သက်တမ်းကုန်ဆုံးတော့မည့် ဂျာမဏီ၀န်ကြီးချုပ် ပုပ်ဖရန်စစ်အားတွေ့ဆုံနှုတ်ဆက်

သက်တမ်းကုန်ဆုံးတော့မည့် ဂျာမဏီ၀န်ကြီးချုပ် ပုပ်ဖရန်စစ်အားတွေ့ဆုံနှုတ်ဆက်

သက်တမ်းကုန်ဆုံးတော့မည့် ဂျာမဏီ၀န်ကြီးချုပ် ပုပ်ဖရန်စစ်အားတွေ့ဆုံနှုတ်ဆက်

 

ဂျာမဏီနိုင်ငံ၏၀န်ကြီးချုပ် Angela Merkel သည် ရောမမြို့သို့လာရောက်လည်ပတ်ပြီး၊ ဤခရီးစဉ်၏အဓိကရည်ရွယ် ချက်မှာ ကမ္ဘာခေါင်းဆောင်ကြီးများအား နောက်ဆုံးအနေဖြင့်နှုတ်ဆက်ရန်ဖြစ်သည်။ လာမည့်ကြာသပတေးနေ့၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အား ဗာတီကန်၌ တွေ့ဆုံနှုတ်မည်ဖြစ်သည်။ ယခုတွေ့ဆုံမှုသည် ရဟန်းမင်းကြီးဖရန်စစ်နှင့်ဂျမဏီ၀န်ကြီးချုပ်တို့ ၏ (၇) ကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်သည်။

 

ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံပြီးနောက် ဗာတီကန်ကိုယ်စာလှယ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်ပါသည်။ ထိုနေ့ညနေပိုင်း၌မူ ကမ္ဘာအကြီးဆုံးခရစ်ယာန်အသင်းတော်၏ခေါင်းဆောင်များနှင့်လည်းတွေ့ဆုံမည်။ ၄င်း တို့မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၊ ဩသောဒေါ့ခရစ်ယာန်တို့၏ခေါင်းဆောင် Patriarch Bartholomew ၊ အဂ်လန်နိုင်ငံ၊ ကန်တာဘူရီဂိုဏ်းချုပ်၏ဂိုဏ်းချုပ်ဆရာတော် Justin Welby တို့နှင့်တွေ့ဆုံမည်ဖြစ်သည်။

 

ယခုကဲ့သို့တွေ့ဆုံနိုင်ရန် Sant'Egidio ကက်သလစ် သာမန်ဘာသာတူအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးပြီး၊ ရောမမြို့၊ ရှေးလက်ဦးခရစ်ယာန်များအား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သော သမိုင်း၀င်နေရာဖြစ်သည့် Colosseum မြို့ဟောင်း၌တွေ့ဆုံကြမည်ဖြစ်သည်။

 

ဘာသာပြန်ဆိုသူ- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : The Irish Times

https://bit.ly/3a6Ex2O

 

 

 

Add new comment

3 + 17 =