ဝါတွင်းကာလမှာ တီဗွီ စမတ်ဖုန်းများအစား ဧဝံဂေလိ တရားတော်နှင့်သာ ချိတ်ဆက်ရန် ပုပ်ပရန်စစ် မြွက်ကြား

ဝါတွင်းကာလမှာ တီဗွီ စမတ်ဖုန်းများအစား ဧဝံဂေလိ တရားတော်နှင့်သာ ချိတ်ဆက်ရန် ပုပ်ပရန်စစ် မြွက်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်ဟာ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ဘုရားဖူးလူထု ပရိတ်သတ်နဲ့ တွေ့ဆုံခြင်း ကို Pope Paul VI ခန်းမဆောင်ကြီးမှာ ပြုလုပ်လေးရှိပေမဲ့ ၀ါကြီးဝင်တဲ့ ပြာခံပွဲနေ့ကြီးမှာတော့ အရှင်သူမြတ်က စိန့်ပီတာရင်ပြင်တော်မှာထွက်ကြွလို့ ဘုရားဖူး ပရိတ်သတ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ယခု၀ါတွင်း ကာလ ရက် ၄၀ ဟာ ဘုရားရှင်ရဲ့ နုတ်ကပတ်တော်ကို ထွေးပိုက်နေရာပေးရမဲ့ အချိန်ကာလကောင်းတစ်ခု ဖြစ်တယ်ဆိုတာကို ထောက်ရှုကာ အရှင်သူမြတ်က တရားပေးခဲ့ခြင်းပါ။
ပြာခံပွဲနေ့ စိန့်ပီတာရင်ပြင်တော်ရဲ့ ဘုရားဖူးလူထု ပရိတ်သတ်ဟာ ၁၂၀၀၀ ခန့် ရှိခဲ့ပြီး၊ အရှင်သူမြတ်က ဝါတွင်းကာလဟာ တီဗွီ နဲ့ စမတ်ဖုန်းတွေကို ပိတ်လို့ ကျမ်းစာအုပ်ကို ဖွင့်ကြရမဲ့ အချိန်ကာလ ဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်ခဲ့တာဖြစ်ပါတယ်။
၄င်းရဲ့ အပတ်စဉ်ပြုနေကြ ဘုရားဖူးလူထု ပရိတ်သတ်အား ဘုရားစကား ပို့ချခြင်းကဏ္ဍမှာတော့ အရှင်သူမြတ် မြွက်ကြားတာက ဒီရက် ၄၀ အချိန်ဟာ သခင်ခရစ်တော်ကို ပုံအတုယူပြီး ဆိတ်ငြိမ် တိတ်ဆိတ်တဲ့နရာကို ရှာကြရမဲ့ အချိန်ဖြစ်ကြောင်းနှင့် ဘုရားရှင်ရဲ့ အသံတော်ကို ကောင်းကောင်းကြားနိုင်ပြီး ၄င်းရဲ့ ခေါ်သံကို ကြားဖူးနိုင်မဲ့ အချိန်ဖြစ်ကြောင်း
သဲကန္တာရ အတွေ့အကြုံ တိတ်ဆိတ်တဲ့အတွေ့အကြုံ နေရာအရပ်သာလျှင် တစ်ဉီးတစ်ယာက်ဟာ ဘုရားရှင်ရဲ့ အသံတော်ကို ကြားနိုင်မှာဖြစ်ပြီး ဘုရားရှင်နဲ့ ပေါင်းစပ်ကာ ဘုရားရဲ့ မေတ္တာတော်ကို ခံစားနိုင်မည်ဖြစ်ကြောင်း၊ တိတ်ဆိတ်ခြင်းထဲမှာ တီးတိုးပြောတတ်တဲ့ အဖဘုရားရှင်ကို ဘယ်လိုရှာဖွေရမလဲဆိုတာကို သခင်ခရစ်တော်က သင်ကြားပေးခဲ့ကြောင်း
အကြမ်းဖက်မှုတွေပေါများ၊ နုတ်မစောင့်စည်းတဲ့ပြဿနာတွေ၊ တပါးသူကို ထိခိုက်စော်ကား နာကြင်စေမဲ့ စကား အပြုအမူတွေနဲ့ မငြိမ်သက်နိုင်ပဲ ဆူညံနေတဲ့ ဒီနေ့ အင်တာနက်ခေတ်ကြီးထဲမှာ တိတ်ဆိတ်ခြင်းကို ကျွန်ုပ်တို့ရှာဖွေဘို့ မလွယ်ကူကြောင်း
ဝါတွင်းကာလဟာ စမတ်ဖုန်း တွေကို စွန့်ပီး ဧဝံဂေလိ တရားတော်နဲ့ ချိတ်ဆက်ကြရမဲ့ အချိန်ဖြစ်သည်ဟု ဆိုကာ ၄င်းငယ်စဉ်က မိသားစုမှာ တီဗွီ စမတ်ဖုန်း မရှိပေမဲ့ ရေဒီယိုသာ ရှိတဲ့ အတွက် ဒီဝါတွင်းမှာ ၄င်းတို့ မိသားစု ဟာ ရေဒီယို နားထောင်ခြင်းမပြုလုပ်ရကြောင်းဖြင့် သာဓကပေး မြွက်ကြားခဲ့တာပါ။
သခင်ခရစ်တော်ရဲ့ တိတ်ဆိတ်တဲ့ ကန္တာရ ခရီးစဉ်ကို ကျွန်ုပ်တို့ လိုက်လျှောက်ကြရင်းကျွန်ုပ်တို့ရဲ့ ကန္တာရဟာလည်း ဆိုပြေ စိမ်းလန်းလာမှာဖြစ်တယ်လို့ အရှင်သူမြတ်ပုပ်ဖရန်စစ်က တရားပေးမြွက်ကြားခဲ့သည်ကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

#RVAMyanmarVaticanNews
By Sr.Lucia Thandar Aung,SJA

https://www.vaticannews.va/en/pope/news/2020-02/pope-general-audience-ash-wednesday-catechesis-lent.html

Add new comment

7 + 2 =