သက်၀င်ယုံကြည်မှုမတူသောဘာသာများအား ထိခိုက်စော်ကားဟောပြောမှုများချက်ချင်းရပ်ရန် ဘာသာပေါင်းစုံ အဖွဲ့အစည်းမှတောင်းဆို

သက်၀င်ယုံကြည်မှုမတူသောဘာသာများအား ထိခိုက်စော်ကားဟောပြောမှုများချက်ချင်းရပ်ရန် ဘာသာပေါင်းစုံ အဖွဲ့အစည်းမှတောင်းဆို

သက်၀င်ယုံကြည်မှုမတူသောဘာသာများအား ထိခိုက်စော်ကားဟောပြောမှုများချက်ချင်းရပ်ရန် ဘာသာပေါင်းစုံ အဖွဲ့အစည်းမှတောင်းဆို

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဘာသာပေါင်းစုံအဖွဲ့က ဘာသာအချင်းချင်းစည်းလုံးမှု၊ ငြိမ်းချမ်းမှူနှင့်အတူယှဉ်တွဲနေထိုင် နိုင်ရေးကိုရှေ့ရူ၍ ပြီးခဲ့သောပတ်က Dhaka မြို့၏ Gulshan ဟိုတယ်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယနေ့ သက်၀င် ယုံကြည်မှုမတူသော ဘာသာရေးခေါင်းဆောင်များ အတူတကွယှဉ်တွဲထိုင်နေကြသည်။ သို့သော် မိမိတို့၏ဘာသာရေး ကျောင်းဆောင်များ၊ ပို့ချချက်များ၌မူ ဘာသာတစ်ခုနှင့်တစ်ခု၏မကောင်းကြောင်းများကိုပြောဆိုနေကြသည်မှာ အလွန် စိတ်မကောင်းစရာဖြစ်ရကြောင်း၊ ဤသို့ ပြုလုပ်ခြင်းသည် ဘုရားသခင်၏လမ်းစဉ်ကိုမလိုက်ကြောင်း၊ ဤသို့မဖြစ်သင့် ကြောင်းဖြင့် အင်္ဂလီကန်ဆရာတော် Sourav Pholia က ပြောကြားခဲ့သည်။ ဤအစီအစဉ်ကို Alhaj Syed Nazibul Bashar Maizvandary MP ကစီစဉ်ခဲ့သည်။

ဤအဖွဲ့သည် နိုင်ငံရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဤအ စည်းအ‌ဝေးသို့ မွတ်စလင်၊ ဟိန္ဒူ၊ ဗုဒ္ဓနှင့်ခရစ်ယာန်ဘာသာရေးခေါင်းဆောင် (၂၅၀) တက်ရောက်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ အချို့သောဘာသာရေးခေါင်းဆောင်များသည် ဘာသာအချင်းချင်းအမုန်းပွားစေသောတရား၊ အခြား ဘာသာနှင့်ပတ်သက်သော အကြောင်းအရာများကိုနှိမ့်ချ၍ မီဒီယာများ၌ပြောဆိုခြင်း၊ သက်၀င်ယုံကြည်မှုနည်းသော ဘာသာ၀င်များအား အင်အားကြီးသောဘာသာမှလူငယ်များက အနိုင်ကျင့်ဗိုလ်ကျခြင်း၊ တိုက်ခိုက်ရန်မူခြင်းကိုပြုလုပ်လေ့ရှိ သည်။ ယခုအစီအစဉ်သည် ငြိမ်းချမ်းရေးနှင့်ဘာသာအချင်းချင်းယှဉ်တွဲနေထိုင်နိုင်ရေးကိုဦးတည်လုပ်ဆောင်ခြင်းဖြစ်သည်။ အစည်းအ‌ဝေး၏ဆောင်ပုဒ်မှာ ‘Interfaith Unity for Peace and Harmony’ (သက်၀င်ယုံကြည်မူမတူသော ဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းခြင်းနှင့်အတူယှဉ်တွဲနေထိုင်ခြင်း) ဖြစ်သည်။

ဘာသာရေးခေါင်း ဆောင်များအနေဖြင့် မိမိတို့ဘာသာတရား၏သွန်သင်ချက်များကိုသာသွန်သင်ရန်၀တ္တရားရှိသည်။ အခြားဘာသာကိုလည်း ရိုသေလေးစားတတ်ရန်သင်ကြားပေးရမည်။ မကြာမီက မီဒီယာတစ်ခု၌ မွတ်စလင်နှင့်ဟိန္ဒူတို့ကြား ဘာသာရေးပဋိပက္ခ များဖြစ်ပွားခဲ့ပြီး၊ လူအသက်အပျောက်များလည်းရှိခဲ့သည်။ ယနေ့ခေတ်၌ ဤသို့သော်အဖြစ်အပျက်မျိုး မကြာခဏဖြစ် ပွားလျှက်ရှိပြီး၊ အချင်းချင်းကြားရှိငြိမ်းချမ်းရေးကိုစိန်ခေါ်နေသည်။ ထို့ကြောင့် ဘာသာရေးခေါင်းဆောင်များအား ဘာသာ အချင်းချင်း ငြိမ်းချမ်းရေးရှိရန်နှင့်အတူယှဉ်တွဲနေထိုင်နိုင်ရေးကိုတိုးမြှင့်လုပ်ဆောင်ရန်၊ လက်ရှိ၌ နိုင်ငံအတွင်း၌ဖြစ်စေ၊ နိုင်ငံတကာ၌ဖြစ်စေ ဘာသာရေးအချင်းချင်း စည်းလုံးညီညွှတ်ရန်အလွန်အရေးကြီးကြောင်း၊ ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်အဖွဲ့ ၏ဥက္ကဌ Nirmal Rozario ကတိုက်တွန်းခဲ့သည်။

ဤနိုင်ငံလွတ်လပ်ခွင့် ရရှိခဲ့ခြင်းမှာ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခု တည်းဖြင့်မဟုတ်ခဲ့ပေ။ သို့သော် ယခုအခါ အင်အားကြီးသောဘာသာသည် ထိုအာဏာကို တစ်စုတစ်ဖွဲ့တည်းကသာချုပ် ကိုင်လိုကြကြောင်းကိုဘာသာရေးခေါင်းဆောင်များကပြောကြားခဲ့သည်။ ဘာသာပေါင်းစုံစည်းလုံးညီညွှတ်မှသာလျှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကိုငြိမ်းစွာတည်ဆောက်နိုင်မည်ဖြစ်သည်ဟုဆွေးနွေးခဲ့ကြသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအား ငြိမ်းချမ်းသောလူ့ အဖွဲ့အစည်းတစ်ခုဖြစ်ရန်မှာ ယခုကဲ့သို့တွေ့ဆုံပွဲများ၌သာ တစ်ထိုင်တည်းဆွေးနွေးနေရုံဖြင့်မပြီးကြောင်း၊ ဤနိုင်ငံသည် မွတ်စလင်အင်အားကြီးသောနိုင်ငံဖြစ်ရာ အခြားအင်အားနည်းသော ဘာသာများသည် အခါအားလျှော်စွာ အင်အားကြီးဘာ သာတို့၏ပြုသမျှခံနေရသည့်အဖြစ်မျိုးဖြစ်နေရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှလူ့အခွင့်အရေးအဖွဲ့၏မှတ်တမ်းအရ (၂၀၁၃) ခု နှစ်မှစ၍ ဟိန္ဒူဘာသာ၀င်များအားတိုက်ခိုက်ခဲ့သည်အမှုပေါင်း (၃၆၀၀) ရှိကြောင်း၊ ၄င်းတို့အနက် အမှုပေါင်း (၅၅၀) ခုမှာ အိမ်၊ အဆောက်အုံဖျက်ဆီးမှု၊ အမှုပေါင်း (၄၄၀) မှာဆိုင်များ၊ စီးပွားရေးလုပ်ငန်းများကိုဖျက်ဆီးသည့်အမှုများဖြစ်သည်။ ထို့အတူ အမှုပေါင်း (၁၆၇၀) သည် ဟိန္ဒူဘုရားကျောင်းများ၊ နတ်ဘုရားများ၊ သန့်ရှင်းသောနေရာအဖြစ်သတ်မှတ်ထား သောနေရာများဖျက်ဆီးခဲ့သည်ဟုတင်ပြထားသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3wCfCi6

Add new comment

2 + 11 =