လွတ်လပ်သောဩတ္တပ္ပစိတ်ကိုနေရာမရွေးအစဉ်လေးစားရမည်

လွတ်လပ်သောဩတ္တပ္ပစိတ်ကိုနေရာမရွေးအစဉ်လေးစားရမည်

လွတ်လပ်သောဩတ္တပ္ပစိတ်ကိုနေရာမရွေးအစဉ်လေးစားရမည်

ဇွန်လ (၁၇) ရက်နေ့သည် ‘ဩတ္တပ္ပစိတ်ကိုလေးစားသောနေ့’ ဖြစ်သည်။ ထိုနေ့၌ရဟန်းမင်း ကြီးသည်ပေါ်တူဂီသံအမတ် Aristides de Sousa Mendes ၏အဆိုအမိန့်ကိုကိုးကား၍ဩတ္တပပစိတ်၏ လွတ်လပ်မှုကိုနေရာတိုင်းနှင့်အစဉ်လေးစားသင့်ကြောင်းမိန့်ကြားခဲ့သည်။ ဤနေ့ ဖြစ်ပေါ်လာပုံမှာ လွန်ခဲ့သောနှစ်ပေါင်း (၈၀) ခန့်ကပေါ်တူဂီသံအမတ် Aristides de Sousa Mendes ၏ဘ၀ကိုဂုဏ်ပြု ထားသည်။ သူသည်သူ ၏ဩတ္တပ္ပစိတ်ကိုလိုက်၍မကြောက်မရွံ့လုပ် ဆောင်ခဲ့သောကြောင့်ဂျူးလူမျိုးနှင့် အခြားလူမျိုးပေါင်းထောင်သောင်းကိုညှဉ်းပမ်း နှိမ်စက်သတ် ဖြတ် ခြင်းရန်မှကယ်တင်ပေးနိုင်ခဲ့သည်။ ခရစ်ယာန်တိုင်းသည်ဧဝံဂေလိတရားတော်၏အလင်းပေးမှုအား ဖြင့်ဖြောင့်မတ်သောဩတ္တပ္ပစိတ် ကို ကျင့်ကြံ၍စံပြုထိုက်သူများဖြစ်ကြပါစေဟုတိုက်တွန်းခဲ့သည်။ သံအမတ်၏ဩတ္တပ္ပစိတ်သည်ကက်သလစ်ဘာသာ၀င်တစ်ဦး၏ ယုံကြည်ခြင်း၌ အမြစ်တွယ်နေသည်။ ထိုစိတ်ကြောင့် အမှန်တရားနှင့်ဆန့်ကျင်သောအထက်အမိန့်ကိုမနာခံဘဲအကူအညီလိုအပ်သူများကိုကူညီခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလ၌သံအမတ်သည်သူ၏ဩတ္တပ္ပစိတ်ကိုနာခံ၍အထက်အမိန့်ကိုမနာခံသောကြောင့်အရေးယူခံရမည်ကိုသိသည်။ သူ၏လုပ် ဆောင်ချက်ကားနိုင်ငံသား၊ ဘာသာ၊ လူမျိုး၊ နိုင်ငံရေးခံယူချက် များကိုမမှုဘဲအားလုံးကိုဗီဇာထုတ်ပေးခဲ့သည်။ သူ၏လူဆန်ပြီး၊ ရဲရင့်သောလုပ်ရပ်ကြောင့်သူ၏အလုပ် တာ၀န်မှဖြုတ်ခံလိုက်ရသည်။ မည်သည့်အလုပ်မျှလုပ်ခွင့်မရတော့ပေ။ သားသမီးများသည်လည်းလစာရသည့်အလုပ် များလုပ်ကိုင်ခွင့်မပြုဘဲပိတ်ပင်ခံခဲ့ရသည်။ ကျန်ရှိသောသူ၏ဘ၀ တစ် လျှောက်၌ပေါ်တူဂီ အစိုးရ၏ဖိနှိပ်မူကိုခံရင်းနာမည် ကောင်းကျန်ရစ်အောင် ရှင်သန်ခဲ့သည်။ သူသည် (၁၉၅၄၊ ဧပြီ ၃) ရက် နေ့၊ လစ်ဘွန်ရှိဖရန်စစွကင်ဆေးရုံ၌ကွယ်လွန်ခဲ့သည်။ သူသည်နောက်ဆုံးအချိန်အထိသူ၏လုပ် ဆောင် မှုသည်အပြစ်မဲ့သောလူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့သည်ကိုသိ၍ ကျေနပ်နေခဲ့သည်။ ‘အ ကယ်၍ချစ်ခြင်းမေတ္တာသာမရှိလျှင် ဤကြီးမြတ်သောအမှုကိုကျွန်ုပ်ပြုလုပ်နိုင်မည်မဟုတ်’ ဟုပြောခဲ့ သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2YgjlCv

Add new comment

6 + 1 =