သက်ကြီးရွယ်အိုရဟန်းများ၏အဆုံးတိုင်တည်ကြည်မူအတွက်ရဟန်းမင်းကြီးကျေးဇူးတင်

သက်ကြီးရွယ်အိုရဟန်းများ၏အဆုံးတိုင်တည်ကြည်မူအတွက်ရဟန်းမင်းကြီးကျေးဇူးတင်

သက်ကြီးရွယ်အိုရဟန်းများ၏အဆုံးတိုင်တည်ကြည်မူအတွက်ရဟန်းမင်းကြီးကျေးဇူးတင်

ဘ၀တူရဟန်းများအားမိန့်ကြားချက်၌ ရဟန်းမင်းကြီးကလွန်ဘာဒီဆရာတော်ကြီးများအဖွဲ့အားကျေးဇူးတင် ကြောင်း၊ အဘယ်ကြောင့်ဆိုသော်ယခုတစ်ကြိမ်နှင့်ဆိုလျှင်သက်ကြီးရွယ်အိုရဟန်းတော်များနှင့်စုပေါင်း၍တစ်ရက်တာအ တူတကွစုပေါင်းဆုတောင်းခြင်းအစီအစဉ်ကိုပြုလုပ်ခဲ့သည်မှာ (၆) ကြိမ်မြောက်ခဲ့ပြီဖြစ်သည်။ ဤအစီအစဉ်သည်အလွန်လှ ပပြီး၊ အနစ်သာရပြည့်၀လှသည်။

အဘယ်ကြောင့်ဆိုသော်သက်ကြီးရွယ်အိုရဟန်းတော်များအားဂရုစိုက်သည့်အစီအစဉ် ဖြစ်သည်။ ၄င်းတို့သည်အသက်အရွယ်ကြီးလာသောကြောင့်ရုပ်ပိုင်းဆိုင်ရာသည်အလွန်ကျိုးပဲ့လွယ်သောအခြေအနေသို့ရှိ နေပြီဖြစ်သည်။ ရဟန်းမင်းကြီးသည်လည်းသက်ကြီးရွယ်အိုနှင့်မကျန်းမမာဖြစ်နေသောရဟန်းတော်များအား ဤအစီအစဉ် ပေးသောကြောင့်စိတ်ချမ်းသာရကြောင်း၊ ကိုဗစ် (၁၉) ကြောင့်ခေတ္တပိတ်ထားသော Caravaggio မယ်တော်ဂူသို့ အဆိုပါရ ဟန်းအိုများသည် ၄င်းတို့၏သာသနာပိုင်ဆရာတော်ကြီးများနှင့် ပျော်ရွှင်စွာဘုရားဖူးသွားခဲ့ကြသည်။

ထိုမယ်တော်ဂူသည် လွန်ဘာဒီခရိုင်၌တည်ရှိပြီး၊ စမ်းရေမယ်တော်ဘွဲ့တော်ကိုပေးထားသည်။ ကျေးဇူးတရား ရဟန်းမင်းကြီးကဘ၀တူညီအစ်ကိုများအား ဘုရားသ ခင်နှင့်အမိသာသာနာအပေါ်ချစ်ခြင်း၌သစ္စာတည်ကြည် သောကြောင့်လည်းကောင်းကျေးဇူးတင်ကြောင်း၊ တိတ်ဆတ်သောအသက်တာဖြင့်ဧ၀ဂေလိအသက်တာကိုကြေငြာနေ သောကြောင့်လည်းကောင်း၊ ၄င်းတို့သည်နက်ဖန်၏သာသနာတော်ကြီးကိုတည်ဆောက်ရန်အတွက်သက်ရှိအမှတ်ရစရာ များဖြစ်သောကြောင့်ကျေးဇူးတင်ပါကြောင်း၊ ရောဂါကပ်ဆိုးကြောင့်လူစုလူ‌ေ၀းနှင့်သွားလာရန်တားမြစ်မူများရှိသော ကြောင့်ကြာမြင့်စွာမနေနိုင်သော်လည်း နေခွင့်ရသောတိုတောင်းသည့်အချိန်သည်လည်းတူညီသောစိတ်ဓာတ်ခွန်အားကို အတူတူပေးစွမ်းကြောင်း၊ ရင်းရင်းနှီးနှီးလာရောက်လည်ပတ်ရန်အခြေအနေမပေးသေး၍ မိမိတို့၏ချစ်သူခင်သူများ၊ ဆွေ မျိုးများနှင့်‌ေ၀းနေရသယောင်၊ မေ့လျော့ခံရသကဲ့သို့ဖြစ်နေကြောင်း၊ ဤသို့ဖြစ်ရခြင်းမှာရောဂါကူးစက်လာမည်စိုးသော ကြောင့်ခေတ္တဟန့်တားထားရခြင်းဖြစ်ကြောင်း၊ လှုပ်လှုပ်ရှားရှားနှင့်တမန်တော်လုပ်ငန်းများ၌ပါ၀င်လုပ်ဆောင်နေသောရ ဟန်းတော်များလည်း ၄င်းတို့၏သက်ကြီးရွယ်အိုရဟန်းတော်များအဘယ်သို့ရင်ဆိုင်ကျော်ဖြတ်နေရသည်ကို၄င်းတို့ကိုယ် တိုင်ကျော်ဖြတ်နေရသည့်အတွေ့အကြုံမှသိနေကြကြောင်းရှင်းပြခဲ့သည်။

သင်ယူစရာသင်ခန်းစာ ရဟန်းမင်းကြီးကလက်ရှိအခြေအနေသည်ကျွန်ုပ်တို့အား နေရာ၊ အချိန်များများယူနေခြင်းထက်ရသလောက်အ ချိန်၊ နေရာ၌အကောင်းဆုံးခံယူကာတွေ့ဆုံအားပေးဖလှယ်ခြင်းသည်အကောင်းဆုံးဖြစ်ပြီး၊ ဤသို့ပြုလုပ်ခြင်းသည်သူတစ် ပါးကိုအားမကိုးဘဲဖာတိဖာသာနေလိုသောပိုးကိုကုသပေးရာရောက်သည်ကိုနားလည်သဘောပေါက်စေကြောင်း၊ ဤသင် ခန်းစာကိုမမေ့မလျော့သင့်ကြောင်း၊ ကျွန်ုပ်တို့ရဟန်းဘ၀သည်အဘယ်မျှသိမ်မွေ့နူးညံ့သနည်းဟုမူ ‘ငွေစစ်သောသူ၏မီး၊ ခ၀ါသည်သုံးသောဆပ်ပြာကဲ့သို့ဖြစ်သည့်အကြောင်း (မာလခိ ၃း၂)၊ ကျွန်ုပ်တို့အားဘုရားသခင်ထံသို့ပင့်မြောက်ပေး ကြောင်း၊ ကျွန်ုပ်တို့အားစစ်ထုတ်သန့်စင်ပေးသည်။ ကျွန်ုပ်တို့သည်‌ေ၀ဒနာကိုမကြောက်။

အဘယ်ကြောင့်ဆိုသော်ယေဇူး သခင်သည်ကျွန်ုပ်တို့နှင့်အတူကားတိုင်တော်ကိုထမ်းလျှက်ရှိ၏ဟုအားပေးဩ၀ါဒချွေပြီးနောက်၊ သက်ကြီးရွယ်အိုဘုန်း တော်ကြီးများ၊ မကျန်းမမာဖြစ်နေသောရဟန်းတော်များအားအမိမယ်တော်ထံအပ်နှံ၍ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပျံလွန်သွား ခဲ့ကြသောရဟန်းတော်များ၏အသက်၀◌ိညာဉ်အတွက်လည်းဆုတောင်းပေးခဲ့သည်။ ထို့အတူကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ နေရပြီး၊ ကုသမူကိုခံယူနေသောဘုန်းတော်ကြီးများအတွက်လည်းသတိရဆုတောင်းပေးခဲ့ကြသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3mAJdmw

Add new comment

16 + 1 =