Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
သင့်အားအိပ်မောကျစေနိုင်သော ရဟန္တာတို့၏နည်းလမ်း (၇) သွယ်
သင့်အားအိပ်မောကျစေနိုင်သော ရဟန္တာတို့၏နည်းလမ်း (၇) သွယ်
သင့်အားအိပ်မပျော်သောညများကိုကျော်လွှားစေမည့် ရဟန္တာသူတော်သူမြတ်တို့လက်တွေ့ ကျင့်သုံးခဲ့သော နည်းလမ်းသွယ်ကိုတင်ပြပေးမည်ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် အိပ်ရေး၀ သောသူတစ်ယောက်အတွက် ပြဿနာပေါင်းသောင်း ခြောက် ထောင်တိုးကြိတ်ပြွပ်သိပ်နေပါစေ။ ကိုင် တွယ်ဖြေရှင်းရာ၌ စိတ်ကြည်လင်ပြီး၊ ဆုံးဖြတ်ချက် များချမှတ်ရာ၌လည်း အလွန်မှန်ကန်တိကျလှ သည်ကိုခံစားရပါသည်။ ထို့အတူ အိပ်ရေး၀သော နေ့ သည် စက္ခု အာရုံလည်းကြည်လင်၍ မြင်မြင်သမျှ လှပစွဲဆောင်မူရှိလှသည်။
ခေါင်းအုံးနှင့်ဦးခေါင်းထိလိုက်သည်နှင့်အိပ်မောကျ တတ်သောကြောင့် ကျွန်တော် (မူရင်း ဆောင်းပါး ရေးသူ) ထူးခြားသောကောင်းကြီးတော်ခံစားရသည်။ မည်သည့်အ ချိန်အိပ်အိပ် အိပ်မော ကျတတ် သူလည်းဖြစ်ပါသည်။ သို့သော်လူသားဖြစ်၍ တစ်ခါတစ်ရံ၌ အစားအသောက်ကြောင့် သော်လည်း ကောင်း၊ သွေးသားလည်ပတ်မှုမူမမှန်သောကြောင့်လည်းကောင်း၊ ကျန်းမာရေးဖောက်ချင်လာ သော ကြောင့်လည်းကောင်း အိပ်မပျော်သောညများလည်းရှိတတ်ပါသည်။
ထိုညမျိုးကိုဖြတ်သန်းရသောအခါ နက်ဖန်နေ့၌ အဘယ်မျှအဆင်မပြေဖြစ်မည်ကို တွေးပူနေ မိသည်။ ထို့ကြောင့် ကျွန်တော်လိုက်နာကျင့်ကြံလေ့ရှိသော ရဟန္တာတို့၏ အိပ်ပျော်နည်းနာ (၇) ဖြာကို ေ၀မျှပေးလိုက်ပါသည်။
ရဟန္တာတို့၏ အိပ်ပျော်နည်းနာ (၇) ဖြာ
၁။ ရဟန္တာဖိလစ်နေရီကဲ့သို့ မုန့်အနည်းငယ်စား၍နှင့်ရေသောက်ကြည့်ပါ။
စိန့်ဖိလစ်နေရီသည် ဘ၀ကိုပျော်ပျော်နေထိုင်ဖြတ်သန်းသူ၊ အလွန်ပျူဌာသူ၊ အရီအရွန်းများ ဖောက်တတ်သူ ဟုလူသိများသည်။ ထို့ကြောင့် လူများသည် သူနှင့်စကားစမြည်လာပြောဆို တတ်ကြ သည်။ သူပုံမှန်မှီ၀ဲသောအာ ဟာရမှာ မုန့်နှင့်ရေသာဖြစ်သည်။ ထို့ကြောင့် သူ့ထံရောက်လာကြသော ဧည့်သည်များသည် အံ့အားသင့်ပြီး မျက်ဆံ ပြူးသွားကြရသည်။ နေ့စဉ်အပြောင်းအလဲမရှိသော ဤအစားအစာကိုစား၍ ဘ၀ကိုပျော်ပျော်ကြီးလှော်ကျော်ဖြတ် နိုင်ပါသနည်း။ (ဘာသာပြန်သူ၏ ဖြည့်စွက်ချက်။ ။ ‘လူသည်အစားအစာအားဖြင့်သာမဟုတ်၊ ဘုရားသခင်၏နှုတ် တော်ထွက်စကား အားဖြင့်လည်း အသက်ရှင်ရမည်ဖြစ်၏။’ (သံလုကာ ၄း၄) မုန့်စားပါဟုဆိုရာ၌ သူကဲ့သို့ နေ့စဉ် ရက်စက်မုန့်ကိုသာ စားရန်တိုက်တွန်းခြင်းမဟုတ်။ အိပ်မပျော်သောညများ၌ စမ်းစားကြည့်ရန် အကြံပြုခြင်းဖြစ်ပါ သည်။ အဘယ်ကြောင့်ဆိုသော် လေ့လာတွေ့ရှိချက်အရ ညမအိပ်မီ၌ ကာဖိန်းဓာတ်များပါသောအစားအစာများ၊ အရက်ဓာတ်များပါသော အစားအသောက်များမစားမိရန် လိုကြောင်းတွေ့ရှိထားသည်။ အရည်သောက်ခြင်းသည် သင် အားနှစ်ခြိုက်စွာအိပ်ပျော်စေမည် ဟုထင်မြင်ခြင်းသည် သင့်အိပ်ရေးကိုပို၍ပင်ပျက်စေသည်။ ထို့ကြောင့် အိပ်မပျော် သောညမျိုး၌ အခြားသောကော်ဖီ၊ အရက်ဓာတ်ပါသောအရည်များကိုသောက်ခြင်းထက် ပေါင်မုန့်အနည်းငယ်နှင့်ရေ တစ်ငုံ၊ နှစ်ငုံမျှစွက်၍အိပ်ကြည့်ပါဟု ပထမအကြံကိုပြုလိုက်ပါသည်။
၂။ မောင်နှမရဟန္တာများဖြစ်သော စိန့်ဂျာစင်းတာနှင့်စိန့်ဖရန်ချက်စကိုတို့ကဲ့သို့စိပ်ပုတီးစိပ်ကြည့်ပါ။
သူတို့မောင်နှမနှစ်ယောက်သည် ၄င်းတို့၏အစ်မတစ်၀မ်းကွဲတော်သူ လူချီးယာနှင့် သိုးကျောင်း နေစဉ် ဖာတီ မာမယ်တော်ကိုဖူးတွေ့ခဲ့သောသူများဖြစ်ကြသည်။ ဖာတီမာမယ်တော်က နေ့စဉ် ‘စိတ်ပု တီးစိပ်ရန်’ သူတို့အားတိုက် တွန်းခဲ့သည်။ သူတို့သည်သိုးထိန်းကျောင်းသူများဖြစ်၍ နေ့စဉ် သိုးများကို ထိန်းကျောင်းပြီး သိုးခြံထဲသို့မသွင်းမီ အပျောက်အရှရှိမရှိကိုရေတွက်ရသည်။ ထိုသို့ရေတွက်ရာ၌ မရေ တွက်နိုင်လျှင် မယ်တော်၏အကူအညီကို စိပ်ပုတီး စိပ်၍တောင်းခံကြသည်။ ထို့အတူ အိပ်မပျော်၍ စိပ်ပုတီးကိုင်ကာအိပ်နေရင်းစိတ်ပါ။ စိပ်နေစဉ်စိပ်ပုတီးမဆုံးဘဲ သင်အိပ်ပျော်သွားလျှင် သင်၏ ကိုယ်စောင့်သိကြားသည် ဆုံးသည်အထိဆက်လက်စိပ်ပေးမည်။ (ဘာသာပြန်သူ၏ ဖြည့်စွက်ချက်။ ။ ဆုတောင်းခြင်းပြုသောအခါ လူ့စိတ်သည်ငြိမ်သက်ခြင်းရလာသည်။ ထိုအခါအိပ်ချင်လာတတ် သည်။ ‘သင်တို့သည် တစ်နာရီမျှ မအိပ်ဘဲ ငါနှင့်အတူမစောင့်နိုင်ကြပြီလော။ စုံစမ်းနှောင့်ယှက်ခြင်းသို့ မပါ၀င်ရရန် ဆုတောင်းလျက် နိုးကြားစွာစောင့်နေကြလော။ (သံမာတေဦး ၂၆း၄၁)
၃) သူတော်မြတ် Stanley Rother ကဲ့သို့ညနေပိုင်းလမ်းလျှောက်ကြည့်ပါ။
အမေရိကန်ပြည်ထောင်စု၊ Oklahoma ၌မွေးဖွားခဲ့သော ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် ရဟန္တာမဖြစ် သေး။ သူတော်မြတ်အဆင့်သာရှိသေးသော သူတော်မြတ် Stanley Rother သည် သူ့အတွက်လမ်းလျှောက်ခြင်း သည်အထူးအဆန်းမဟုတ်။ အားစိုက်ထုတ်ရန်မလို။ အဘယ်ကြောင့် ဆိုသော် သူသည်လယ်လုပ်၍ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ ထို့အတူ ရဟန်းတစ်ပါးဖြစ်ရန်အတွက် ရဟန်းဖြစ်သင်တန်းကျောင်းသို့၀င်ရောက်ချိန်၌လည်း သူသည် ခြံ လုပ်ရသည်။ ထို့အတူ ေ၀းလံခေါင် ဖျားသော Guatemala သို့သာသနာအမူထမ်းရန် ဆက်ကပ်ခဲ့သည်။ တစ်နေ့ တာ၌ ကာယအလုပ်ကို မလုပ်ခဲ့လျှင် ညအချိန်၌အိပ်မောကျရန်ခက်ခဲတတ်သည်။ ထို့ကြောင့် လမ်းအနည်းငယ် လျှောက်ပါ။ အိပ်မောကျစေရန် သူတော်မြတ် Stanley ၏အကူအညီကိုတောင်းခံပါ။
၄။ စိန့်ဘေနက်ဒစုသည် အိပ်ချင်စိတ်ကိုနိုးကြားစေသော အိပ်ခန်းမျိုးကိုရှောင်လေ့ရှိသည်။
သင့်အိပ်ခန်းသည် သင်နေ့စဉ်အလုပ်လုပ်သောနေရာမဖြစ်ရန်ရှောင်ပါ။ ခရစ်ယာန် ရသေ့ အသင်းကိုတည် ထောင်ခဲ့သော ရသေ့တို့၏ဖခင်ကြီးသည် သူ၏ရသေ့များအတွက် အိပ်စက်ခြင်းနှင့် စပ်လျင်း၍ ကျင့်စဉ်တစ်ခုကိုချ မှတ်ထားသည်။ ထိုကျင့်စဉ်ကား အိပ်သည့်အခါအိပ်မောကျစေမည့် အနေ အထားဖန်တီးသော အိပ်ခန်းမျိုးဖြစ်ရန်ဖန် တီးခိုင်းသည်။ ၄င်းတို့အလုပ်လုပ်သောနေရာ၊ အနားယူအပန်းဖြေသောနေရာမျိုးမဖြစ်ရန်လမ်းညွှန်ထားသည်။
၅။ Elisabeth Leseur ကဲ့သို့ဆုတောင်းခြင်းအပိုင်းအစများကိုပြုလုပ်ကြည့်ပါ။
ရဟန္တာလည်းမဖြစ်သေး သူတော်မြတ်အဆင့်ရရန်အချက်အလက်များလိုအပ်နေသော ဘုရားသခင်၏ အစေခံ Elisabeth Leseur ကဲ့သို့ဆုတောင်းခြင်းအပိုင်းအစများကိုပြုလုပ်ကြည့်ပါ။ သင်၏တစ်နေ့ တာ ကိုချောမောစွာဖြတ်သန်းရန်နှင့်တစ်ညတာကိုကုန်ဆုံးရန် ဆုတောင်းခြင်းအပိုင်းအစများ လိုအပ် သည်။ ပြင်သစ်အိမ်ထောင်ရှင်မတစ်ဦးဖြစ်သော ဘုရား၏အစေခံ Elisabeth Leseur သည် နေ့စဉ် သူ၏ ခင်ပွန်းအကျင့်ပြောင်းလဲလာရန် ဆုတောင်းတိုထွာကိုအမြဲပြုလေ့ရှိသည်။
၆။ ဘုရားသခင်၏အစေခံ Dorothy Day ကဲ့သို့ ကရုဏာအလုပ်တစ်ခုလုပ်၍ အိပ်ယာ၀င်ကြည့်ပါ။
Dorothy Day သည် နေ့စဉ်တစ်ပါးသူအား ဂရုစိုက်ရင်းကုန်ဆုံးဖြတ်သန်းချင်သူဖြစ်သည်။ အမိ ကက်သလစ်သာသ နာတော်ကြီး၏သွန်သင်ချက်၌ ကရုဏာရေးလုပ်ငန်း (၁၄) ချက်ရှိသည်။ ထို (၁၄) ချက်သည် ကျွန်ုပ်တို့အား မိမိနှင့်နီးစပ်သော သူများအား ကရုဏာရေးလုပ်ငန်းတိတိကျကျလုပ်ဆောင်နိုင်ရန် သေချာစွာလမ်း ညွှန်ထားပေးသည်။ ၄င်းတို့အနက် ဆာလောင် သူများကိုကျွေးမွေးခြင်း၊ နွမ်းပါးချို့တဲ့စွာ၀တ်ဆင်ထားသူများအား ၀တ်ဆင်ရန်ပေးကမ်းခြင်းတို့ပါသည်။ ကျွန်ုပ်တို့နှင့် လက် လှမ်းမှီသောအခြားသော ကရုဏာရေးလုပ်ငန်း များကို လုပ်ဆောင်ရန်ကြိုးစားကြည့်ပါ။
၇။ ပါဒရေပီးအိုကဲ့သို့ တစ်နေ့တာ၏ အရှုပ်ထုပ်များကို မအိပ်မီရှင်းထုတ်ပစ်ပါ။
‘ဆုတောင်းပါ။ မျှော်လင့်ပါ။ စိတ်မပူပါနှင့်’ ဟူသောအဆိုအမိန့်သည် ကျွန်ုပ်တို့အားလုံးသိသော ယေဇူး သခင်၏ဒဏ်ရာ တော်ငါးချက်ရှင် စိန့်ပါဒရေပီးအို၏လက်ကိုင်ဆောင်ပုဒ်ဖြစ်သည်။ စိုးရိမ်ကြောင့်ကျမူများသည် ကျွန်ုပ်တို့အားအိမ်မောကျခြင်း ကိုနှောက်ယှက်သည်။ ထို့ကြောင့် ပါဒရေပီးအို၏ ကျင့်စဉ် များ အနက်ညအိပ်ယာ မ၀င်မီပြုလုပ်လေ့ရှိသော အလေ့အထတစ်ခု ဖြစ်သည် စိုးရိမ်ကြောင့်ကျမူများ အားလုံး ကိုအိပ်ယာမ၀င်မီ ရှင်း ထုတ်ထားလိုက်ပါ။ ဤသို့ပြုလျှင် ခေါင်းနှင့်ခေါင်းအုံးထိလိုက် သည်နှင့်ချက်ချင်း အိပ်မောကျသွားပေမည်။ ပါဒရေပီးအို၏ သင်တို့အားအိပ်မောကျရန် အထောက်အကူဖြစ်စေနိုင်သည့် အခြားသောဆုတောင်းမေတ္တာကို လည်း ဖွေရှာဖတ်မှတ်ဆုတောင်းပါ။ သူသည် သူ၏ခြေ၊ လက်၊ နံဘေးတို့မှဒဏ်ရာများ၏နာ ကိုက်ခဲမူေ၀ဒနာ ကြောင့် အိပ်မောကျရန်အတော်ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသော ရဟန္တာတစ်ပါးလည်းဖြစ်ပါသည်။
ဘာသာပြန် - ဖာသာရ် ကလေးမင်းအားတယ်
Add new comment