လွတ်လပ်ရေးနေ့၌ဆိုးယုတ်နေသောလူမူအသိုင်းအ ကြောင်းကိုပြောကြားလိုက်သည့်အင်ဒိုနီးရှားကာဒီနယ်

လွတ်လပ်ရေးနေ့၌ဆိုးယုတ်နေသောလူမူအသိုင်းအ ကြောင်းကိုပြောကြားလိုက်သည့်အင်ဒိုနီးရှားကာဒီနယ်

လွတ်လပ်ရေးနေ့၌ဆိုးယုတ်နေသောလူမူအသိုင်းအ ကြောင်းကိုပြောကြားလိုက်သည့်အင်ဒိုနီးရှားကာဒီနယ်

ကာဒီနယ် Ignatius Suharyo Hardjoatmodjo အင်ဒိုနီးရှားနိုင်ငံ၊ ဂျက်ကာတာမှဂိုဏ်းချုပ်သာသနာမှဖြစ်သည်။ သူသည်အင်ဒိုနီးရှားနိုင်ငံသားများအား အကျင့်ပျက်ခြစားမူ၊ အကြမ်း ဖက်မူ၊ ရာသီဥတုပူနွေးလာမူကိုလျော့ရေး စသည့်အ ရေးများကိုလက်ရှောင်မနေဘဲ၀ိုင်း၀န်းတိုက်ဖျက်ရန် နိုင်ငံ၏ လွှတ်လပ်ရေးနေ့ဖြစ်သော ဩဂုတ်လ (၁၇) ရက်နေ့က တိုက်တွန်းခဲ့သည်။ သို့သော်အရှေ့တောင်အာရှ၌ကိုဗစ်ရောဂါကြောင့်ပွဲလန်းသဘင်များကိုအကျဉ်းချုံးသာကျင်းပရန်သတ် မှတ်ထားသည်။

အကျင့်ပျက်ခြစားမူ၊ အကြမ်း ဖက်မူနှင့်သဘာ၀၀န်းကျင်ဖျက်ဆီးမူ

ဤတိုက်တွန်းနိုးဆော်ချက်ကိုလည်း ဗွီဒီယိုမှတဆင့်နိုင်ငံ၏ စည်းလုံးခြင်း၊ အာဏာစက်တည်တံ့ခြင်း၊ တရားမျှတ ခြင်း၊ စည်ပင်၀ ပြောခြင်းများရှိစေရန်မှာနိုင်ငံသားတိုင်းနှင့်ဆိုင်ကြောင်း၊ ဤတစ်မျိုးသားလုံး၏အကျိုးစီးပွားသည်ယနေ့အ ကျင့်ပျက်ခြစားမူ၊ အကြမ်းဖက်မူ၊ ၀န်းကျင်ဖျက်ဆီးမူများကြောင့်ထိတ် လန့်ဖွယ်ခြိမ်းခြောက်ခံနေရကြောင်း၊ အင်ဒိုနီးရှား နိုင်ငံသည်ကျင့်ပျက်ခြစားမူ၊ ပါပူးပေါင်းမှု၌မငြိမ်မသက်ဖြစ် ပွားမူ၊ ဘာသာရေးအစွန်း ရောက်တို့၏ အကြမ်းဖက်မူကျိန်စာသည် အမြင့်ဆုံးအမှတ် ကိုရောက်ရှိနေကြောင်း၊ လက်တလော၌မုတ်သုန်တောများဖျက်ဆီးနေခြင်း၊ စိုက်ပျိုးရေးမှစွန့်ပစ်အမှိုက် များ၊ ပလပ်စတစ်မီးရှို့မူတို့ကြောင့်လေထုညစ်ညမ်းခြင်းများကိုဖြစ်ပွားရခြင်း စသောနှစ်စဉ်ဖြစ်ပျက်နေသည့်လူမူရေးနယ်ပယ်၏ အကျည်း တန်မူများကိုမီးမောင်းထိုးပြောကြားခဲ့သည်။

အများကောင်းကျိုးအတွက်လုပ်ဆောင်စို့။

ဆက်လက်၍ လွှတ်လပ်ရေးနေ့ကိုကျင်းပခြင်းသည် အမှတ်ရကျင်းပရုံမျှသာမဖြစ်ရန်၊ တာ၀န်ယူမူရှိရမည်ဖြစ် ကြောင်း၊ ထိုတာ၀န်ယူမူမှာအများကောင်းကျိုးအတွက်တည် ဆောက်ရမည်ဖြစ် ကြောင်း၊ ကိုဗစ်ကြောင့်ကြုံတွေ့နေသော အကြပ်အတည်းနှင့်ပတ်သက်၍လည်း သက်တော် (၇၀) ရှိပြီဖြစ်သောကာဒီနယ်က ကက်သလစ်အသင်းအဖွဲ့များ၊ သာသ နာအုပ်စုငယ်များ၊ အခြေခံအဖွဲ့အစည်းများအနေဖြင့်လည်း တရားမျှတခြင်း၊ မိသားစုစံတန်ဖိုးကိုမြှင့်တင်လုပ်ဆောင်ရမည် ဟုတိုက်တွန်းခဲ့သည်။ ကာဒီနယ်၏ ထောက်ပြပြောဆိုချက်များကိုအင်ဒိုနီးရှားပညာရှင်များအဖွဲ့နှစ်ဖွဲ့ကလည်းထောက်ခံခဲ့ သည်။ ၄င်းတို့ကလည်း ကာဒီနယ်ထောက်ပြခဲ့သောအချက်များကို လုပ်ဆောင်ခြင်းဖြင့် နိုင်ငံ တော်အတွက်စိန်ခေါ်မူကို ကျော်လွှားနိုင်အောင်လုပ် ဆောင်ပေးခြင်းသည် နိုင်ငံ သားကောင်းတိုင်း၏တာ၀န်တစ်ခုဖြစ်သည်ဟုဆိုပါသည်။

ဂျက်ကာတာ၌ဖွင့်လှစ်ထားသော ဒဿနိကဗေဒဌာန၌ စာချသော ဂျက်ဆွီဖာသာရ် Francis Xavier Mudji Sutrisno ကလည်း ကာဒီနယ်ထောက်ပြသွားသောလူမူရေးကပ်ဆိုးကြီးသုံးခုသည်အစိုးရအနေဖြင့်ဦးစားပေးလုပ်ဆောင် သင့်လှသောအချက်ဖြစ်သည်။ ဤအချက်များကိုပြန်လည်တည့်မတ်လုပ်ဆောင်နိုင်ရန်ဥပဒေများကိုလည်းတင်ကြပ်ပြီး၊ အကျင့်ပျက်ခြစားမူ၊ အကြမ်းဖက်ခြင်း၊ ပတ်၀န်းကျင်ဖျက်ဆီးခြင်းများကိုကိုင်တွယ်ဖြေရှင်သင့်ကြောင်း၊ အကယ်၍ ဥပဒေ သည်လျော့ရဲနေပြီး၊ လက်တစ်လုံးကြားလုပ်စားခွင့်ပြုနေမည်ဆိုလျင်ဤပြ ဿနာသည်ပြီးဆုံးမည်မ ဟုတ်။ ယခုကဲ့သို့ဖြစ်ရ သည် မှာလည်း အင်ဒိုနီးရှားနိုင်ငံ ရေးသမားများကြား၌ ကိုယ်ကျင့် တရား၊ သမာဓိများမဲ့နေခြင်းကြောင့်ဖြစ်ကြောင်း၊ ခိုင်မာ ကျစ်လစ်ပြီး၊ ဥပဒေနှင့်မညီသောအမူများ၌ထိရောက်စွာအရေးယူမူမရှိသောဒီမိုကရေစီစနစ်သည် အကြမ်း ဖက်မူ၊ ခြစားမူ၊ သဘာ ၀ပတ် ၀န်းကိုဆက်လက်ဖျက်ဆီးရန်အခွင့်အရေးကောင်းများဖန်တီးပေးနေဦးမည်ဖြစ် ကြောင်း၊ ထို့ ကြောင့်နိုင်ငံ သား တိုင်း၏အတ္တ၊ ကိုယ် ကျိုးများကိုခါ၀ချ၍အတူလက်တွဲလုပ်ဆောင်ခြင်းဖြင့်ပိုမိုကောင်းမွန်သောလူမူအသိုင်းအဝိုင်းကို တည် ဆောက်ရန်ထပ်လောင်းနိုးဆော်ထားပါသည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3iNppd0

Add new comment

1 + 2 =