ဝါတွင်းကာလ ထပ်တူမျှဝေခံစားပေးသည့် ဝါတွင်းလှုပ်ရှားမှုအတွက် ဘရာဇီး ကက်သလစ် အသင်းတော်အား ပုပ်ဖရန်စစ်ချီးမွမ်း

ပြာခံပွဲနေ့ ၀ါ၀င်သည်နှင့်တပြိုင်နက် ဘရာဇီး ကက်သလစ်အသင်းတော်က ထပ်တူမျှ ဝေ ခံစားမှုကို ပြသည့် ၀ါတွင်းလှုပ်ရှားမှု တရပ်ပြုခဲ့ခြင်းကြောင့် အရှင်သူမြတ်ပုပ်ဖရန်စစ်က ဘရာဇီး အသင်းတော်အား ချီးမွမ်းလိုက်တာဖြစ်ပါတယ်။
အထက်ပါ လှုပ်ရှားမှုဟာ ဤ၀ါတွင်း ကာလမှာ ဘာသာ၀င်များအနေဖြင့် ပြောင်းလဲခြင်းနှင့်အတူ အကူအညီ လိုအပ်ဆုံးသူများကို အစေခံကူညီကြရန်အတွက်ဖြစ်ကြောင်း
ဘရာဇီးလူ့မှုအသိုင်းအဝိုင်းတွင် ရင်ဆိုင်နေရသည့် ပြဿနာ အခက်အခဲများအား သတိ ရှိလာစေဘို့ ၁၀ စုနှစ်ကျော်တိုင်အောင် ဘရာဇီးအသင်းတော်က ဒီလှုပ်ရှားမှုကိုလုပ်ဆောင်ခဲ့သည်ဟု ဆိုပါသည်။
ကမ္ဘာအနှံ့ အတိုင်းအတာ အနေနဲ့ ဖြစ်ပျက်နေတဲ့ မသိကျိုးကျွံ ပြု လစ်လျှူရှုခြင်းပြဿနာ ကို ကျော်လွှားနိုင်ကြစေရန်ကိုလဲ အရှင်သူမြတ်က ဘရာဇီးဘာသာဝင်များကို အားပေးတိုက်တွန်းထားတာပါ။ ၀ါတွင်းကာလသည် ထပ်တူမျှ ဝေ ခံစားပေးခြင်းတွေနဲ့ အခိုင်အမာ လက်တွေ့ကျကျ သနားကြင်နာခြင်းပြကာ ပြောင်းလဲကြစေဘို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ အရှင်သူမြတ်က မြွက်ကြားခဲ့ပါတယ်။

#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA

https://www.vaticannews.va/en/pope/news/2020-02/pope-francis-brazil-lent-solidarity-campaign-message.html

Add new comment

5 + 6 =