သင်တင့်လျှောက်ပတ်သော အလုပ်နှင့် အာလုံးအတွက်တရားမျှတမူ

ကုလသမ္မက အမြဲတန်းအတွင်းဝင် ဂိုဏ်းချုပ်ဆရာတော် ဗာနာဒီတို ဦဇာ (Bernadito Auza)

သင်တင့်လျှောက်ပတ်သော အလုပ်နှင့် အာလုံးအတွက်တရားမျှတမူ

ဧပြီလ ၁၂၊ ၂၀၁၉

နိုင်ငံတကာ အလုပ်သမားအစည်းအရုံးဖွဲ့စည်း ခြင်း နှစ်တစ်ရာပြည့် အခမ်း​​အနား ထိပ်သီးစည်းဝေးပွဲတွင် ဗာတီကန်မှ ကုလသမ္မက အမြဲတန်းအတွင်းဝင် ဂိုဏ်းချုပ်ဆရာတော် ဗာနာဒီတို ဦဇာ (Bernadito Auza) မှ အလုပ်သမားများအတွက် သင်တင့်လျှောက်ပတ်သော အလုပ်နှင့် အာလုံးအတွက်တရားမျှတမူကို ဖော်ဆောင်ရန်နှင့် ရှေ့အနာဂတ်တိုးတက်ရေးအတွက် မျှတစွာဆောင်ရွက်ရေး နှင့် တိုးတက်မူအတွက် ရည်မှန်ချက်များ၊ တိကျ​သော နည်းလမ်းများဖြင့် အလုပ်သမားများဘဝမြှင့်တင်ရေးကို ထောက်ပံ့ပေးကြဖို့ ယင်းနည်းလမ်းများဖြင့် ဆင်ရဲချမ်းသာကွာဟမူကို ညှိနိုင်းထိန်​းချုပ်ကြဖို့ တင်ပြဆွေးနွေးခဲ့ပါသည်။

 အလုပ်သမား၊ ငြိမ်းချမ်းရေး နှင့် တရားမျှတမှု

နှစ်ပေါင်းတစ်ရာကျော်ခဲ့သည့်တိုင် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေ နှင့် တရားမျှတမှုအတွက် အလုပ်သမားတွေရဲ့အရေးပါမူဟာ ဒီနေ့ဒီအချိန်ထိ လူ့အဖွဲ့အစည်းအတွက်ထောင့်ချုပ်ကျောက်ပမာ အရေးကြီးသော အခန်းကဏ္ဍ မှာတည်ရှိနေတယ် ငြိမ်းချမ်းရေးကို လိုချင်ရင် တရားမျှတမှုကိုဖော်ဆောင်ရမည်ဟု ဖိလစ်ပိုင် ဂိုဏ်းချုပ်ဆရာတော် မှ တင်ပြဆွေးနွေးခဲ့ပါသည်။ လူမူဘဝမြှင့်တင်ရေး၊ အယောက်တိုင်းစီဘဝတိုးတက်ရေးအတွက် ဒီအဖွဲ့အစည်းက ဖော်ဆောင်ပေးရမယ်။ လူမူဘဝမြင့်တင်ရေးဆိုရာမှာ လူဂုဏ်သိက္ခာ ကိုလေးစားပြီး နှင့် လုပ်ငန်းခွင်တန်ဖိုးထားခံရမူတို့ကို လည်း ထည့်သွင်းစဉ်းစားရမယ်။ ရရှိလာသည့်ထုတ်ကုန် နှင့်အကြိုးအမြတ်ထက် လူအသက်ကို ပိုမိုတန်ဖိုးထားကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါသည်။

 အလုပ်သမား၊ လူမူ့ဘဝမြှင့်တင်ရေး နှင့် လူ့ဂုဏ်သိက္ခာ

ကမ္ဘာပေါ်တွင် သန်း ၅.၂ ထောင်သော လူဦးရေဟာ ဘဝမလုံခြုံမူမှ ရှင်သန်နေကြသူတွေဖြစ်တယ်၊ ယင်းကဲ့သို့ ဘဝနေထိုင်မူကွာခြားနေသော အခြေအနေများကို ဖြေရှင်းပေးရန် အရေးကြီးသော အခန်းကဏ္ဍ တိုးတက်လာဖို့အတွက် လူ့အဆင့်အတန်းနဲ့ကိုက်ညီသော လုပ်ငန်းများ အခွင့်အလမ်းများဖော်ဆောင်ပေးကြရန်၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ပြောကြားခဲ့သော အခြေခံကြသည့် မြေနေရာ၊ နေစရာအိမ် နှင့် အလုပ်အကိုင် အခွင်အလမ်း များကို လူဂုဏ်သိက္ခာ နှင့်အညီဖော်ဆောင်ပေးနိုင်ကြစေလိုကြောင်း၊ အလုပ်သမားများ၏ ဘဝနေထိုင်ရေးတွင် အလုပ်ရှင်များ နှင့် အလုပ်သဘောသက်သက် ဆက်ဆံရန်မဟုတ် အလုပ်သမားတို့ဘဝ တိုးတက်အဆင်ပြေမည့် အခြေအနေတစ်​ခုထိဖော်ဆောင်ပေးကြစေလိုကြောင်း၊ လူတစ်​ဦး၏ အကျင့်စာရိတ္တက အစ တိုးတက်လာစေဖို့ပြုပြင်ထိန်​းသိမ်းပေးသင့် ကြောင်း၊ ဒီအချက်က လူတစ်ဦးကို တန်းဖိုးမြင့်တင်ပေးခြင်း၊ မိမိဆန္ဒကို ​ဖော်ထုတ်ရဲလာခြင်း နှင့် အသစ်သောအရာများကို တီထွင်ကြံဆရာတွင် တိုးတက်လာစေနိုင်ကြောင်း နှင့် စီးပွားကူသန်းရေးလုပ်ငန်းများသည် လူကိုအစေခံရန်သာဖြစ်ပြီး လူကိုကျွန်ပြုသော အရာမဖြစ်စေကြဖို့ တိုက်တွန်းခဲ့ပါသည်။

https://www.vaticannews.va/en/vatican-city/news/2019-04/holy-see-auza-il...

#humandignity, #labour, #un, #peterkm
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

 

Zawgyi


ဧပြီလ ၁၂၊ ၂၀၁၉






https://www.vaticannews.va/en/vatican-city/news/2019-04/holy-see-auza-ilo-100-years-decent-labour-work-social-justice.html


Add new comment

15 + 3 =