သခင်ခရစ်တော်ကို သက်သေခံခြင်းအမူ့၌ ခရစ်ယာန်များ အတူတကွ ဆက်လက်လုပ်ဆောင်ကြရမယ်

သခင်ခရစ်တော်ကို သက်သေခံခြင်းအမူ့၌ ခရစ်ယာန်များ အတူတကွ ဆက်လက်လုပ်ဆောင်ကြရမယ်
သြဂုတ်လ ၂၆၊ ၂၀၁၉

ယခု တစ်ပတ်အတွင်း အီတလီနိုင်ငံတွင် ပြုလုပ်လျှက်ရှိသော Methodist နှင့် Waldensian အသင်းတော်များ ၏ နှစ်ပတ်လည် ညီလာခံသို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ သဝဏ်လွှာ တစ်စောင်ပေးပို့ခဲ့ပါသည်။

♥ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ သူ၏ သဝဏ်လွှာ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ သူ၏ သဝဏ်လွှာ တွင် ဝိညာဉ်ရေးရာ နီးစပ်မူ့ ကိုဖော်ပြပြီး ညီလာခံတက်ရောက်လာသူများကို နုတ်ဆက် ထားကြောင်း၊

သူတို့အတွက် ဆုတောင်းပေးနေကြောင်း၊ သခင်ခရစ်တော်ကို အစေခံခြင်းမှာ ခွန်အားအပြည့်အဝပေးသော သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ပြည့်ဝသော အတွေ့အကြုံကို တို့တတွေ ခံစားနိုင်ကြောင်း၊

ဘာသာတရား အပြန်အလှန် ဝေမျှခြင်းစိတ်ဓာတ်များ ခရစ်ယာန်များအကြား ပိုမိုခိုင်မာစေပြီး အသင်းတော်များအကြား ပြည်ဝသော စည်းလုံးမူ့ရရှိရန် ဘုရားသခင်ထံဆုတောင်းနေကြောင်း၊

သခင်ခရစ်တော်ကို သက်သေခံခြင်း၊ သူ၏နုတ်ကပတ်တော် အဓိကအချက်ဖြစ်သော ကရုဏာ ရေးကို လက်တွေဖော်ဆောင်ခြင်း၊ အတူတကွ ပူပေါင်းလုပ်ဆောင်ခြင်း၊ အပြန်အလှန် နားလည်မူ့ရှိခြင်း နှင့် အသိတရားဖလှယ်ခြင်းတို့မှာ နှစ်မြုပ်လုပ်ကိုင်မူ့ကို ဆက်လက်လုပ်ဆောင်ကြဖို့၊

သခင်ခရစ်တော်၏ နောက်လိုက်များ ဖြစ်ကြသော ကျွန်ုပ်တို့တတွေ တရားမျှတမူ့ နှင့် ငြိမ်းချမ်းမူ့ကို ပိုမိုတိုးတက်အောင်လုပ်ဆောင်ရမယ်၊ ကျွန်ုပ်တို့မှာ တူညီစွာရှိနေတဲ့ ချစ်ခြင်းမေတ္တာ၊ ကရုဏာတရားတို့ဖြင့် အားအနည်းဆုံးသူ၊ အဆင်းရဲးဆုံးသူများ၊ ဒုက္ခအခက်အခဲးများကို ရင်ဆိုင်နေကြရသော သူများအတွက်အဖြေပေးကြရမယ်၊

ဆက်လက်ပြီး ဆုတောင်ခြင်း ကောင်းကြီးမင်္ဂလာ များပေးပိုခြင်း နှင့် သူအတွက်လည်း ဆုတောင်းပေးကြဖို့ ဖိတ်ခေါ် ထားကြောင်း ဖော်ပြထားပါသည်။ ။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2MBfM5b

Add new comment

1 + 13 =