သက်ကြီး၀ါကြီးများသည် လူ့အဖွဲ့အစည်းတွင် အရေးပါကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

သက်ကြီး၀ါကြီးများသည် လူ့အဖွဲ့အစည်းတွင် အရေးပါကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

သက်ကြီး၀ါကြီးများသည် လူ့အဖွဲ့အစည်းတွင် အရေးပါကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

စိန့်ဂျိုးဇက်ရဲ့ ဘဝအသက်တာဖြစ်စဥ်ကို သင်ကြားပြီးနောက်၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် အသက်၏ အဓိပ္ပါယ် နဲ့ တန်ဖိုးဆိုင်ရာ ကဏ္ဍ အသစ်တစ်ခုကို စတင်ပို့ချခဲ့ပါတယ်။

အသက်ကြီးရင့်သူများကို မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးအဖြစ် စွန့်ပစ်ခြင်း ဖြစ်တဲ့ ယနေ့ခေတ် တန်ဖိုးမထားတတ်တဲ့ လူ့အဖွဲ့အစည်း ကို ဝမ်းနည်းမိပြီး မျိုးဆက်များကို စည်းလုံးစေတဲ့ ပဋိညာဉ် ကို ကမ္ဘာကပြန်လည်ရှာဖွေ၍ အသက်ကြီးသူများဟာလူ့အဖွဲ့အစည်းမှာ တန်ဖိုးရှိပြီး အကျိုးပြုစေတာကို အသိအမှတ်ပြုရမှာ ဖြစ်ကြောင်း အရှင်သူမြတ်က မြွက်ကြားခဲ့ပါတယ်။

မကြာသေးမီနှစ်များအတွင်း ကပ်ရောဂါကျရောက်ချိန်မှာ " ယခုအချိန်တွင် လူငယ်များသည်ထိန်းကြောင်း လမ်းညွှန်မှုလိုအပ်နေပြီး သူတို့၏အနာဂတ်များကို လမ်းညွှန်ရန်အတွက် အိုမင်းရင့် ရော်အသက်ကြီးသူများကို မျှော်ကိုးရမည်ဖြစ် သည်"ဟု လည်းအရှင်သူမြတ်က မြွက်ကြားခဲ့ပါသေးတယ်။

ယနေ့တွင် အပတ်စဉ်ပြုလုပ်နေတဲ့ ဘုရားစကားပို့ချခြင်း မှာ အိုမင်းရင့်ရော်ခြင်းရဲ့ တန်ဖိုး နဲ့ အဓိပ္ပါယ် ကို ဘုရားသခင်ရဲ့နှုတ်ကပါတ်တော်အလင်း ရှုထောင့်ကနေ ကြည့်မြင်ရမှာဖြစ်ကြောင်း အသက်ရှည်ခြင်းဟာ ကျွန်ုပ်တို့ ဲ့ ရဲ့ အလယ်မှာ သက်ကြီးရွယ်အိုများ တိုးများလာစေမှု ဖြစ်ပေါ်စေပြီး မျိုးဆက်များအကြား ဆက်ဆံရေးကို ပြန်လည်အာရုံစိုက်ပြီးသုံးသပ်ရန် လိုအပ်ကြောင်း အရှင်သူမြတ်က မြွက်ကြားပြီး " ကျွန်ုပ်တို့ရဲ့ တန်ဖိုးမထားတတ်တဲ့ လူ့အဖွဲ့အစည်းဟာ ငယ်ရွယ်သူတွေကို မကြာခဏ ချီးမြှောက်ကြပြီး သက်ကြီးရွယ်အိုများကို မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးအဖြစ်တောင်မှ ရှုမြင်ကြတယ်။ အိုမင်းရင့်ရော်သူတွေထံ ကနေ သင်ယူလို့ရတဲ့အရာတွေအများကြီးရှိတာကြောင့် လူအိုတွေဟာ တန်ဖိုးရှိတဲ့ သူတွေဖြစ်ကြောင်း ဤသဘောအရ၊ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ လူသားမျိုးနွယ် မိသားစုရဲ့ အနာဂတ်ကို ရှာဖွေရာမှာ မျိုးဆက်များကို ပေါင်းစည်းထားတဲ့ ပဋိညာဉ် ကို ပြန်လည်ရှာဖွေရန် လိုအပ်ပါတယ်။ ပရောဖက် ဂျိုအဲလ်ခေတ်တုန်းက သက်ကြီးရွယ်အိုများဟာအမျှော်အမြင်ရှိပြီး လူငယ်များရဲ့ ရှေ့ရေးကိုတွေးမြင်တတ်ရမယ် (cf. Joel 2:28)" လို့ဆိုပြီး အရှင်သူမြတ်က မြွက်ကြားခဲ့တာပါ။

ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ ၊ ကျွန်ုပ်တို့ရဲ့ လူငယ်များအား သူတို့ရဲ့ အနာဂတ်ကိုမျှော်လင့်ချက်နှင့် စိတ်အားထက်သန်မှုတွေကို လမ်းညွန်ပြဖို့ ဘယ်လောက်အရေးကြီးတာကို ကျွန်ုပ်တို့မြင်တတ်ဖို့ အရေးကြီးတယ်။ ကျွန်ုပ်တို့ဟာ ဤထင်မြင်ယူဆချက်များကို ပြန်လည်ဆင်​ခြင်သုံးသပ်တဲ့အခါမှာ သန့်ရှင်းသောဝိညာဥ်တော် ဘုရားကို ကျွန်ုပ်တို့ရဲ့နားလည်မှုနဲ့ ပိုပြီးမှကျေးဇူးတင်တတ်လာအောင်၊ လူကြီးတွေက လူ့အသိုင်းအဝိုင်းကို တရား မျှတပြီး ညီရင်းအကိုပမာအဖွဲ့အစည်းအနေနဲ့ လုပ်ပေးနိုင်တာကိုသိလာဖို့နဲ့ တန်ဖိုးထားတတ်ဖို့ရန် ကျေးဇူးတော်တောင်းခံရမှာဖြစ်တယ် လို့ အရှင်သူမြတ်ကမိန့်ကြားပြီး ယနေ့ လူထုပရိသတ်မှာ အထူးသဖြင့် အင်္ဂလန်၊ အိုင်ယာလန်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ အဖွဲ့များ၊ အင်္ဂလိပ်စကားပြော တဲ့ဘုရားဖူးများနှင့် ဧည့်သည်များကို နှုတ်ဆက်ပြီး၊ သခင်ယေဇူးရဲ့ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းသည် သင်တို့အားလုံးနှင့် သင်တို့၏မိသားစုအပေါ်၌ သက်ရောက်ပြီး ၊ ဘုရားသခင်သင့်တိုကိုကောင်းချီးပေးပါစေလို့ အရှင်သူမြတ်က အဆုံးမှာ ကောင်းချီးပေးခဲ့ပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/3tgLbfY

Add new comment

1 + 9 =