သက်တော် (၉၀) ရှိ ဟောင်ကောင်ကာဒီနယ် Joseph Zen ဖမ်းဆီးထိန်းသိမ်းခံထား

သက်တော် (၉၀) ရှိ ဟောင်ကောင်ကာဒီနယ် Joseph Zen ဖမ်းဆီးထိန်းသိမ်းခံထား

သက်တော် (၉၀) ရှိ ဟောင်ကောင်ကာဒီနယ် Joseph Zen ဖမ်းဆီးထိန်းသိမ်းခံထား

             ကာဒီနယ် Joseph Zen သည် သက်တော် (၉၀) ရှိပြီဖြစ်ပြီး၊ ‌ဟောင်ကောင်၏ဆရာတော်အဖြစ် (၂၀၀၂ - ၂၀၀၉) ခုနှစ် အထိအမှုတော်ထမ်းဆောင်ခဲ့သည်။ သူ့အား ဟောင်ကောင်အာဏာပိုင်များက ဗုဒ္ဓဟူးနေ့ (ယမန်နေ့) က ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး နောက် အာမခံဖြင့်ပြန်လည်လွတ်လာခဲ့ကြောင်း၊ ကာဒီနယ်၏ပုံကို Wan Chai ရဲစခန်း၏ ပြင်ပ၌လည်းကပ်ထားကြောင်း၊ လူမှုကွန် ရက်၌လည်း ကာဒီနယ်၏သတင်းများဖြင့်ပျံ့နှံ့လျှက်ရှိသည်။ ရဲစခန်းမှအာမခံဖြင့် ပြန်လည်လွတ်မြောက်လာချိန်မှာ ဟောင်ကောင်စံတော် ချိန်ည (၁၁) နာရီရှိပြီဖြစ်ပြီး ကာဒီနယ်သည် မည်သည့်မှတ်ချက်မျှမပေးဘဲ အသင့်လာကြိုသောကားပေါ်သို့တက်သွားခဲ့သည်ဟုဆိုသည်။    

ဖမ်းဆီးရခြင်းနှင့်စွဲချက်များ

            ကာဒီနယ်သည် ဗုဒ္ဓဟူးညနေပိုင်းက တရုတ်အမျိုးသားလုံခြုံရေးမှဖွဲ့စည်းထားသော ရဲတို့၏ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ဖမ်းဆီးခံရပြီးနောက်ပိုင်း ရဲစခန်း၌စစ်ဆေးမေးမြန်းရန်အတွက် ထိန်းသိမ်း ခံထားခဲ့ရသည်။ ကာဒီနယ်အားသူတာ၀န်ခံလုပ်ဆောင်နေသော လူသားချင်းစာနာ ထောက်ထား သည့် အကူအညီများရယူမှုနှင့်စပ်လျင်း၍ ပြည်ပ၌ထင်ယောင်ထင်မှားသတင်းလွှင့်မှုများပြု လုပ်နေသည် ဟုစွပ်စွဲထားသည်။ ထိုအထောက်အပံ့သည် ဟောင်ကောင်နိုင်ငံ၌ ဒီမိုကရေစီလို လားသူ များအား ဥပဒေပိုင်းကူညီစောင့် ရှောက်မှုနှင့်ဆေးကုသစရိတ်များကူညီပေးလေ့ရှိသည်။

            ဗာတီကန်မှလည်း ကာဒီနယ်ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့်သတင်းကြောင့် စိုးရိမ်မကင်း ဖြစ်ရကြောင်း၊ အခြေအနေကို‌ အထူးသတိထားစောင့်ကြည့်နေကြောင်းဖြင့် ဗာတီကန်သတင်း ပြန်ကြား ရေးတာ၀န်ခံ Matteo Bruni က သတင်းထောက်များ၏ မေးမြန်းချက်ကို ကြာသပတေး မွန်းလွဲပိုင်း ဖြေ ကြားခဲ့သည်။      

အခြား (၃) ယောက်လည်းအဖမ်းခံခဲ့ရ

            ကာဒီနယ်သည် ဟောင်ကောင်၌ ဒီမိုကရေစီလိုလားသောလှုပ်ရှားမှုအဖွဲ့အစည်း၏ ယုံကြည် ရသူများအနက်တစ်ဦးဖြစ် သည်။ ဤအဖွဲ့အစည်းကို (၂၀၁၉) ခုနှစ်ကဖွဲ့စည်းခဲ့ပြီး၊ ယမန်နှစ် အောက် တိုဘာလကဖျက်သိမ်းခံလိုက်ရသည်။ အာဏာပိုင်များ က ကာဒီနယ်အားဖမ်းဆီးသည့်အပြင် အဖွဲ့၏ ရံပုံငွေများရှာဖွေပေးသော ရှေ့နေလည်းဖြစ်ပြီး၊ ယခင်က စင်ပြိုင်ပါတီ၏၀န်ကြီး လည်းဖြစ်သော Margaret Ng အားလည်းကောင်း၊ ပညာရှင် Hui Po-keung အားလည်းကောင်း၊ တေးရေးတေးဆို Denise Ho တို့ အားလည်းဖမ်းဆီးခဲ့ကြသည်။ ၄င်းတို့ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်း ဟောင်ကောင် မှအတည်ပြုထားသည်။      

စွဲချက်များ

            ယခုကဲ့သို့ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှာ (612 Fund) ဟုလူသိများသော နိုင်ငံခြားမှ အကူ အညီဖြင့်ရံပုံငွေကြေးများရယူသည့် လှုပ်ရှားမှုနှင့်စပ်ဆိုင်ကြောင်း၊ ဤသို့ပြုလုပ်ခြင်းသည် ပီကင်း၏ (၂၀၂၀) နိုင်ငံတော်လုံခြုံရေးဥပဒေကိုချိုးဖောက်ရာရောက်သည် ဖြစ်၍ဖမ်းဆီးခံရကြောင်း၊ ယခုစွပ်စွဲ ချက်သည် အမျိုးသားလုံခြုံရေး အက်ဥပဒေ (၄) အခုအနက်တစ်ခုဖြစ်ကြောင်း၊ ဤဥပဒေသည် ဟောင် ကောင်၌ ဒီမိုကရေစီမပေါ်ပေါက်ရေးဖိနှိပ်ရန်ဆရးဆွဲပြဌာန်းထားခြင်းဖြစ်သည်။ အမျိုးသား လုံခြုံ ရေးအ ကြောင်းပြကာရေး ဆွဲထားသောဥပဒေသည် နိုင်ငံတကာမျက်နှာစာ၌ လည်းပယ် ချခံထား ရ သည်။ အခြားရေးဆွဲထားသောဥပဒေများမှာ ပုန်ကန်မှု၊ ခွဲထွက်မှု၊ အကြမ်းဖက်လုပ် ဆောင်မှုတို့ ဖြစ်သည်။ ဤပြစ်မှုထင်ရှားပါက တစ်သက်တစ်ကျွန်းအထိပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။

            ပြီးခဲ့သောလများ၌ ဟောင်ကောင်သတင်းသမားများစွာကလည်း ကာဒီနယ်သည် ကျောင်းသား များအား (၂၀၁၉) ကဲ့သို့သော အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများကို ပြုလုပ်ရန် လှုပ်ဆော်နေသည်ဟု စွပ်စွဲရေးသားခဲ့သည်။ ကာဒီနယ်သည် ယခင်အချိန်က တရုတ်ကွန်မြူနစ်ပါတီကိုလည်း ဘာသာရေးအဖွဲ့ အစည်းများအားဖိနှိပ်နေကြောင်းဖြင့် ပေါ်ပေါ်တင်တင်ဝေဖန်ခဲ့သူလည်း ဖြစ်သည်။ 

      

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3MfMHYo

 

 

 

 

Add new comment

1 + 8 =