သက်၀င်ယုံကြည်မူမတူသောသူများနှင့်လည်းသဘော ထားကြီးစွာထားရှိနေထိုင်နိုင်ရေး ရဟန်းမင်း ကြီးဆုတောင်းရရည်ရွယ်ချက်ထားရှိ

သက်၀င်ယုံကြည်မူမတူသောသူများနှင့်လည်းသဘော ထားကြီးစွာထားရှိနေထိုင်နိုင်ရေး ရဟန်းမင်း ကြီးဆုတောင်းရရည်ရွယ်ချက်ထားရှိ

ရဟန်းမင်းကြီးသည် ယေဇူးသခင်၏လောကကိုယ် စားလှယ်သိုးထိန်းဖြစ်သော ကြောင့် အမိကက်သလစ်သာသနာ တော်ကြီးအတွက်သာဆုတောင်းသည်မဟုတ်။ ကမ္ဘာတစ်ဝှမ်းရှိလူသားများဘာသာတူသည်ဖြစ်စေ၊ မတူ သည်ဖြစ်စေ အားလုံးအတွက်နေ့စဉ်၊ အပတ်စဉ်၊ လစဉ်မပြတ်ဆုတောင်းပေးလေ့ရှိသည်။ ထို့ကြောင့်ရဟန်း မင်း ကြီးအတွက်နေ့စဉ်ဆု တောင်းပေးရသော၀တ္တရားတစ်ပါးရှိသည်ကိုမမေ့အပ်ပေ။

(၂၀၂၁) ခုနှစ်၊ ဇန္န၀ါရီလ၏ ဆုတောင်းရာ၌ထားရှိရမည့်ရဟန်းမင်းကြီး၏ရည်ရွယ်

ချက်ကား လူမူအသိုင်းအ

ဝိုင်း၊ နိုင်ငံအချင်းချင်းကြား၌ ‘ညီအစ်ကိုမောင်နှမရင်း’ စိတ်ဓာတ်မွေးမြူပျိုးထောင်ကြရန်၊ သို့မှသာဘုရားသခင်သည်ကျွန်ုပ်တို့ အားသက်၀င်ယုံကြည်မူမတူသော ကျွန်ုပ်တို့ညီအစ်ကိုမောင်နှမများနှင့်ပြေပြစ်စွာနေထိုင်ပေါင်းသင်းနိုင်သောကောင်းကြီး ကိုပေးသနားတော်မူမည်ဖြစ်သည်။ သက်၀င်ယုံကြည်မူမတူ၍ ‘ပဋိပက္ခ’ များဖန်တီးလှုပ်ဆော်မူများမပြုလုပ်ကြရန်အချင်း ချင်းအတွက်ဆုတောင်းပေးကြစို့။ ထို့အတူကျွန်ုပ်တို့သည်လည်း သက် ၀င်ယုံကြည်မူမတူသောသူများနှင့်လည်းသဘော ထားကြီးစွာထားရှိနေထိုင်နိုင်ရေးဆု တောင်းကြရန် ကမ္ဘာပေါ်ရှိကက်သလစ်ဘာသာ၀င်များအားတိုက်တွန်းနိုးဆော်ထားပါ သည်။

ကျွန်ုပ်တို့ဆုတောင်းသော အခါ ယေဇူးသခင်၏နည်းနာကိုလိုက်ကြရန်၊ ကျွန်ုပ်တို့ဆု တောင်းသောအခါသက်၀င်ယုံ ကြည်မူမတူ၊ ‌လူမူရေးနောက်ခံမတူ၊ ရိုးရာယဉ်ကျေးမူမူမတူသောညီအစ်ကိုမောင်နှမများနှင့်အတူတကွစုဝေးဆု တောင်းကြသည်။ ဆုတောင်းခြင်းပြုသူသည်ညီအစ် ကိုမောင်နှမများဖြစ်ကြသည်။ ဆုတောင်းခြင်းဖြင့်တစ်ပါးတည်း သောခမည်းတော်ထံသို့လိုအင်များကိုရင်ဖွင့်တောင်းခံကြသည်။ အခြားသောသူများကိုလည်းညီအစ်ကိုမောင်နှမကဲ့သို့မြင် တွေ့လက်ခံနိုင်ရမည်။ ကျွန်ုပ်တို့၏အသက်ကို၄င်းတို့အတွက်အထောက်အပံ့ပေးခြင်း၊ ချစ်ခြင်း၊ အ ချင်းချင်းသိကျွမ်းရန် အောင်လုပ်ရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ခရစ်ယာန်များအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအစ်ကိုမောင်နှမစိတ်မွေး ဖွားခြင်းသည်ယေဇူးခရစ္စတူးသခင်၏ ဧဝံဂေလိတရားတော်၌တည်သည်မှန်သော် လည်း ဘုရားသခင်သည် အခြားသော ဘာသာများ၏ လုပ်ဆောင်ချက်များကိုလည်းတန်ဖိုးထားကြောင်းလည်းရှင်းပြ၍ ဤလ၏ ရည်ရွယ် ချက်အတွက်ဆုတောင်း ရန်တောင်းဆိုထားသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo Courtesy of: Rome Reports

https://bit.ly/3soVflV

Add new comment

18 + 0 =