လှေဖြင့်ထွက်ပြေးလာသူ (၅၂) ဦးသည်မြေထဲပင်လယ်၌ (၄) ရက်ကြာမျောပါနေခဲကြ

လှေဖြင့်ထွက်ပြေးလာသူ (၅၂) ဦးသည်မြေထဲပင်လယ်၌ (၄) ရက်ကြာမျောပါနေခဲကြ

လှေဖြင့်ထွက်ပြေးလာသူ (၅၂) ဦးသည်မြေထဲပင်လယ်၌ (၄) ရက်ကြာမျောပါနေခဲကြ

ရဟန်းမင်းကြီးသည် သူ၏အားလပ်ရက်များမှခေတ္တအချိန်ယူကာအီတလီနိုင်ငံတောင်ပိုင်း၊ စီးစီလီကျွန်းမှ ‘လန် ပေဒူးစာ’ ကျွန်းလေးသို့သွားရောက်ကာမစ္ဆားပူဇော်ခဲ့သည်။ ထိုဒေသသို့လွန်ခဲ့သော (၇) က ရဟန်းမင်း ကြီးအဖြစ်ရွေး ကောက်တင်မြောက်ခံရပြီးနောက် ပထမဦးဆုံးရောမမြို့အပြင်ဖက်သို့တမန်တော်ခရီးကြွချီခဲ့သည့်နေရာလည်းဖြစ်၍ (၇) နှစ်ပြည့်နှစ်ပတ်လည်ကိုမစားပူဇော် ၍ကျင်းပခဲ့သည်။ အကြမ်းဖက်ခံရမူ၊ စစ်ဘေးဒဏ်နှင့်လူကုန်ကူးမူဘေးမှလွတ်ရာ လွတ်ကြောင်းမိမိတို့ဒေသမှထွက်ပြေး ၍ထိုဒေသသို့နှစ်စဉ်ပြောင်းရွေ့လုပ်သားထောင်နှင့်၊ သောင်းနှင့်ချီ၍ရောက်ရှိခိုလှုံ လာကြသည်။

ပုပ်ရဟန်းမင်းကြီးသည် ‘မပူမအေး’ အခြေအနေအကြောင်းကိုအထပ်ထပ်မိန့်ကြားလျှက်ရှိသည်။
ရဟန်းမင်းကြီးက ‘ဟိုးလွန်ခဲ့လသော (၇) နှစ်က ထိုနေ့ကိုသတိရနေပါသည်။ ဥရောပမြောက်ပိုင်းရှိ ကျွန်းလေးတစ် ကျွန်းတွင်ဖြစ်ပါသည်။ ပြောင်းရွေ့ဒုက္ခသည်အချို့ ၄င်းတို့ထိုနေရာသို့ရောက်ရှိရန်အဘယ်မျှဒုက္ခရောက်ခဲ့ကြောင်း ၄င်းတို့ဖြတ်သန်းခဲ့ရသောအဖြစ် အပျက်ကိုပြန်လည်ပြောပြကြရှာသည်။ သူတို့၏ရင်ဖွင့်သံများမှာ ‘ကျွန်ုပ်၏ကျန်းမာရေး သည်မကောင်းပါ။

အခြေအနေသည်ပုံမှန်မဟုတ်။ အလွန်ပင်ပန်းနေပါသည်။ စားစရာလည်းဘာမျှမရှိ’ ဟုဖြစ်ပါသည်။ အမျိုးသား (၄၀) ဦးနှင့်အမျိုးသမီး (၁၂) ဦးတို့သည်အစာရေစာပြတ်လတ်၍ အာဟာရချို့တဲ့ပြီး၊ နွမ်းရိပျော့ခွေကာလှေ ပေါ်၌မျောပါနေခဲ့ရာ ‘မော်တာ’ အစိုးရမှတွေ့ရှိ၍ကယ်တင်ထားခဲ့သည်။ ထိုစကားသံများ၊ ကြေကွဲစရာများကိုဘာသာ ပြန်ပေးသူသည်အသေး စိတ်မဟုတ်သေး။ ချုံငုံ၍သာဘာသာပြန်ပေးခဲ့သော်လည်းပြန်လည်ကြားယောင်သောအခါအ လွန်စိတ်ထိခိုက်ခံစားနေရဆဲဖြစ်နေပါသည်။ ဤအခြေအနေမျိုးသည်လစ်ဗျား၌ထပ်မံဖြစ်ပွားနေပါသည်။

ဤအနိဋာရုံက စစ်သည်ဆိုးရွားကြောင်းသိသော်လည်း အမှန်တကယ်စစ်ဒဏ်၊ ဗုံးသံကြား၌ အသက်ရှင်နေရသူများ၊ ပြေးလွှားထွက်ပြေး နေရသူတို့၏အဖြစ်ကိုကိုယ်တိုင်မကြုံရသေး၍အဘယ်သို့မျှမခံစားတတ်ပါ။ စိတ်ကူး၌လည်းပုံမဖော်နိုင်သေးပါ။ ဤနေ ရာ၌ ရောက်ရှိနေသောသူများအားလုံးသည် တစ်ခုတည်းသောမျှော်လင့် ချက်ဖြင့်ရောက်ရှိလာခဲ့ကြသည်။ ထိုမျှော်လင့် ချက်ကားဤအပြော ကျယ်သောပင်အော်ကြီးကိုလှော် ခတ်ကျော်ဖြတ်ရန်သာဖြစ်သည်။ လှော်ခတ်ကျော်ဖြတ်ပြီးနောက် အခြားတစ်ဖက်၌မည်သို့ဖြစ်လာမည်ကိုမတွေးနိုင်တော့။ တွေးရန်လည်းအချိန်မရတော့ပြီ။’

ရဟန်းမင်းကြီးက သူ၏ဩ၀ါဒထဲ၌ဒုက္ခသည်များအားကူညီစောင့်ရှောက်ရာ၌ ဗာတီကန်မှခန့်အပ်ထားသော ၀န်ထမ်းအချို့၏ရှေ့၌ ‘အခြားသူများနှင့်ဆုံဆည်းခြင်းသည်လည်း ယေဇူးသခင်နှင့်ဆုံဆည်းခြင်းပင်ဖြစ်ကြောင်း၊ ဤသို့ ဖြစ်သည်ကိုသံသယရှိနေပါလျှင် ‘သင်တို့အားငါအမှန်ဆိုသည်ကား အသိမ်ငယ်ဆုံးသောဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦး ကိုသင်တို့ပြုစုခဲ့ကြလျှင် ငါ့ကိုပင်ပြုစုကြပြီ’ ဟုမိန့်မြွတ်သောစကားသည်အတိအလင်းရှိနေပါသည်။ (ရှင်မာတေဦး ၂၅:၄၀) သင်အဘယ်မျှကောင်းမူကိုပြုခဲ့သနည်း။ အကုသိုလ်အမူကိုပြုခဲ့သနည်း။ ဤသတိပေးစကားသည်ယနေ့အခြေ အနေနှင့်အလွန်ဆက် နွယ်နေသည်။ ထိုကျမ်းချက်ကိုလည်းစေ့စပ်သေချာစွာဖတ်ကြားထောက်ရှုပါ။ မိမိ၏ဟိရိဩတ္တပ္ပ စိတ်ကိုလည်းဆန်းစစ်ပါ။

သိန်းသန်းများစွာသောပြောင်းရွေ့ဒုက္ခသည်တို့ဆိုးရွားစွာဖြတ်သန်ကျော်ဖြတ်ခဲ့သောအဖြစ် ဆိုးကိုနှလုံးသွင်းထားပါ။ ဤအခြေအနေသည် (၂၀၂၀) အထိဆက်လက်ဖြစ်ပျက်နေပါသည်’ ဟု ပုပ်ရဟန်းမင်း ကြီးကမိန့်ကြားခဲ့ပြီး၊ ဩ၀ါဒထဲ၌လစ်ဗျားမှထွက်ပြေးတိမ်းရှောင်လာသောစစ်ဘေးဒုက္ခသည်တို့၏ ရင်နစ်ဖွယ်အကြမ်းဖက်မှု၊ ဒုက္ခများအကြောင်းကို လည်းရဟန်းမင်း ကြီးသည်သူ၏ (၇) ပြည့်နှစ်ပတ် လည်မစ္ဆားပူဇော် စဉ်၌ထည့်သွင်းမိန့်ကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2CkPlNd

Add new comment

1 + 17 =