သက်တော် ၂၉ နှစ်ရှိ စပိန်မှရဟန်းတစ်ပါး ကားအက်ဆီးဒန့်ဖြင့်ပျံလွန်

သက်တော် ၂၉ နှစ်ရှိ စပိန်မှရဟန်းတစ်ပါး ကားအက်ဆီးဒန့်ဖြင့်ပျံလွန်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က စပိန်နိုင်ငံ ကာပါရိုးဆို အနီးမှာ ကားမတော်တဆတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး သက်တော် ၂၉ နှစ်အရွယ်ရှိ ကက်သလစ် ရဟန်းဖြစ်သည့် ဖာသာရ် Renato Nahuel Bettini ဟာပျံလွန်သွားခဲ့ပါတယ်။ 

ချက်ခြင်းဆိုသလို တက္ကသိုလ်ဆေးရုံကို ခေါ်ဆောင်သွားပေမဲ့ ဒဏ်ရာပြင်းထန်တာကြောင့် အချိန်မမှီတော့ကြောင်း၊ 

ဖာသာရ်ဟာ ပါပါးဖရန်စစ်လိုပဲ အာဂျင်တီးနာ ဇာတိဖြစ်ပြီး ပြီးခဲ့တဲ့ ဂျွန်လကမှ ရဟန်းသိက္ခာခံယူခဲ့သူဖြစ်ကြောင်း၊ သူဟာ Pamplona မှာရှိတဲ့ Redemptoris Mater ရဟန်းဖြစ်သင်ကျောင်းမှာ ပညာဆည်းပူးခဲ့သူဖြစ်ပါတယ်။ 

ဂိုဏ်းချုပ်ဆရာတော်ကြီး ဒွန်ဖရန်စစ္စကို ပဲရက်စ် က၊ ဒီသတင်းအတွက် အလွန်၀မ်းနည်းရကြောင်းနဲ့ ဖာသာရ်ရဲ့ ၀ိညာဉ္ အတွက်ဆုတောင်းပေးကြရန်ကိုလည်း ဘာသာသူများထံ ဆုတောင်းမေတ္တာတောင်းခံခဲ့ပါတယ်။ 

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy SW News
https://bit.ly/3yZkfVL

 

Add new comment

4 + 0 =