Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
သက်တော် (၈၆) ပြည့်သော်လည်း ပါပါးဖရန်စစ် ပုံမှန်လှုပ်ရှားမြဲ
သက်တော် (၈၆) ပြည့်သော်လည်း ပါပါးဖရန်စစ် ပုံမှန်လှုပ်ရှားမြဲ
ရဟန်းမင်းကြီးဖရန်စစ်သည် ယနေ့ သက်တော် (၈၆) နှစ်ပြည့်သွားပြီဖြစ်ပါသည်။
ရဟန်းမင်းကြီးဖရန်စစ်အား (ဒီဇင်ဘာ ၁၇၊ ၁၉၃၆) ခုနှစ်၊ အာဂျင်တီးနားနိုင်ငံ၏ မြို့တော် Buenos Aires နှင့်နီးသော Flores ၌မွေးဖွားခဲ့သည်။ ဒူးနာကျင်မှုကြောင့် သွားလာလှုပ်ရှားရန်လွန်စွာခက်ခဲသော်လည်း သူ၏တစ်နေ့တာအစီအစဉ်များကိုမရပ်နား။ လုပ်မြဲအတိုင်းလုပ်နေဆဲဖြစ်ပါသည်။
ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်း မင်းကြီး အမှုတော်ကိုထမ်းဆောင်သည့်အချိန်မှစ၍ သူ၏မွေးနေ့ကို ရောမရှိ ကလေးဆေးရုံမှကလေးသူငယ်များနှင့်ပို၍ကျင်းပဖြစ်ခဲ့သည်။ သူ၏နောက်ဆုံးမွေးနေ့ကျင်းပစဉ်က မတ်တပ်ရပ်လမ်း လျှောက်နိုင်သေးသော်လည်း ယခုမှာမူ မကြာခဏဘီးတပ်ကုလားထိုင်ဖြင့်သွားလာ လှုပ်ရှားနေရရှာသည်။
ရဟန်းမင်းကြီး၏ဒူနာကျင်မှုသည်အလွန်ဆိုးရွားနေကြောင်း၊ အူမကြီးခွဲစိပ်ခဲ့သည့် (၂၀၂၁) ခုနှစ်မှစ၍ မေ့ဆေးအရှိန်ကြောင့် သူ၏ဒူးခေါင်းခွဲစိတ်ရန်ကို မစဉ်းစားတော့ကြောင်းမိန့်ကြားခဲ့သည်။
(၈၆) နှစ်ပြည့်ပြီဖြစ်သော ဒူးနာကျင်နေသောရဟန်းမင်းကြီးအားထိုေ၀ဒနာသည်မဟန့်တားနိုင်သေးပေ။ လာမည့်နှစ်များ၌ လည်း တမန်တော်ခရီးဆက်တိုက်ကြွရန်အစီအစဉ်များတန်းစီနေပါသည်။
ဇန္န၀ါရီလကုန်ပိုင်း၌ အာဖရိကသို့ တစ်ပတ်ကြာ တမန်တော်ခရီးကိုပြုရန်စီစဉ်ထား သည်။ ထိုခရီးစဉ်၌ ကွန်ဂိုသမ္မတနိုင်ငံနှင့်ဆူဒန်တောင်ပိုင်းသို့လည်းကြွရောက်မည်ဖြစ်သည်။ ထို့အတူ လာမည့်ဩဂုတ်လ၌ ကမ္ဘာ့လူငယ်များပွဲနေ့အတွက် လစ်ဘွန်းသို့ခရီးတိုကြွရောက်ဦးမည်ဖြစ်သည်။
ကနေဒါနိုင်ငံမှ ပြန်ကြွလာပြီးနောက်ပိုင်း ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် အနာ ဂတ်၌ လှုပ်ရှားသွားလာမှုကိုလျော့ခဲ့ရကြောင်းမိန့်ကြားခဲ့သည်။
ရဟန်းမင်းကြီးအနေဖြင့် ဤအသက် အရွယ်၌ ယခင်နှုန်းထားမျိုးဖြင့်တမန်တော်ခရီးပြုရန်မဖြစ်နိုင်တော့ကြောင်း၊ ဆင်ဆင်ခြင်ခြင်နေရတော့မည်ဖြစ်ကြောင်း၊ သူဤသို့မိန့်ကြားသော်လည်း သူ၏နေ့စဉ်အစီအစဉ်များသည် ပေါ့ပါးလျော့နည်းသွားဟန်မတွေ့။ လာမည့်အောက်တို ဘာလ (၂၀၂၃) တွင် စတင်မည့်တမ္ဘာလုံးဆိုင်ရာဆရာတော်ကြီးများ၏ဆီးနော့ကိုစတင်နိုင်ရန်လည်းပြင်ဆင်လျှက်ရှိသည်။
ရဟန်းမင်းကြီးဖရန်စစ်သည် သက်တော် (၈၆) နှစ်သာပြည့်သွားသော်လည်းအမြဲလှုပ်ရှားလျှက်ရှိနေသည်။
အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3FTyDTy
Add new comment