လွိုင်ကော်ရှိ စိန့်ပီတာ ရဟန်းဖြစ်သင်တန်းကျောင်းတွင် စစ်ကောင်စီပစ်ခတ်သဖြင့် စစ်ရှောင်ပြည်သူတစ်ဦးသေဆုံး

လွိုင်ကော်ရှိ စိန့်ပီတာ ရဟန်းဖြစ်သင်တန်းကျောင်းတွင် စစ်ကောင်စီပစ်ခတ်သဖြင့် စစ်ရှောင်ပြည်သူတစ်ဦးသေဆုံး

လွိုင်ကော်ရှိ စိန့်ပီတာ ရဟန်းဖြစ်သင်တန်းကျောင်းတွင် စစ်ကောင်စီပစ်ခတ်သဖြင့် စစ်ရှောင်ပြည်သူတစ်ဦးသေဆုံး

လွိုင်ကော် - မေ ၂၉၊ ၂၀၂၁။

ကယားပြည်နယ် လွိုင်ကော်မြို့နယ် နာနတ်တောရပ်ကွက် စိန်ပီတာရဟန်းဖြစ် သင်တန်းကျောင်း တွင် မေလ ၂၉ ရက် နေ့လယ် ၁ နာရီခန့်က စစ်ကောင်စီမှ ဝင်ရောက်ပစ်ခတ်မှု့ကြောင့် ဒေသခံပြည်သူတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်းသိရှိရသည်။

ရေယိုကျေးရွာ နာနတ်တောရပ်ကွက် ရဟန်းဖြစ် သင်တန်းကျောင်းတွင် စစ်ဘေးတိမ်ရှောင်နေသည့် ဦးဖရေရယ် အသက် ၅၀ နှစ်ခန့် ပြည်သူတစ်ဦး ဦးခေါင်းတွင် ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

“စိန်ပီတာ ရဟန်းဖြစ်သင်တန်းကျောင်း အုတ်တံတိုင်းကျော်ပြီး ဝင်ပစ်တာ အဲ့နေရာကို ကျနော်တို့က ရပ်ကွက်ထဲကပြည်သူ (အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းတွေ) ကို ရွှေ့ထားပီး အဖြူရောင်အလံ၊ သာသနာအလံတွေထောင်ထားတယ် စစ်ဘေးရှောင်နေရာပေါ့ အဲ့တာကို အကြောင်းမဲ့ လာပစ်တာ” ဟုသူကပြောသည်။

နာနတ်တောရပ်ကွက် စိန်ပီတာ ရဟန်းဖြစ်သင်တန်းကျောင်းနှင့် ယင်း၏ မျက်နှာချင်းဆိုင်ရှိ စိန်မာတင် ဘိုးဘွားရိပ်သာတို့တွင် အသက်ကြီး ရွယ်အို၊ မသန်စွမ်း၊ ကလေးနှင့် အမျိုးသမီးများ နေထိုင်သောကြောင့် အလံဖြူ ထောင်ထားသော နေရာဖြစ်သည်။

Source: The 74 Media

Photo: Credit

#RVAMyanmar

#SaveMyanmar #PrayforMyanmar #RestInPeace #RejectMilitaryCoupInMyanmar

Add new comment

1 + 15 =