သက်ကြီးရွယ်အိုများအား ‘အင်နှင့်အားနှင့်ပွေ့ဖက်ခြင်း’ လက်ဆောင်ပေးပို့ကြရန်လူငယ်များအားပုပ်ရဟန်းမင်းကြီး တိုက်တွန်း

သက်ကြီးရွယ်အိုများအား ‘အင်နှင့်အားနှင့်ပွေ့ဖက်ခြင်း’ လက်ဆောင်ပေးပို့ကြရန်လူငယ်များအားပုပ်ရဟန်းမင်းကြီး တိုက်တွန်း

သက်ကြီးရွယ်အိုများအား ‘အင်နှင့်အားနှင့်ပွေ့ဖက်ခြင်း’ လက်ဆောင်ပေးပို့ကြရန်လူငယ်များအားပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပြီးခဲ့သောတနင်္ဂနွေနေ့က သက် ကြီးရွယ်အိုများ၊ အထူးသဖြင့်သက်ကြီးရွယ်အိုများအားပြုစုစောင့်ရှောက်သော ဂေဟာများ၌ရှိနေကြသောသက်ကြီးရွယ်အိုများအား စိတ်ဓာတ်ခွန်အားတက်ကြွစရာစကားများပြေားကြားခြင်းဖြင့် ကို ဗစ် (၁၉) ကြောင့်အမျိုးများပင်လျှင်ယခင်ကကဲ့သို့၀င်ထွက်ခြင်းကိုတင်ကြပ်ထားခဲ့သောရှည်ကြာနေသည့်သူတို့၏အ ထီးကျန်တိတ် ဆိတ်မှုကိုဖြိုခွင့်ပေးကြရန် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကလူငယ်တို့အားတိုက်တွန်းနိုးဆော်ခဲ့သည်။

အဘယ် ကြောင့်ဆိုသော်ပြီးခဲ့သောတနင်္ဂနွေနေ့သည်ဇူလိုင် (၂၆) ရက်ဖြစ်ပြီး၊ အမိသာသနာတော်ကြီးကစိန့်ဂျော်ကင်းမ်းနှင့်စိန့် အဲန်တို့၏ပွဲနေ့ကိုအမှတ်ရကျင်းပသည်။ အဆိုပါသူတော်စင်နှစ်ပါးသည်အမိမယ်တော်၏မိဘနှစ်ပါးဖြစ်ပြီး၊ ယေဇူးသခင် ၏အဖိုးအဖွားများဖြစ်ကြသည်။ ၄င်းတို့အားအမှတ်ရသည့်အနေဖြင့် အထူးသဖြင့်အိမ်များ၊ တိုက်ခန်းများ၊ မိမိတို့၏သားသမီးမြေးမြစ်များနှင့်မတွေ့ရ၊ မဆုံရသည်မှာကြာပြီး၊ အထီးကျန်နေကြသောသက်ကြီးရွယ်အိုများတို့အား ကြင်နာသော အပြုအစုအယုအယများကိုပြသကြရန်၊ ဤသက်ကြီးရွယ်အိုများသည် မိမိတို့နှင့်သွေးမတော်သားမစပ်သူများဖြစ်ကောင်း ဖြစ်မည်ဖြစ်သော်လည်း၄င်းတို့သည်လူငယ်တို့၏အဖိုးအဖွားများဖြစ် ကြောင်း၊ မေ့လျော့မထားရန်၊ သူတို့သည်လူငယ်တို့ ၏အရင်းအမြစ်ဖြစ်ကြောင်း၊ လူငယ်တို့ သည်ချစ်နည်းများကိုဖန်တီးတတ်ကြောင်း၊ ထိုချစ်နည်းများကား ချစ်ခြင်းပြည့်၀စွာပါသောပွေ့ဖက် ခြင်းလက်ဆောင်ကိုပေးပို့ကြရန်၊ ဖုန်းဖြင့်စကားများပြောဆိုခြင်း၊ ဗွီဒီယိုဖုန်းများဖြင့်ခေါ်ဆို၍စကားပြောခြင်း၊ ချစ်ကြောင်း၊ သတိရကြောင်းစာတိုလေးကိုကဒ်ပေါ်တွင်ရေးသားပေးပို့ခြင်း၊ ထိုထက်ပို၍ကြီးမား သောလက်ဆောင်ကား အခြေအနေပေးလျှင် အချိန်ပေး၍ကိုယ် တိုင်ကိုယ်ကျသွားရောက်လည်ပတ်ခြင်းများကိုပြုပေးနိုင်ကြောင်း၊

ယနေ့ (ဇူလိုင် ၂၆) သည် အမိသာသနာတော်ကြီးက စိန့်ဂျော်ကင်းမ်နှင့်စိန့်အဲန်တို့၏ပွဲနေ့ကိုအမှတ် ရကျင်းပ လျှက်ရှိသည်။ ပွဲနေ့ရှင်နှစ်ပါးသည်အမိသာသနာ၏၀တ်ပြုခြင်းပြက္ခဒိန်၌ရာစုနှစ်ပေါင်းများစွာနေရာယူလာခဲ့ကြကြောင်း၊ ဤပွဲနေ့ကျင်းပခြင်းအားဖြင့် အဖိုးအဖွားများအားဩဘာပေးရမည့်နေ့လည်းဖြစ်ကြောင်း၊ ဇစ်မြစ်တစ်ခုနှင့်တွယ်ညှိနေ ခြင်းကားအလွန်အရေးကြီးကြောင်း ‘the blossom of a tree comes from what it has underground’ (အပင်တစ်ပင် ၏အပွင့်များသည်မြေကြီးအတွင်း ၌မြှုပ်နေသောအရာမှလာသည်’ ဟုအာဂျင်တီးနာနိုင်ငံသားကဗျာဆရာတစ်ဦး၏အဆို အမိန့်ကိုကိုးကားမိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် တနင်္ဂနွေနေ့၏ဧဝံဂေလိကျမ်းချက်ကိုကိုးကား၍ယေဇူးသခင်သည်ကျွန်ုပ်တို့အားကောင်းကင်နိုင်ငံ တော်တည်ထောင်ခြင်း၌ပါ၀င်ရန်တိုက်တွန်းနေကြောင်း၊ အဘယ်ကြောင့်ဆိုသော်အလွန်တန်ဖိုးကြီး သောပုလဲကိုတွေ့သောကုန်သည်ကြီးနှင့်ရတနာကိုတွေ့သောကာလုပ်သားကြီးတို့သည် မိမိတို့၌ရှိသမျှကိုရောင်းချပြီး၊ မတွန့်မတို၊ စျေးမစစ်ဘဲလက်ရပိုင်ဆိုင်လိုသည်ကို၀ယ်ယူခဲ့သည်။ ငွေကြေးမရှိတော့၍၊ အိမ်ယာမရှိတော့၍ဟူ၍ တွေးတောပူပင် ခြင်းမဖြစ်ခဲ့။ ထို့ကြောင့်ကောင်းကင်နိုင်ငံတော်တည်ဆောက်ရန်မှာဘုရားသခင်၏ ကျေးဇူးတော်ကိုထမင်းထုပ်၍စောင့် နေရုံဖြင့်မပြီး။ ကိုယ်တိုင်ကိုယ်ကျလည်းတက်ကြွစွာပါ၀င်လုပ်ဆောင်ရန်လိုအပ်သည်။ ကျေးဇူးတော် သည်အရာရာကိုပြု လုပ်သည်မှန်သော်လည်း မိမိနှင့်ဆိုင်သောကြိုးစားအားထုတ်မူအပိုင်းကိုမူ
မိမိကသာလုပ်ဆောင်ရသည်။

ယနေ့လူသားတို့၏ဘ၀သည်ကောင်းသယောင်ယောင်နှင့်ငြီးငွေ့ဖွယ်ရာဖြစ်လာနိုင်သည်။ ဆိုလို သည်မှာလူတို့ သည်ဆန္ဒရှိသော် လည်း အားစိုက်၍ရှာဖွေရယူခြင်းကိုမပြုလိုကြတော့။ မိမိစွဲငြိအားထားသောအရ၌သာယာနေတတ်ကြ သည်။ ထိုထက်ပိုကောင်း၊ ပိုတန်ဖိုးရှိသောအရာကိုလိုက်ရှာရန်အားမစိုက်လိုတော့ပေ။ကောင်းကင် နိုင်ငံတော်ပေးသောရတနာသည် ကမ္ဘာကြီးကပေးသော ပေါ်ပင်အရာများနှင့်ဆန့်ကျင်ဘက်ဖြစ် သည်။ ငြီးငွေ့သောအသက်တာနှင့်ဆန့် ကျင်နေသည်။ ကောင်းကင်နိုင်ငံ တော်ပေးသောရတနာသည် အသက်တာကို ဆန်းသစ်စေသည်။ ပိုမိုကျယ်ပြောသောအ၀န်းအဝိုင်းကိုဖန်တီးစေသည်။ ထိုရတနာကိုအမှန်တကယ်တွေ့ရှိသွားသူ သည်ဖန်တီးတတ်သော၊ တိုးပွားအောင်ပြုလုပ်လိုသောစိတ်ရှိလာသည်။ ထိုတိုးပွားမူသည်ရှိရင်းစွဲကိုသာတိုးပွားလာစေရုံ မကဘဲအသစ်ကိုလည်းဖန်တီးတတ်လာ၊ အစပျိုးတတ်လာသည်။ ထိုအသစ်သောဖန်တီးမူ၊ အစပျိုးမူများအားလုံးသည် ဘုရားသခင်ဆီသို့လည်းကောင်း၊ အခြားသူများဆီသို့လည်းကောင်း၊ မိမိကိုယ်ကိုယ်ကိုလည်းစစ်မှန်သောချစ်ခြင်းဖြင့်ချစ် တတ်လာစေသောလားရာသို့တွန်းပို့ရောက်ရှိစေသည်။

ကျွန်ုပ်တို့အားလုံးအားလည်း ဤဧဝံဂေလိကျမ်းလာသောလူနှစ်ဦး၏ လုပ်ပုံကိုင်ပုံအတိုင်းလုပ်ဆောင်ရန်ဖိတ်ခေါ် နေပါသည်။ သို့မှသာကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သောရတနာကိုမနားအနေရှာဖွေမည့်သူများဖြစ်လာကြပေမည်။ ဤ သို့ပြုလုပ်ခြင်းသည် လောကီထမ်းပိုးများဖြစ်သောသူတစ်ပါး၏ပစ္စည်းများကိုလိုချင်စိတ်၊ အမြတ်ကြီးစားလိုစိတ်၊ အာဏာမက်မောစိတ်၊ မိမိကိုယ်ကျိုးအတွက်သာတွက်ချက်စဉ်းစားသောစိတ်များ ဖြင့်လေးလံနေသည်များကိုပေါ့ပါးဝေးလွှင့်စေမည်။ ကောင်းကင်နိုင်ငံတော်ဆီသို့ဦးတည်နေကြောင်းသိနိုင်သောအမှတ်လက္ခဏာတစ်ခုမှာ ‘တီထွင်ဖန်တီး တတ်ခြင်း’ ဖြစ်သည်။

တီထွင်ဖန်တီးတတ်သူသည် အသက် ကိုမွေးဖွားပေးသည်။ အဘယ်ကြောင့်ဆိုသော်သူသည်ထုတ် ပေးပြီးရင်းထုတ်ပေးလေ့ရှိသည်။ အခြားသောနည်းလမ်းများစွာဖြင့်လည်းပေးကမ်းနိုင်ရန်ဖွေရှာလေ့ရှိသည်။ ယေဇူးသ ခင်သည် ဝှက်ကွယ်နေသော အဖိုးတန်သည့်ရတနာဖြစ်သည်။ ထိုရတနာသည် လောကပျော်ရွှင်မူများ နှောနေ၍ မရ။ အနစ်သာရရှိသောဘ၀၊ သန့်ရှင်းခြင်းရရှိရန်ကြိုးစားအားထုတ်လိုသောစိတ်များဖြင့်သာရရှိပိုင်ဆိုင်နိုင်မည် ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/30Rf60c

Add new comment

4 + 6 =