ဝါတော် (၄) ဝါရှိသည့် ဗီယက်နမ်ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး အာပတ်ဖြေနားထောင်နေစဉ် လုပ်ကြံခံရ

ဝါတော် (၄) ဝါရှိသည့် ဗီယက်နမ်ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး အာပတ်ဖြေနားထောင်နေစဉ် လုပ်ကြံခံရ

ဝါတော် (၄) ဝါရှိသည့် ဗီယက်နမ်ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး အာပတ်ဖြေနားထောင်နေစဉ် လုပ်ကြံခံရ

ဇန်နဝါရီလ ၂၉ ရက် စနေနေ့က ဗီယက်နမ်နိုင်ငံ Kon Tum သာသနာနယ်မှာ အာပတ်ဖြေနားထောင်နေသည့် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါး လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။

ဗီယက်နမ်နိုင်ငံ၊ Kon Tum  မြို့၊ Dak Mót စီရင်စု၊ ဒိုမီနိကန် အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီး  Father Joseph Tran Ngoc Thanh (Trần Ngọc Thanh), O.P ပျံလွန်ခြင်းအတွက် အသင်းဂိုဏ်းဝင်များနှင့် ဗီယက်နမ်သာသနာမှ ဝမ်းနည်းပူဆွေးနေကြပါတယ်။ လုပ်ကြံခံလိုက်ရတဲ့ ဘုန်းတော်ကြီးလေးဟာ အဆိုပါသာသနာစီရင်စု ရဲ့ သိုးထိန်းတာဝန်ကို မကြာခင်ကမှ လွှဲပြောင်းတာဝန်ယူထားသူဖြစ်တယ်လို့ဆိုပါတယ်။

လုနာ နှစ်သစ်ပွဲအတွက် ဝိညာဉ်ရေးပြင်ဆင်မှုအဖြစ် စီစဉ်ကျင်းပတဲ့ အနေနဲ့ ပြုလုပ်ခြင်းလည်းဖြစ်သည့် စနေနေ့ က မစ္ဆားတရားမတိုင်ခင် အာပတ်ဖြေနားထောင်ပေးနေစဉ်မှာ အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း

အမည်မသိသူ တစ်ဉီးမှ လုပ်ကြံခဲ့ခြင်းဖြစ်ပြီး ကိုရင်တစ်ပါးမှ အမြန်ကာကွယ်ပေးရန် ပြင်ဆင်ရင်း အဆိုပါ ကိုရင်သည်လည်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ဘုရားကျောင်းဝတ်တက်ဘို့ရောက်ရှိနေကြတဲ့ ဘာသာသူတွေလည်း အံ့ဩမှင်သက်နေကြတဲ့အတွက် ဘာမှကူညီချိန်မရလိုက်ကြောင်း ၊ လုပ်ကြံခံရတဲ့ ဘုန်းတော်ကြီးအား ကြိုးစားကယ်ပေမယ့်လည်း ထိုနေ့ည ၁၁း၃၀ နာရီမှာ တော့ပျံလွန်သွားခဲ့တာပါ။

စိတ်ရောဂါဝေဒနာသည် နှင့် လူသတ်သမား ဟုယူဆရသည့် သူအား နယ်ခံရဲများက ဖမ်းဆီးလိုက်ကြောင်း ၊

Kon Tum သာသနာနယ်၏ ဆရာတော်ကြီး Bishop Aloisio Nguyen Hung Vi (Nguyễn Hùng Vị)   က ၃၀ ရက်နေ့ တနဂ်နွေနေ့မှာ Dak Mót သာသနာစီရင်စုမှာပဲ  မစ္ဆားတရားပူဇော်ကာ ဆုတောင်းပေးခဲ့ပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့မှာတော့ ဖာသာရ်ရဲ့ ဈာပနပြုလုပ်ကျင်းပမှာဖြစ်ကြောင်း

Fr. Joseph Thanh, O.P. ဟာ ၁၉၈၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ ဆိုင်ဂွန်း မှာမွေးဖွားခဲ့ပြီး ၂၀၁၀ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ မှာ ဒိုမီနိကန် ကိုရင်သက်န်းခံယူခဲ့ကာ ၂၀၁၈ ဩဂုတ်လ ၄ ရက်နေ့မှာ ရဟန်းသိက္ခာခံယူခဲ့သူ ၊ ဝါတော် ၄ ဝါ နှင့် သက်တော် ၄၁ နှစ် ရှိသူ ဗီယက်နမ်နိုင်ငံသား၊ ဒိုမိနိကန် အသင်းဝင် ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်။

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo credits to the original owner

https://bit.ly/3429beg

Add new comment

2 + 17 =