်။ မိမိနှင့်မဆိုင် ဟုအဘယ်သူမျှလွှတ်ငြိမ်းခွင့်မရထားကြပါ’ ဟုမိန့်ကြားပြီး၊ စိန့်ပီတာရင်ပြင်၌စုရုံးနေကြ သောဘုရားဖူးလူအုပ်ကြီးအားခေတခဏတိတ်ဆိတ်စွာဖြင့်လစ်ဗျားနိုင်ငံအတွက်ဆုတောင်းပေးကြရန်ပန်ကြားခဲ့သည်။

ရဟန်းမင်းကြီးသည်လည်း ကမ္ဘာ့သွေးလှူဒါန်းသောနေ့အားအမှတ်ရလျှက် ‘ဤ နေ့သည်လူမူအသိုင်းအ၀ိုင်းအားအခြားသူတို့၏လိုအပ်ချက်ကိုအမြဲသတိရှိရှိဖြင့်ကူညီယှိုင်းပင်းလိုစိတ်ရှိရန်တိုက်တွန်းသင့်လှသောနေ့ကောင်းတစ်ရက်ဖြစ်သည်’ ဟုမိန့်ကြား ပြီး၊ ရင်ပြင်၌ရောက်ရှိနေသောသွေးလှူဒါန်းခဲ့သောသူများအားရင်းနှီးစွာနှုတ်ဆက်ပြီး၊ ၄င်းတို့၏လူမူရေးစိတ်ဓာတ်ကိုလေးစားပါကြောင်း၊ ဤအမှုသည်အလွန်ရိုးရှင်းသော် လည်းအလွန်အရေးကြီးသောအမှုတစ်ခုဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်အခြားသူ များအားကူညီပေးခြင်းဖြစ်ကြောင်းအားပေးဂုဏ်ပြုခဲ့သည်။

ဘာသာပြန် ဖာသာရ်ကလဲ့မင့်အားတယ်
https://bit.ly/3e8AeEJ

Add new comment

4 + 2 =