လွိုင်ကော်ကက်သလစ်သာသနာမှဉီးစီးတည်​ထားသောအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအတွက် အလှူငွေ​လိုအပ်နေ

လွိုင်ကော်ကက်သလစ်သာသနာမှဉီးစီးတည်​ထားသောအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအတွက် အလှူငွေ​လိုအပ်နေ

(16.3.2021) Loikaw

လွိုင်ကော်ကက်သလစ်ခရစ်ယာန်သာသနာမှ ဦးဆောင်ပြီး အရေးပေါ်လူနာကယ်ဆယ်ကုသရေး လုပ်ငန်းများကို နေရာ သုံးနေရာခွဲ၍ အစေခံလုပ်ငန်းများဆောင်ရွက်လျက်ပေးလျှက်ရှိသည်ဟုသိရပါသည်။

အရေးပေါ်အခြေအနေတွင် ဆေးရုံငယ်တစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ရသည့်အတွက် နေ့စဉ်နှင့်အမျှ လူနာများပြားလာသည့်အခါ အခက်အခဲများနှင့်ရင်ဆိုင်နေရသည်ဟုလည်းသိရပါသည်။

ထို့ကြောင့်အရေးပေါ်လူနာကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ရပ်ဝေးရောက်ညီအစ်ကိုမောင်နှမများမှ မိမိတို့တတ်နိုင်သည့်ဘက်မှ အလှူငွေများ

ထည့်ဝင်ပေးကြရန်အတွက် မတ်လ(16)ရက်နေ့က လွိုင်ကော်သလစ်သာသနာ မှ တာဝန်ခံဘုန်းတော်များက စာတစ်စောင်ထုတ်ပြန်၍ ​တ္တောရပ်ခံခဲ့ပါသည်။

photo credit

Add new comment

18 + 0 =