သခင်ခရစ်တော်ပေးမည့်ပျော်ရွှင်မှုကို လက်ခံရန် ကျွန်ုပ်တို့၏နှလုံးသားများကိုပြင်ဆင်ကြပါစို့

အပတ်စဉ်လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်

သခင်ခရစ်တော်ပေးမည့်ပျော်ရွှင်မှုကို လက်ခံရန် ကျွန်ုပ်တို့၏နှလုံးသားများကိုပြင်ဆင်ကြပါစို့
ဒီဇင်ဘာလ ၁၅၊ ၂၀၁၉

အပတ်စဉ်လူထုတွေ့ဆုံခြင်းနှင့် အန်ဂျေလူးမေတ္တာရွတ်ဆိုခြင်းတွင် ရဟန်းမင်းကြီးမှလူထုပရိတ်သတ်အား လောကအရာများနှင့်ရှုပ်ထွေးနေခြင်းမှရှောင်ရှားပြီး သခင်ခရစ်တော်ပေးမည့်ပျော်ရွှင်မှုကို လက်ခံရန် ကျွန်ုပ်တို့၏နှလုံးသားများကိုပြင်ဆင်ကြဖို့ တိုက်တွန်းခဲ့ပါသည်။

တနင်္ဂနွေနေ့သမ္မာကျမ်းစာကိုအခြေခံပြီး ‌ ယောဟန်ဗတ္တိဇံ ကဲ့သို့ သနားကြင်နာခြင်းနှင့် နှိမ့်ချသော သခင်ခရစ်တော်၏မျက်နှာတော်ကို ထောက်ရှုကြဖို့၊ သံသယဖြစ်ခြင်းများစိတ်ဓာတ်ကျခြင်းများကိုကျော်လွှားပြီး ဘုရားရှင်၏ကယ်တင်ပေးခြင်းကို ထောက်ရှုကြဖို့ ဟောကြားခဲ့ပြီး၊

အာဝင်တူးကာလသည် ကျေးဇူးတော်ခံစားရာကာလဖြစ်ပြီး၊ ဘုရားအပေါ်ယုံကြည်နေရုံနှင့်မလုံလောက်ပဲ၊ မိမိ၏ယုံကြည်ခြင်းစိတ်ကိုနေ့စဉ် ဖြူစင်ရှင်းသန့်နေအောင် ပြုလုပ်ရန်လိုအပ်ကြောင်း၊ သခင်ခရစ်တော်၏မွေးဖွားခြင်းကို ပုံပြင်တခုကဲ့သို့မဟုတ် မိမိ၏ယုံကြည်ခြင်းဘဝအသက်တာဖြင့် ပါဝင်ကြဖို့လိုအပ်ကြောင်း၊ နွားစားခွက်၌ ဆင်းရဲသားအဖြစ် ကြွလာသောသူငယ်‌ေတာ်လေးသည်၊ ကျွနုပ်တို့ပတ်ဝန်းကျင်မှာရှိသော ဆင်းရဲသားညီကိုမောင်နှမများ၌ သူငယ်တော်လေးကိုမြင်အောင်ကြည့်နိုင်ရန် သတိပေးနေကြောင်း ထောက်ရှုကြဖို့ဟောကြားခဲ့ပြီး၊

လောကအရာများနှင့်ရှုပ်ထွေးနေခြင်းမှရှောင်ရှားပြီး သခင်ခရစ်တော်ပေးမည့်ပျော်ရွှင်မှုကို လက်ခံရန် ကျွန်ုပ်တို့၏နှလုံးသားများကိုပြင်ဆင်ကြဖို့
အမိမယ်တော်သခင်မမှ ကူညီပေးပါမည့်အကြောင်း ဆုတောင်းပေးခဲ့ပါသည်။
https://bit.ly/38GyAaR
#rvamyanmarservice

Add new comment

8 + 1 =